ချောက်မြို့မှာ ပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်နေတဲ့ ကလေးငယ် ၂ ဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ အမှိုက်ပုံ တခုမှာ မနေ့ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်နေတဲ့ ကလေးငယ် ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

.” အမှိုက်ပုံကနေ ပေါက်ကွဲတာပါ ၊ လက်လုပ်မိုင်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ချောက်မြို့နယ် ၊ ရွာဟောင်းကျေးရွာမှာနေတဲ့ ကလေး ၂ ဦး ထိမှန်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ မောင်ဝေယံကို ၁၁ နှစ်နဲ့ မောင်ဝင်းနိုင်မင်း ၁၁ နှစ် ဖြစ်တယ်”လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ကလေး ၂ ယောက် သေဆုံးရတဲ့ ဖြစ်စဥ်ကို ချောက်မြို့နယ် ရဲတပ်ဖွဲ့က သေမှုသေခင်း အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလယ်ရပ်ကွက် ၊ မြို့လယ် မီးပွိုင့်နေရာ အမှိုက်ပုံမှာ ပေါက်ကွဲမှုဖြစ်ပြီး အမှိုက်သိမ်းနေတဲ့ ကလေးငယ် တယောက် မိုင်းစထိမှန် သေဆုံးတာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ အထက ၂ ကျောင်းလမ်း အမှိုက်ပုံ ပေါက်ကွဲမှုမှာ ကလေး ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ချောက် #ပေါက်ကွဲမှု #ကလေးနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW