ကသာမြို့နယ်ကနေ စုန်ဆင်းလာတဲ့ ရေယာဥ် ၂ စီး ဝက်လက်မြို့နယ်မှာ ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၄ -၂၀၂၃
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက်ကို စုန်ဆင်းလာတဲ့ ရေယာဥ် (မော်တော်)၂ စီးဟာ မနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ဝက်လက်မြို့နယ် ၊ ရှိမ္မကားကျေးရွာနားမှာ အမည်မသိလက်နက်ကိုင်တွေက ယူဆောင်သွားတယ်လို့ စစ်ကိုင်းတိုင်း ရေယာဥ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက)ရုံးအဖွဲ့ဆီက သိရပါတယ်။

“ဓားပြတိုက် လုယူခံရတဲ့ ရေယာဥ် ၂ စီးက ၊ ကသာမြို့နယ် ၊ ပုလွေကျေးရွာ ဆိပ်ကမ်းကနေ ထွက်လာတဲ့ ရေယာဥ် ၂ စီးဖြစ်တယ် ၊ ရေယာဥ်ပေါ်မှာ ရာသီပေါ် ကောက်ပဲသီးနှံတွေပါတယ် ၊ မနေ့ကည ၇ နာရီ ဝန်းကျင်မှာ ဝက်လက်မြို့နယ် ၊ ရှိမ္မကားကျေးရွာနားက ဆိပ်ကမ်းမှာ ညအိပ်ရပ်နားဖို့ ဆိုက်ကပ်တဲ့အခါ အမည်မသိ လက်နက်ကိုင်ထားသူတွေက အဲ့ဒီ ရေယာဥ် ၂ စီးကို လုယူသွားတာဖြစ်တယ်”လို့ စစ်ကိုင်းတိုင်း ရေယာဥ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီရုံးက ပြောပါတယ်။

အဲ့ဒါကြောင့် ဒီမနက်မှာ ဝက်လက်မြို့နယ် လုံခြုံရေး အဖွဲ့က ဧရာဝတီမြစ်ကြောင်းအတွင်း ညက ပျောက်ဆုံးနေတဲ့ ရေယာဥ် ၂ စီးကို ပြန်လည်ရရှိဖို့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းထဲမှာ စက်သုံးဆီ တွဲရေယာဥ်တွေ လုယူခံရပြီး ရေယာဥ် ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ် ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဝက်လက် #ရေယာဥ်ပျောက်ဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW