တူရကီငလျင်ကြောင့် သေဆုံးသူအရေအတွက် ၈၇၀၀ ကျော်ထိရှိလာ

အန်ကာရာ၊ ဖေဖော်ဝါရီ-၈-၂၀၂၃
မျိုးဆက်(VOM)

ဆီးရီးယားနဲ့ထိစပ်နေတဲ့ တူရကီနယ်စပ်မှာ တနင်္လာနေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၇၀၀ ကျော်ထိရှိလာပါတယ်။

ငလျင်ကြောင့် တူရကီမှာ လူပေါင်း ၆၂၃၄ ဦးထိမြင့်တက်လာကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားပြီး ဆီးရီးယားနိုင်ငံမှာတော့ အတည်ပြုဖို့ခက်ခဲပေမယ့် လူပေါင်း ၂၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

အင်အားပြင်းမြေငလျင်ဟာ ဂါဇီယန်တက်ပ်မြို့အနီး မြေအောက်အနက် ၁၁ မိုင်ကိုဗဟိုပြုကာ အင်အား ၇ ဒသမ ၈ အဆင့်နဲ့လှုပ်ခတ်ခဲ့ပြီး နောက်နာရီပိုင်းအကြာမှာ ၇ ဒသမ ၅ အဆင့်ရှိတဲ့နောက်ဆက်တွဲငလျင်ပါ လှုတ်ခတ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယားနှစ်နိုင်ငံစလုံးအတွက် နိုင်ငံတကာအကူအညီတွေပေးပို့မှုဟာ ကားလမ်းတွေ လေယာဉ်ကွင်းတွေ ပျက်စီးမှုကြောင့် နှောင့်နှေးမှုတွေဖြစ်ပေါ်နေပါတယ်။

ငလျင်ကြောင့် ပိတ်မိနေသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး အနှံ့ခံခွေးတွေ၊ ဒရုန်းတွေနဲ့ စက်ယန္တယားတွေကို အသုံးပြုနေကြပြီး ဆိုးရွားတဲ့ ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW