တရုတ်သူလျှိုမိုးပျံပူပေါင်းကြောင့် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးရဲ့ တရုတ်ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံအပေါ်ကို တရုတ်နိုင်ငံရဲ့ သူလျှိုမိုးပျံပူပေါင်းဖြတ်သန်းပျံသန်းတဲ့ကိစ္စဟာ လုံး၀လက်ခံဖွယ်မရှိဘဲ တာ၀န်မဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။ ဒီကိစ္စကြောင့် နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က သူ့ရဲ့တရုတ်နိုင်ငံခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီမိုးပျံပူပေါင်းဟာ ရာသီဥတုစောင့်ကြည့်ရေးအတွက် ဖြစ်တယ်လို့ တရုတ်ဘက်ကပြောဆိုထားပါတယ်။ သောကြာနေ့နှောင်းပိုင်းမှာတော့ လက်တင်အမေရိကဒေသမှာ ဖြတ်ပျံနေတဲ့ ဒုတိယမြောက် တရုတ်သူလျှိုမိုးပျံပူပေါင်းကို တွေ့ရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ အခုလိုလုပ်ရပ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ လက်တင်အမေရိကကို ဖြတ်သွားနေတဲ့ မိုးပျံပူပေါင်းတလုံး သတင်းကို သိထားရပြီး ဒါဟာနောက်ထပ် တရုတ်သူလျှိုမိုးပျံပူပေါင်းတခုလို့ အကဲဖြတ်ကြောင်း ပင်တဂွန်ကပြောပါတယ်။ တရုတ်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ ဒေသတွင်းလုံခြုံရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်တို့မှာ တရုတ်နိုင်ငံသွားဖို့ စီစဉ်ထားပါတယ်။ Ref: BBC Photo:Getty…

Read More

မွန်ပြည်နယ်မှာ ထောင်ထားတဲ့ မိုင်း နင်းမိလို့ (၁)လအတွင်း လူ ၁၆ ဦး သေဆုံးခဲ့

ဖေဖော်ဝါရီ ၄-၂၀၂၃ MM(VOM) မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲတာကြောင့် ဒေသခံ ၁၆ ယောက်ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ ”ဘယ်အဖွဲ့တွေက ထောင်ထားတာလည်းတော့ မသိဘူး ၊ မိုင်းထိလို့ တလအတွင်းမှာ ဒေသခံ ၁၆ ယောက် သေဆုံးခဲ့ရတယ် ၊ ဒါက ကိုယ်ကူညီပြီး ကိုယ်လက်လှမ်း မီသလောက်ပြုစုထားတဲ့ စာရင်းတွေအရပြောတာ ၊တကယ့်မြေပြင်မှာ အခုထက် များချင်များမှာပေါ့၊ လယ်ယာလုပ်ငန်း လုပ်ဖို့ သွားတဲ့အချိန် ၊ ထင်းခွေဖို့သွားတဲ့အချိန်တွေမှာ ထိမှန်သေဆုံးတာများတယ်။”လို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။ မိုင်းထိမှန်လို့ သေဆုံးတွေထဲမှာ အမျိုးသား ၁၁ ယောက် နဲ့ အမျိုးသမီးက ၅ ယောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ပထမ အပတ်မှာ ၇ ယောက် ၊…

Read More

ထိုင်၀မ်ကိုတိုက်ခိုက်ရေးအတွက် တရုတ်စစ်တပ်ကိုအသင့်ပြင်ထားဖို့ ရှီကျင်းပင် အမိန့်ပေးထားကြောင်း စီအိုင်အေအကြီးအကဲပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၃ မျိုးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ ထိုင်၀မ်ကို ၂၀၂၇ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်ဖို့အတွက် အသင့်ရှိနေရန် တရုတ်စစ်တပ်ကို အမိန့်ပေးထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ( စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အခုလို တရုတ်စစ်တပ်ကို အမိန့်ပေးထားခြင်းအပေါ် အမေရိကန်က ထောက်လှမ်းရေးသတင်းအရ သိရှိခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီရှိ ဂျော့တောင်းတက္ကသိုလ်မှာပြုလုပ်တဲ့ အခမ်းအနားတခုမှာ စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်ကပြောပါတယ်။ ဒါဟာ တရုတ်သမ္မတအနေနဲ့ ၂၀၂၇ ခုနှစ်မှာ ထိုင်၀မ်ကိုကျူးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ မဆိုလိုကြောင်း၊ သို့သော် ထိုင်၀မ်ကို သိမ်းပိုက်ရေးရည်မှန်းချက်အပေါ် တရုတ်သမ္မတက အလေးအနက်ထား အာရုံစိုက်ထားကြောင်း သတိပေးချက်ဖြစ်တယ်လို့ သူကပြောပါတယ်။ ထိုင်၀မ်အပေါ် တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုဟာ လာမယ့် ခြောက်နှစ်အတွင်း သိသာထင်ရှားစွာ ဖြစ်ပေါ်လာလိမ့်မယ်လို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် တပ်မှူးဟောင်း ဖိလစ်ဒေးဗစ်ဆန်ကလည်း ၂၀၂၁ ခုနှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ရှီကျင်းပင်ဟာ…

Read More

ပုလောမှာ နေအိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ အိမ်ပေါ်မှာ အိပ်နေတဲ့ အမျိုးသမီးတဦးသေဆုံး

ဖေဖော်ဝါရီ ၄-၂၀၂၃ MM(VOM) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တန်းရှင်းရွာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်ပေါ်မှာ အိပ်နေတဲ့အမျိုးသမီး(၁)ယောက်သေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေသိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက်(၅၅)နှစ်အရွယ် ဒေါ်သန်းသန်းမွန်ဆိုသူဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၃ ရက် ညအချိန်က သူရဲ့နေအိမ်ပေါ်မှာအိပ်နေတဲ့အချိန် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် နံကြားဒဏ်ရာ၊ လည်ပင်းထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံ ပရဟိအဖွဲ့ဝင် တယောက်က ပြောပါတယ်။ ”မနေ့က ညဘက် အိပ်နေတဲ့အချိန်ဖြစ်တာ ဟုတ်တယ်၊ အိမ်ပေါ်ကိုကျတာ ၊ အခြားသူတွေတော့ ဘာမှမဖြစ်ဖူး အဲ့ဒီအမျိုးသမီးတဦးပဲ သေဆုံးသွားတာ ၊ အရပ်သားတွေ အခုလို သေဆုံးတာက ဘယ်အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်ပဲဖြစ်ဖြစ် မဖြစ်သင့်ဘူးလို့ ယူဆတယ် ၊ ဒါက မသေသင့်ဘဲ သေရတာမျိုးလေ။”လို့ သူက ဆက်ပြောပါတယ်။ အဲ့ဒီ လက်နက်ကြီးကျည်ကျရောက်တဲ့ ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ရွာအစပ်မှာတော့ တိုက်ပွဲတွေ…

Read More

မင်္ဂလာဒုံမှာ ယာဥ်တိုက်မှု(၂)ခုဖြစ်ပြီး အသက် ၉ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အမျိုးသမီး၁ဦးသေဆုံးကာ အမျိုးသား ၅ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၄ – ၂၀၂၃ GG(VOM) ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်မှာ ယာဥ်တိုက်မှု (၂)ခုဖြစ်ပွားပြီး ကလေးငယ် ၁ ဦးနဲ့အမျိုးသမီး ၁ ဦးသေဆုံးကာ နောက်ထပ် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” ညက ကားသုံးစီးဆင့်တိုက်မှုမှာ ၉နှစ်အရွယ်ကလေး ၁ယောက်သေတယ်၊ဒိုင်နာက လိုက်ထရပ်ကိုအရင်တိုက်တယ်၊လိုက်ထရပ်ကမှ ဟိုက်ဂျက်ကိုထပ်တိုက်တာ၊အဲ့ဒီမှာလိုက်ထရပ်ပေါ် ၉နှစ်အရွယ်ကောင်မလေးရယ်၊သူ့အဖေရယ်ဝန်ထမ်းထဲက သမီးလေးကတိုက်တဲ့အရှိန်ကြောင့်နေရာမှာပဲသေတယ်။သူ့အဖေအပါ ၄ယောက်ဒဏ်ရာရတယ်၊အခုမနက် ယာဥ်တိုက်မှုမှာက ဆိုင်ကယ် ကယ်ရီငှားစီးတဲ့အမျိုးသမီးသေတယ်၊မောင်းတဲ့ဦးလေး ဒဏ်ရာရတယ်။ ” လို့ မင်္ဂလာဒုံပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ၄ ရက် မနက် ၇ နာရီလောက်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဆိုင်ကယ်နဲ့ဆီ​ဘောက်ဆာကား တိုက်မိပြီး ဆိုင်ကယ်ပေါ် စီးလာတဲ့အမျိုးသမီး နေရာမှာတင်သေဆုံးခဲ့ပြီး မောင်းနှင်သူအသက်ကြီးပိုင်းအမျိုးသားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ယာဥ်တိုက်မှုက မနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ည ၉ နာရီလောက်မှာ…

Read More

လူဦးရေစာရင်းကောက်ဖို့ကျန်တဲ့ ဒေသတွေကို လုံခြုံရေးထပ်တိုးပြီး ကောက်ယူမယ်လို့ သိရ

ဖေဖော်ဝါရီ ၄ -၂၀၂၃ GG(VOM) ရွေးကောက်ပွဲအတွက် အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှု ၁၃.၅ သန်းကျော်ပြီးစီးသွားပြီလို့ သိရပြီး နောက်ထပ် ကောက်ယူဖို့အတွက် အိမ်ထောင်စုလူဦးရေစာရင်းက အိမ်ထောင်စု တစ်သန်း ခုနှစ်သိန်းကျော်ကျန်သေးတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။ အဲ့ဒီလို ကျန်ရှိနေတဲ့စာရင်းတွေကို ကောက်ယူဖို့အတွက် လုံခြုံရေးအင်အားတိုးမြှင်ပြီး ကောက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ “စာရင်း ကောက်ယူဖို့ ကျန်တဲ့နေရာတွေကို လိုအပ်တဲ့လုံခြုံရေးနဲ အုပ်ချုပ်ရေးဆိုင်ရာအပိုင်းတွေဖြည့်ပြီး ကွင်းဆင်းကောက်ယူဖို့ပြောပါတယ်၊ တနိုင်ငံလုံးအတိုင်းအတာ လူဦးရေစာရင်းထုတ်ပြန်နိုင်ဖို့အတွက် စာရင်းကောက်ရမယ့် နည်းလမ်းမျိုးစုံသုံးပြီး ကောက်ယူဖို့ ညွှန်ကြားထားပါတယ်”လို့ လ.ဝ.က မှတာဝန်ရှိသူတဦးက ပြောပါတယ်။ မဲပေးဖို့ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူလူဦးရေစာရင်းကို လာမယ့် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။ ” ကျနော်တို့ရွာဘက်ကတော့ ကောက်ပြီးပြီ၊တအိမ်တဆင်းကောက်တာတော့မှန်တယ် ဒါပေမယ့် လူအသစ်ထပ်တိုးတာပဲကောက်တာ၊ကျန်တဲ့စာရင်းက မကောက်ဘူး ၊ အရင်ရွေးကောက်ပွဲတုန်းက စာရင်းရှိတယ်၊ ရွာဆိုတော့ အကုန်သိနေတယ်လေ၊ ဒါကြောင့်ပါ”လို့…

Read More

ကသာမြို့နယ်ကနေ စုန်ဆင်းလာတဲ့ ရေယာဥ် ၂ စီး ဝက်လက်မြို့နယ်မှာ ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၄ -၂၀၂၃ SP( VOM) စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက်ကို စုန်ဆင်းလာတဲ့ ရေယာဥ် (မော်တော်)၂ စီးဟာ မနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ဝက်လက်မြို့နယ် ၊ ရှိမ္မကားကျေးရွာနားမှာ အမည်မသိလက်နက်ကိုင်တွေက ယူဆောင်သွားတယ်လို့ စစ်ကိုင်းတိုင်း ရေယာဥ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက)ရုံးအဖွဲ့ဆီက သိရပါတယ်။ “ဓားပြတိုက် လုယူခံရတဲ့ ရေယာဥ် ၂ စီးက ၊ ကသာမြို့နယ် ၊ ပုလွေကျေးရွာ ဆိပ်ကမ်းကနေ ထွက်လာတဲ့ ရေယာဥ် ၂ စီးဖြစ်တယ် ၊ ရေယာဥ်ပေါ်မှာ ရာသီပေါ် ကောက်ပဲသီးနှံတွေပါတယ် ၊ မနေ့ကည ၇ နာရီ ဝန်းကျင်မှာ ဝက်လက်မြို့နယ် ၊ ရှိမ္မကားကျေးရွာနားက ဆိပ်ကမ်းမှာ ညအိပ်ရပ်နားဖို့ ဆိုက်ကပ်တဲ့အခါ အမည်မသိ…

Read More

မုံရွာခရိုင်မှာ ၁ လအတွင်း လူ ၂၀ ကျော် ပျောက်ဆုံးခဲ့

ဖေဖော်ဝါရီ ၄ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်ထဲက မြို့နယ် ၄ ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာ ကာလအတွင်းမှာ လူ ၂၀ ကျော် ပျောက်ဆုံးနေပြီး ၊ အဲ့ဒီ လူတွေထဲက တချို့ဟာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ လူပျောက် မိသားစုအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ ” အမည်မသိ လက်နက်ကိုင်အဖွဲ့က နေအိမ်တွေထဲ ဝင်ဖမ်းတာတွေရှိသလို ၊ လမ်းသွားလမ်းလာရင်းနဲ့ ဖမ်းသွားတာတွေလည်းရှိတယ် ၊ မုံရွာမြို့ အေးသာယာရပ်ကွက်ထဲက တွဲဘက်မြို့နယ်တရားသူကြီးရဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပြီး တရားသူကြီးကို ဖမ်းတယ် ၊ တရားသူကြီးက အိမ်မှာ မရှိတော့ တရားသူကြီးရဲ့ ညီမ ကထိက ဖြစ်သူကို…

Read More

ပြည်ပထွက်ဖို့ အခက်ကြုံနေတဲ့ မြန်မာလူငယ်‌တွေ

ဖေဖော်ဝါရီ ၄ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ်ကာလအလွန် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီမှာ အလုပ် လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာလူငယ်တွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား၊ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေ၊ UAE ဒူဘိုင်းစတဲ့ အာရပ်စော်ဘွားနိုင်ငံတွေကို ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဒုနဲ့ဒေးဆိုသလို သွားရောက်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုကာလမှာ ပြည်တွင်းမှာရှိတဲ့ ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ဆိုတာက မြန်မာလူငယ်တွေအတွက် အတော်လေးကို ခက်ခဲလာတယ်လို့ ပြောရမှာပါ။ ဒီလို ပတ်စ်ပို့ရုံးတွေကို ပိတ်ထားတဲ့အတွက် ပတ်စ်ပို့စာအုပ်လုပ်မရလို့ EPSစနစ်နဲ့ ကိုးရီးယားသွားမယ့် အလုပ်သမားတွေ အခက်တွေ့ ဒုက္ခရောက်နေကြရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကိုးရီးယား-မြန်မာ လုပ်သားခေါ်ယူမှု EPS စနစ်နဲ့ အောင်မြင်သူဦးရေဟာ…

Read More

ဆောင်းတွင်းကာလ အဉ္စနမြစ်နဒီ လေးမြို့ချောင်းဒေသသို့

ဖေဖော်ဝါရီ ၄- ၂၀၂၃ SW(VOM) စစ်ရဲ့အငွေ့အသက်ဒဏ်တွေကို ခံစားနေရတဲ့ ရခိုင်ပြည်သူတို့အဖို့ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေ၊ ပြည်သူတွေအသက်ဆုံးရှုံးရမှုတွေ၊ ဆင်းရဲနွမ်းပါးမှုဒဏ်တွေနဲ့ မပြေလည်တဲ့ဘဝအခြေအနေတွေကြောင့် စိတ်မကြည်လင်မှုတွေ၊ ဝမ်းနည်းဖွယ်ရာတွေကို ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လလောက်မှာ ရခိုင်တကျော့ပြန် စစ်ရေးပဋိပက္ခတွေဟာ တစတစနဲ့ ပြင်းထန်လာချိန် စက်တင်ဘာလလောက်မှာတော့ ပြည်နယ်အတွင်း ခရီးသွားလာမှုတွေပိတ်ပင်ခံလိုက်ရချိန် ပြည်သူတွေရဲ့ စိတ်ထဲမှာ လှောင်ပိတ်ခံထားရသလို ခံစားရတဲ့ ကာလအဖြစ် မှတ်ယူကြပါတယ်။ အဲဒီလိုနဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်အရောက်မှာ တပ်နဲ့ အေအေတို့ကြား တကျော့ပြန်စစ်ရေးပဋိပက္ခကြီးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်ရပ်လိုက်ကြောင်း ကြေညာလိုက်ပြီး ရက်ပိုင်းအကြာမှာတော့ လမ်းခရီးတွေအားလုံးပြန်လည်ဖွင့်ပေးလိုက်ပါတယ်။ တပ်နဲ့ အေအေတို့ အပစ်ရပ်လိုက်တာဟာ အများပြည်သူတွေ အပန်းဖြေခရီးထွက်ကြတဲ့ ဒီဇင်ဘာအားလပ်ရပ်ကာလနဲ့ အချိန်ကိုက်ဖြစ်သွားတာကြောင့် ပြည်နယ်တွင်း ခရီးသွားလာမှုတွေ ရှိလာပါတယ်။ အဲဒီလို ခရီးသွားလာကြတဲ့အထဲမှာတော့ ရခိုင်ပြည်နယ်လို လည်ပတ်စရာနေရာတွေအများအပြားရှိတဲ့ အထဲကမှ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခက်ခဲခဲသွားလာရတဲ့ လေးမြို့ချောင်းဒေသဟာ ခရီးသွားတွေရဲ့ အာရုံစိုက်မှုအရှိဆုံးလို့…

Read More
VOM News

FREE
VIEW