အမေရိကန်မှာ ပစ်ချခံရသည့် တရုတ်သလျှိုမိုးပျံပူပေါင်းက အာရုံခံကိရိယာတွေကို FBI စစ်ဆေးနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်ကို ဖြတ်ကျော်ပျံသန်းမှုကြောင့် ပစ်ချခံခဲ့ရတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းက အာရုံခံကိရိယာတွေကို အတ္တလန်တိတ်သမုဒ္ဒရာအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်တပ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

ရှာဖွေရေးသမားတွေဟာ အဓိကအာရုံခံကိရိယာနဲ့ အီလက်ထရွန်းနစ်ပစ္စည်းအပိုင်းအစတွေအပါအ၀င် ဘောလုံးကျရောက်ခဲ့တဲ့နေရာကနေ ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ကြောင်း အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

အရေးကြီးတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာတွေမှာ သူလျှိုလုပ်ဖို့ တရုတ်နိုင်ငံကအသုံးပြုခဲ့ကြောင်း အမေရိကန်က အခိုင်အမာဆိုထားတဲ့ အဲဒီမိုးပျံပူပေါအက်ဖ်ဘီအိုင်က စစ်ဆေးနေပါတယ်။

အမေရိကန်က သူလျှိုလုပ်တယ်လို့ စွပ်စွဲထားပေမယ့်လည်း တရုတ်နိုင်ငံကတော့ အဲဒီမိုးပျံပူပေါင်းဟာ လမ်းကြောင်းလွဲသွားတဲ့ ရာသီဥတုစောင့်ကြည့်ရေးအတွက် အသုံးပြုတဲံ့အရာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

မိုးပျံပူပေါင်း အစိတ်အပိုင်းတွေကို တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကို ဖြတ်ကျော်၀င်ရောက်ပျံသန်းလာတဲ့ အလားတူအရာ၀တ္ထုသုံးခု ကိုလည်း ဖေဖော်ဝါရီ ၄ ရက်နောက်ပိုင်း အမေရိကန်ကလေတပ်က ပစ်ချခဲ့ရပါတယ်။

Ref: BBC
Photo: US Navy
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW