ကျောက်တံတားမှာ ဘဏ်ကနေ ငွေထုတ်လာသူဆီက ငွေသိန်း၃၀၀၀ လုယက်ခံရ

ဖေဖော်ဝါရီ ၂၄ -၂၀၂၃
GG(VOM)

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီနေ့ဖေဖော်ဝါရီ၂၄ ရက် မနက်ပိုင်းက CB bank ကနေ ငွေထုတ်လာသူဆီက ငွေသိန်း ၃၀၀၀ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ငွေလုယက်ခံရသူတွေဟာ ယုံရှင်းငွေလွှဲလုပ်ငန်းက လူတွေဖြစ်ပြီး သူတို့ဟာ ဆာကူရာတာဝါက CB bank ကနေ ငွေထုတ်ပြီး ပြန်လာတဲ့လမ်းမှာ လူ ၅ ယောက်က ဓားတွေနဲ့ လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။

” မနက် ၁၀ နာရီခွဲလောက်က အလုခံလိုက်ရတာ သူတို့ထုတ်လာတဲ့ငွေ အကုန်ပါသွားတယ်၊ ပီနံအိတ်နဲ့၂အိတ်ထည့်လာတာပေါ့။ငွေထုတ်တာကိုသိပြီး ကြိုစောင့်လုသွားတဲ့ပုံပါ။ငွေလွှဲလုပ်ငန်းက စာရေးမနဲ့ကားသမားကို ဓားထောက်လုသွားတာလို့ သိရတယ်”လို့ ဆိပ်ကမ်းသာမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။

လုယက်သူတွေက အသင့်စောင့်နေတဲ့ကားပေါ်ကို ငွေတွေ တင်ပြီး ထွက်ပြေးသွားတာဖြစိပြီး အခုချိန်ထိ ဖမ်းဆီးရမိမှုမရှိသေးဘူးလို့ သိရပါတယ်။

ငွေတွေ လုယက်ခံလိုက်ရပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ပြီး ကျူးလွန်သူတွေကိုလိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကျောက်တံတား #သိန်းသုံးထောင် #လုယက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW