စစ်တပ်က စစ်တပ်အလုပ်လုပ်မှာဖြစ်ပြီး အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းမှာမဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်ပြော

အဘူဂျာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၃
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို နှောက်ယှက်ဖို့စီစဉ်နေကြောင်း အာဏာရပါတီရဲ့ အခိုင်အမာပြောဆိုမှုကို နိုင်ဂျီးရီးယားစစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက်မှာ ပယ်ချလိုက်ပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်မှ စစ်ဗိုလ်ချုပ်တွေဟာ ပြိုင်ဘက်ပီဒီပီပါတီရဲ့ သမ္မတလောင်း အာတီကူအဘူဘာခါနဲ့ လွန်ခဲ့တဲ့သီတင်းပတ်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အေပီစီပါတီမှ တာ၀န်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

ထိုသို့ပြောဆိုမှုတွေဟာ ဆိုးရွားပြီး လွန်စွာအန္တရာယ်များတဲ့ စွပ်စွဲချက်တွေဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။

အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံးနိုင်ဂျီးရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

စစ်တပ်ဟာ စစ်တပ်အလုပ်သာလုပ်မှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သိမှာဖြစ်ကာ အရပ်သားအစိုးရကို မည်သည့်အခါမှ ဖြုတ်ချမည်မဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။

မိမိတို့အနေနဲ့ ခက်ခက်ခဲခဲရထားတဲ့ ဒီမိုကရေစီကို ပျက်ယွင်းစေဖို့ မည်သည့်ကြံစည်မှုမျိုးကိုမှ လုပ်ဆောင်မှာမဟုတ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရနဲ့အဓိကအတိုက်အခံပါတီတွေက တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW