ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ (၃)ယောက်သေဆုံး ၊(၁၀)ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၅ -၂၀၂၃
GG(VOM)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၆/၆)မိုင်မှာ ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၇ နာရီခန့်က DYNA ကားမှောက်ပြီး ကားပေါ်ပါ လူ (၃)ယောက်သေဆုံးကာ (၁၀)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

” ညနေ ၆ နာရီ ၄၀ လောက်မှာဖြစ်တာပါ၊ကားကအရှိန်များပြီးမထိန်းနိုင်ဖြစ်ပြီးမှောက်တဲ့သဘောပါ။ကားပေါ်မှာ လူ၁၄ ယောက်လိုက်ပါလာတာဖြစ်တယ်၊ သေဆုံးတာက အမျိုးသမီး ၂ ယောက်၊အမျိုးသားတယောက်ပါ “လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကားပေါ်မှာ အမျိုးသား (၅)ယောက်နဲ့ အမျိုးသမီး (၉)ယောက်လိုက်ပါလာတာဖြစ်ပြီး အဲ့ဒီအထဲကမှ (၃)ယောက်သေဆုံးကာ နောက်ထပ်(၁၀)ယောက်က ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း၊ဒဏ်ရာရသူတွေထဲက အမျိုးသမီး၁ယောက်ကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲ့ဒီကားဟာ ပျော်ဘွယ်မြို့နယ်၊ မြင်းတဲကျေးရွာကဖြစ်ပြီး ဒဏ်ရာရသူတွေနဲ့သေဆုံးသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေနဲ့အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃၊ ဇန်နဝါရီ ၂၈ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အာရဖတ်ကားတစီးတိမ်းမှောက်ပြီး အမျိုးသမီး တဦး သေဆုံးကာ (၅)ဦးဒဏ်ရာရာတဲ့ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #ကာမှောက် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW