ထိုင်၀မ်ကို အမေရိကန်တပ်ဖွဲ့၀င်တွေ တိုးမြှင့်စေလွှတ်ဖို့ စီစဉ်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ဒေသတွင်းရှိ တပ်ဖွဲ့တွေအတွက် လေ့ကျင့်မှုတွေပိုမိုအားကောင်းစေဖို့ ထိုင်၀မ်မှာ အမေရိတပ်ဖွဲ့၀င်များထားရှိခြင်းကို သိသိသာသာမြှင့်တင်ရန် စီစဉ်နေကြောင်း ဝေါလ်စရိဂျာနယ်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။

လာမယ့်လတွေအတွင်း ထိုင်၀မ်ကို အမေရိကန်တပ်ဖွဲ့၀င် ၁၀၀ ကနေ ၂၀၀ အကြား စေလွှတ်ဖို့စီစဉ်နေကြောင်း အမေရိကန်တာ၀န်ရှိသူတွေကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ လွန်ခဲ့သောနှစ်က ထိုင်၀မ်ကို အမေရိကန်တပ်ဖွဲ့၀င် ၃၀ သာစေလွှတ်ခဲ့ပါတယ်။

အခုလိုတပ်ဖွဲ့၀င်တွေ တိုးမြှင့်စေလွှတ်မှုဟာ ထိုင်၀မ်မှာ ဆယ်စုနှစ်များအတွင်း အမေရိကန်တပ်ဖွဲ့၀င်တွေ အများဆုံး စေလွှတ်ဖြန့်ကြက်မှုဖြစ်ကြောင်း ဝေါလ်စရိဂျာနယ်က ဖော်ပြထားပါတယ်။

ထိုင်၀မ်ကို တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုများမှကာကွယ်ဖို့ အမေရိကန်လက်နက်စနစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် အခုတပ်ဖွဲ့၀င်တွေတိုးမြှင့်စေလွှတ်ဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ထိုင်၀မ်တို့အကြား ဒီလိုထိတွေ့ဆက်ဆံမှုတိုးမြှင့်ခြင်းကြောင့် တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW