မင်္ဂလာဒုံမှာ ယာဥ်တိုက်မှု(၂)ခုဖြစ်ပြီး အသက် ၉ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အမျိုးသမီး၁ဦးသေဆုံးကာ အမျိုးသား ၅ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၄ – ၂၀၂၃
GG(VOM)

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်မှာ ယာဥ်တိုက်မှု (၂)ခုဖြစ်ပွားပြီး ကလေးငယ် ၁ ဦးနဲ့အမျိုးသမီး ၁ ဦးသေဆုံးကာ နောက်ထပ် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

” ညက ကားသုံးစီးဆင့်တိုက်မှုမှာ ၉နှစ်အရွယ်ကလေး ၁ယောက်သေတယ်၊ဒိုင်နာက လိုက်ထရပ်ကိုအရင်တိုက်တယ်၊လိုက်ထရပ်ကမှ ဟိုက်ဂျက်ကိုထပ်တိုက်တာ၊အဲ့ဒီမှာလိုက်ထရပ်ပေါ် ၉နှစ်အရွယ်ကောင်မလေးရယ်၊သူ့အဖေရယ်ဝန်ထမ်းထဲက သမီးလေးကတိုက်တဲ့အရှိန်ကြောင့်နေရာမှာပဲသေတယ်။သူ့အဖေအပါ ၄ယောက်ဒဏ်ရာရတယ်၊အခုမနက် ယာဥ်တိုက်မှုမှာက ဆိုင်ကယ် ကယ်ရီငှားစီးတဲ့အမျိုးသမီးသေတယ်၊မောင်းတဲ့ဦးလေး ဒဏ်ရာရတယ်။ ” လို့ မင်္ဂလာဒုံပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ၄ ရက် မနက် ၇ နာရီလောက်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဆိုင်ကယ်နဲ့ဆီ​ဘောက်ဆာကား တိုက်မိပြီး ဆိုင်ကယ်ပေါ် စီးလာတဲ့အမျိုးသမီး နေရာမှာတင်သေဆုံးခဲ့ပြီး မောင်းနှင်သူအသက်ကြီးပိုင်းအမျိုးသားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ယာဥ်တိုက်မှုက မနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ည ၉ နာရီလောက်မှာ ဒိုင်နာ၊လိုက်ထရပ်၊ဟိုက်ဂျက် ကားတို့ ၃စီး ဆင့်တိုက်မှုဖြစ်ပြီး လိုက်ထရပ်ကားပေါ်ပါလားတဲ့ အသက် ၉နှစ်အရွယ်ကလေးနေရာမှာတင်သေဆုံးခဲ့ကာ သူ့ရဲ့ဖခင်နဲ့ ကားပေါ်အတူပါဝန်ထမ်းတဦး လည်းဒဏ်ရာရရှိခဲ့သလို နောက်ထပ်ကား၂စီးပေါ်က အမျိုးသား၂ယောက်လည်းဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှု၂ခုလုံးက ထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးကို မြောက်ဥက္ကလာ မေဓာဝီဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ယာဥ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW