ရေဖြူမှာ ဘုန်းကြီးကျောင်းကား ပစ်ခတ်ခံရပြီး ကျောင်းထိုင်ဘုန်းကြီး နဲ့အမျိုးသမီးတဦး သေဆုံး၊ကလေးအပါ ၆ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၇ – ၂၀၂၃ GG(VOM) တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲမှာ ဒေသခံတွေနဲ့ ဘုန်းကြီးတပါး စီးနင်းလိုက်ပါလာတဲ့ ဘုန်းကြီးကျောင်းကားတစီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ကျောင်းထိုင်ဘုန်းကြီး တပါးနဲ့ အမျိုးသမီးတဦး သေဆုံးကာ နောက်ထပ်၆ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ကားဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက် ၊ ညနေပိုင်းလောက်မှာ ထားဝယ်ကနေ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်ကို ပြန်လာစဥ် လမ်းမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ၃ နာရီလောက်မှာ ပစ်ခတ်ခံရတာ၊တောင်ပေါ်ကနေ ပစ်တာလို့သိရတယ်၊ရာဖူးရွာသစ် ဗုဒ္ဓသာသန ယက္ခိတကျောင်းထိုင် ဆရာတော် ဦးဥက္ကဋ္ဌ နဲ့ သူ့ဒကာမ ဒေါ်အုန်းမြသေဆုံးတယ်လို့ သိရတယ် ။ကားပေါ်ပါသူတွေက ထားဝယ် မောင်မယ်ရှောင်ဘက်ကလို့တော့ သိရတယ်၊ဘယ်သူတွေပစ်တယ်ဆိုတာတော့ အခုထိသေချာမသိရသေးပါဘူး”လို့ ဒေသခံပရဟတိသမားတဦးကပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ပါဝင်ကြောင်း၊ ကားသမားကတော့…

Read More

သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ဇနီး မဟာဒေဝီစဝ်ဆုစန္ဒီ အမေရိကန်နိုင်ငံမှာ ကွယ်လွန်

ဖေဖော်ဝါရီ ၇-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊ သီပေါစော်ဘွားစဝ်ကြာဆိုင်ရဲ့ဇနီး မဟာဒေဝီစဝ်ဆုစန္ဒီ (ခ) Inge Sargent ဟာ မနေ့ ဖေဖော်ဝါရီ ၆ ရက် ရက် မနက်ပိုင်းက အမေရိကန်နိုင်ငံက နေအိမ်မှာကွယ်လွန်သွားတယ်လို့ သိရပါတယ်။ မဟာဒေဝီစဝ်ဆုစန္ဒီ (ခ) Inge Sargent ဟာ ကွယ်လွန်ချိန်မှာ အသက် (၉၁) နှစ်အရွယ်ဖြစ်ပြီး သက်ကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့သိရသလို ကွယ်လွန်ချိန် သမီးတော်ဖြစ်တဲ့ မာယာရီနဲ့ ကိန္နရ်တို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်သွားတဲ့ မဟာဒေဝီစဝ်ဆုစန္ဒီ (ခေါ်) Inge Sargent ဟာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို အမျိုးသမီးကောလိပ်မှာ ပညာသင်ယူနေချိန် ရှမ်းပြည် နယ်က သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့တွေ့ဆုံကာ ချစ်ကျွမ်းဝင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာတော့ အမေရိကန်မှာပဲ လက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ လက်ထပ်ပြီးနောက် သီပေါစော်ဘွားစဝ်ကြာဆိုင်နဲ့ အတူ…

Read More

ဖားကန့်မှာ မိသားစု(၃)ဦး ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်း ပြုတ်ကျခဲ့ရာ (၈)လကျော်မှ အလောင်းပြန်ပေါ်

ဖေဖော်ဝါရီ ၈-၂၀၂၃ Voice Of Myanmar(VOM) ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အပိုင်၊ တောင်းချိုကွက်သစ် အနီးရှိ ပေပေါင်းရာချီနက်တဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်အတွင်း မိသားစုသုံးဦး လိုက်ပါလာသည့် ပါဂျဲရိုး အိမ်စီးကားတစီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ (၉)ရက် မနက်ပိုင်းကအရှိန်လွန်ထိုးကျသွားခဲ့ပါတယ်။ အခင်းဖြစ်ပွါးတဲ့အချိန်က သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေး ပရဟိတအသင်းများမှ ပြုတ်ကျသေးဆုံးသွားသော မိသားစု သုံးဦးရဲ့အလောင်းတွေကို အချိန်မှီရရှိနိုင်ဖို့ ဆယ်ရက်ခန့် ကူညီကယ်ဆယ်ခဲ့သော်လည်း မတွေ့ရှိဘဲ မော်တော်ကားကိုသာ ဆယ်ယူရရှိခဲ့သည် ။ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်တွင်းသို့ အရှိန်လွန်ထိုးကျခဲ့သော အဆိုပါကားမှာ တောင်းချိုကွက်သစ်မှဖြစ်ပြီး သူတို့ရင်သွေးငယ်လေးကို ကာကွယ်ဆေးထိုးဖို့ ဖားကန့်မြို့သို့ အသွား မတော်တဆမှုဖြစ်ပွါးခဲ့ရခြင်းဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူများ၊ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ် ။ အခင်းဖြစ်ပွါးပြီး လေးလအကြာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ရက်နေ့ မှာ ရင်သွေးငယ်ရဲ့ရုပ်အလောင်း အလိုလျောက်ပေါ်လာခဲ့ပြီး ဖားကန့်မြို့နယ်…

Read More

မိုးပျံပူပေါင်းကို တရုတ်စစ်တပ်က သူလျှိုလုပ်ရာမှာအသုံးပြုခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အခိုင်အမာပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံပေါ်ကို ဖြတ်သန်းပျံသန်းနေတာကြောင့် စနေနေ့ကပစ်ချလိုက်တဲ့ တရုတ်မိုးပျံပူပေါင်းဟာ တရုတ်စစ်တပ်က သူလျှိုလုပ်ရာမှာ အသုံးပြုတဲ့ပူပေါင်းဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက အခိုင်အမာ ပြောပါတယ်။ တရုတ်စစ်တပ်ဟာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် မဟာဗျူဟာမြောက်နေရာတွေမှာ ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းဖို့အတွက် အခုလိုပူပေါင်းတွေကို အသုံးပြုခဲံ့တယ်လို့ ယုံကြည်ရကြောင်း အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးတာ၀န်ရှိသူတွေက ဝါရှင်တန်ပို့စ်သတင်းဌာနကို ပြောပါတယ်။ အဲဒီလိုထောက်လှမ်းခံရတဲ့နိုင်ငံတွေထဲမှာ ဂျပန်၊ အိန္ဒိယ၊ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်တို့လည်းပါတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့် အဲဒီလိုစောင့်ကြည့်ထောက်လှမ်းတယ်ဆိုတဲ့စွပ်စွဲချက်တွေကို တရုတ်ဘက်ကတော့ ငြင်းဆိုထားဆဲဖြစ်ပါတယ်။ သူလျှိုမိုးပျံပူပေါင်းအချို့ဟာ ရေတပ်အခြေစိုက်စခန်းရှိရာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကနေ စတင်ပျံသန်းလာတာလို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်ကြောင်း တာ၀န်ရှိသူတဦးကပြောပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း ဟာဝိုင်အီနဲံ့ ဖလော်ရီဒါတို့ကိုဖြတ်ပြီးပျံသန်းခဲ့တဲ့ မိုးပျံပူပေါင်းတလုံးကို တွေ့ရှိခဲ့တယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီး ၀င်ဒီရှာမန်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။ Ref:BBC #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ရန်ကုန်မှာ ဒီနေ့ တရက်တည်း မီးလောင်မှု(၄)ကြိမ် ဖြစ်ပွား

ဖေဖော်ဝါရီ ၈ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းအတွင်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ တရက်တည်း မီးလောင်မှု(၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ဒီနေ့တနေ့လုံး မီးသတင်းတွေများနေပြီ။ အားလုံးမီးသတိပြုသင့်တဲ့ကာလရောက်လာပြီ။ မီးဘေးလုံခြုံရေးသတိထားပြီး လုပ်ဆောင်ကြစေလိုပါတယ်“လို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ ၂၉ မိနစ်အချိန်ဝန်းကျင်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ Samsung Service စင်တာမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မနက် ၁၀ နာရီ၊ ၄၆ မိနစ်အချိန် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။ နေ့လယ် ၁ နာရီ၊ မိနစ် ၄၀ အချိန်ဝန်းကျင်မှာတော့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၄၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ…

Read More

တရားမ၀င်မြန်မာလုပ်သား ၃၃ ဦးနဲ့ ပွဲစားသုံးဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး

ဘန်ကောက်၊ ဖေဖော်ဝါရီ-၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကလမ်ခရိုင်ရှိ စွန့်ပစ်ဂိုထောင်တခုထဲကနေ တရားမ၀င် ရွှေ့ပြောင်းမြန်မာလုပ်သား ၃၃ ဦးနဲ့ ပွဲစားသုံးဦးကို ထိုင်းအာဏာပိုင်တွေက ဒီနေ့မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းမိသူတွေထဲမှာ အသက် ၂၀ နှစ်ကနေ ၂၅ နှစ်အရွယ် အမျိုးသားနဲ့အမျိုးသမီးတွေပါ၀င်ပြီး ၁၁ ဦးကတော့ တာ၀န်ရှိသူတွေ ဂိုထောင်ကို၀င်ရောက်စီးနှင်းပြီး များမကြာခင်မှာ ဗင်ကားတစီးနဲ့ ရောက်လာသူတွေဖြစ်ပါတယ်။ မြန်မာပွဲစားနှစ်ဦးဖြစ်တဲ့ သန့်စင်ထွန်း ၃၄ နှစ်နဲ့ အောင်ကန်သာ ၃၄ နှစ်တို့ကိုလည်း ဖမ်းမိခဲ့တဲ့အပြင် ဗင်ကားနဲ့ နောက်ထပ်ရောက်လာတဲ့ ထိုင်းလူပွဲစား ပရာဆက် ၄၈ နှစ်ကိုလည်း ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ တရားမ၀င်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ တောလမ်းခရီးကနေ ထိုင်းနိုင်ငံ ပရာချော့ခီရီခန်းကို ၀င်ရောက်လာခဲ့ကြပြီး မလေးရှားမှာ အလုပ်ရဖို့အတွက် ပွဲစားတွေကို အလုပ်သမားတဦးစီအတွက် ဘတ် ၄၅၀၀၀ ပေးရတယ်လို့ ထွက်ဆိုထားကြပါတယ်။ Ref: Bangkok Post…

Read More

တူရကီငလျင်ကြောင့် သေဆုံးသူအရေအတွက် ၈၇၀၀ ကျော်ထိရှိလာ

အန်ကာရာ၊ ဖေဖော်ဝါရီ-၈-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားနဲ့ထိစပ်နေတဲ့ တူရကီနယ်စပ်မှာ တနင်္လာနေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၇၀၀ ကျော်ထိရှိလာပါတယ်။ ငလျင်ကြောင့် တူရကီမှာ လူပေါင်း ၆၂၃၄ ဦးထိမြင့်တက်လာကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားပြီး ဆီးရီးယားနိုင်ငံမှာတော့ အတည်ပြုဖို့ခက်ခဲပေမယ့် လူပေါင်း ၂၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အင်အားပြင်းမြေငလျင်ဟာ ဂါဇီယန်တက်ပ်မြို့အနီး မြေအောက်အနက် ၁၁ မိုင်ကိုဗဟိုပြုကာ အင်အား ၇ ဒသမ ၈ အဆင့်နဲ့လှုပ်ခတ်ခဲ့ပြီး နောက်နာရီပိုင်းအကြာမှာ ၇ ဒသမ ၅ အဆင့်ရှိတဲ့နောက်ဆက်တွဲငလျင်ပါ လှုတ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယားနှစ်နိုင်ငံစလုံးအတွက် နိုင်ငံတကာအကူအညီတွေပေးပို့မှုဟာ ကားလမ်းတွေ လေယာဉ်ကွင်းတွေ ပျက်စီးမှုကြောင့် နှောင့်နှေးမှုတွေဖြစ်ပေါ်နေပါတယ်။ ငလျင်ကြောင့် ပိတ်မိနေသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး အနှံ့ခံခွေးတွေ၊ ဒရုန်းတွေနဲ့ စက်ယန္တယားတွေကို အသုံးပြုနေကြပြီး ဆိုးရွားတဲ့…

Read More
VOM News

FREE
VIEW