ဇေယျာသီရိမြို့နယ်မှာ ဖယောင်တိုင်းမီးကနေတဆင့် နေအိမ် (၂၁)လုံး မီးလောင်ပျက်စီး

ဖေဖော်ဝါရီ ၂၂ -၂၀၂၃
GG(VOMO

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ရွာ မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် (၂၁)လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ၊ညနေပိုင်းမှာ နေအိမ်တအိမ်က ဖယောင်းတိုင်မီးကနေ စတင်မီးလောင်ကျွမ်းပြီး အဲ့ဒီကမှ နောက်ထပ်နေအိမ်တွေကို မီးကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဘုရားကို ဖယောင်းတိုင်မီးထွန်းခဲ့ရာကနေ မီးလောင်တာလို့တော့ ကနဦးသိရတယ်။နေအိမ် ၁၉ လုံးကတော့ လုံးလုံးပြာကျပျက်စီးတယ်၊၂လုံးကတော့ နည်းနည်းကျန်တယ် ” လို့ ပျဥ်းမနားမြို့နယ် မိုးစေတနာ ပရဟိတအသင်းအဖွဲ့ဝင်တဦးကပြောပြပါတယ်။

ဒီနေ့ ညနေ ၄ နာရီ ၃၀ လောက်မှာ မီးလောင်ပြီး ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မှုကြောင့် လူနဲ့တခြားတိရိစ္ဆာန်ထိခိုက်မှုတော့ မရှိဘူးလို့သိရပါတယ်။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်တွေဟာ ကျွန်းသစ်တွေနဲ့တောက်ထားတဲ့ ပျဥ်ထောင်ပျဥ်ခင်းအိမ်တွေဖြစ်ပြီး လက်ရှိမှာ မီးဘေးသင့်ကျေးရွာဒေသခံ ၆၀ ကျော်ကို စိမ်းစားပင်ရွာဘုန်းကြီးကျောင်းမှာ ခေတ္တနေထိုင်နေတယ်လို့သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းတဲ့နေအိမ်ပိုင်ရှင်ကို စစ်ဆေးမေးမြန်းပြီး အရေးယူနိုင်ဖို့သက်ဆိုင်ရာကဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဇေယျသီရိမြို့နယ် #နေအိမ်(၂၁)လုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW