မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားလာနေ

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား ရင်ဆိုင်နေရတဲ့ ကာလရှည်ကြာ စားနပ်ရိက္ခာအကျပ်အတည်းဟာ မထူးဆန်းပေမယ့်လည်း နယ်စပ်ထိန်းချုပ်မှု၊ ရာသီဥတုညံ့ဖျင်းမှုနဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း ပိုမိုဆိုရွားလာတယ်လို့ သူတို့ကပြောပါတယ်။

နိုင်ငံ၏စိုက်ပျိုးရေးမူဝါဒအတွက် အခြေခံကျတဲ့ အပြောင်းအလဲတရပ်ကိုဆွေးနွေးဖို့ ဖေဖော်ဝါရီလကုန်မှာ ထိပ်တန်းအရာရှိတွေ အစည်းအဝေးကျင်းပဖွယ်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်မှာ စားနပ်ရိက္ခာတန်ချိန် ၁၈၀၀၀၀ ကျော်သာထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ပမာဏနည်းပါးကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေရဲ့ ဂြိုဟ်တုဓါတ်ပုံလေ့လာမှုမှာ ဖော်ပြထားပါတယ်။

နိုင်ငံတွင်းမှာ မိုးခေါင်းခြင်းနဲ့ ရေကြီးခြင်းကဲ့သို့သော ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဆောင်းနဲ့ နွေသီးနှံတွေ ထုတ်လုပ်မှု လျော့ကျနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က လွန်ခဲ့တဲ့နှစ်ဇွန်လမှာ သတိပေးထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

VOM News

FREE
VIEW