တနိုင်ငံလုံးမှာ(၂)လအတွင်း မီးလောင်မှု(၃၀၆) ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၂၁)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီ၊၂၇-၂၀၂၃
MM[VOM]

မြန်မာနိုင်ငံ တဝှမ်းလုံး အတိုင်းအတာနဲ့(၂)လအတွင်း မီးလောင်မှု(၃၀၆) ကြိမ်ဖြစ်ပွားကာ လူ(၂၁)ယောက် အထိသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ရဲ့စာရင်းတွေအရ သိရပါတယ်။

ဇန်နဝါရီ(၁)ရက်ကနေ ဖေဖော်ဝါရီ(၂၇)ရက်အထိ (၂)လအတွင်း မီးလောင်မှု (၃၀၆)ကြိမ်ဖြစ်ပွားခဲ့ပြီးမီးလောင်မှုဖြစ်စဉ်တွေကြောင့် သေဆုံးသူ(၂၁)ယောက်နဲ့ ဒဏ်ရာရရှိသူ (၅၈)ယောက်ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ကျပ်သန်းပေါင်း (၇၈၀၀)ကျော်ရှိခဲ့တယ်လို့သိရပါတယ်။

”ဇန်ဝါရီလထဲမှာ မီးလောင်မှု (၁၆၇)ကြိမ်နဲ့ ဖေဖော်ဝါရီလ အတွင်းမှာ မီးလောင်မှု(၁၃၉)ကြိမ် ပေါင်း(၃၀၆)ကြိမ် ဖြစ်ပွားခဲ့တယ်၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ မီးလောင်မှုတွေ ပိုအဖြစ်များခဲ့တာတွေ့ရတယ်၊မီးလောင်မှု(၃၀၆)ကြိမ်ထဲမှာ ပေါ့ဆမီးနဲ့ လျှပ်စစ်မီးကြာင့်လောင်တဲ့ ဖြစ်စဉ်တွေကပိုများတယ်၊ လူသေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။”လို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတယောက် ကပြောပါတယ်။

လက်ရှိ မြန်မာတနိုင်ငံလုံး မီးလောင်မှုစာရင်းဟာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့စာရင်းတွေသာဖြစ်ပြီး စစ်ကိုင်းတိုင်း ၊ မကွေတိုင်း ၊ ကချင်းပြည်နယ် ၊ ချင်းပြည်နယ် ရခိုင်ပြည်နယ် ၊ ကယားနဲ့ ကရင်ပြည်တွေရဲ့ တကယ့်မြေပြင် မီးလောင်မှုတွေကတော့ ဒီ့ထက်ပိုများနိုင်တယ်လို့ သိရပါတယ်။

”မကွေးဘက်မှာ အကြောင်းအမျိုးမျိုးနဲ့ မီးလောင်တဲ့ဖြစ်စဉ်တွေက နေ့တိုင်းရှိနေတာ ၊ ရှို့မီးကြောင့်လောင်တဲ့ဖြစ်စဉ်တွေက ပိုများတယ် ၊ လူသေဆုံးတာတွေလည်းရှိတယ် ၊ တနေ့တည်း အိမ်ခြေ ၁၀၀ ကျော်လောင်တဲ့နေ့ တောင်ရှိတယ် ။”လို့ မကွေးတိုင်းက ဒေသခံတယောက်ကပြောပါတယ်။

လက်ရှိကာလဟာ ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားလာတာကြောင့် ပြည်သူတွေအနေနဲ့ မီးကို အထူးသတိပြုသုံးစွဲကြဖို့ မီးသတ်ဦးစီးဌာနက နှစ်စဥ်နှစ်တိုင်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဒါအပြင် တိုင်းနဲ့ပြည်နယ် မီးသတ်ဦးစီးဌာနတွေ ၊ခရိုင်နဲ့ပြည်နယ် မီးသတ်ဦးစီးဌာနတွေရဲ့စီစဉ်လမ်းညွန်ချက်တွေနဲ့အညီ မီးဘေးကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်တာတွေ သတိပေးနှိုးဆော်တာတွေ ၊ ကွင်းဆင်းအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Photos Credit – MFSD
#voiceofmyanmar #VOM #မြန်မာတနိုင်ငံလုံး #၂လအတွင်းမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW