ယုဇနဥယျာဥ်အိမ်ယာက အဆောက်အဦတွေဖျက်ခံရပြီးနောက် အိမ်ငှားခစျေးတွေမြင့်တက်တာကြောင့် အဆင်မပြေဖြစ်နေ

ဖေဖော်ဝါရီ ၂၇ – ၂၀၂၃
GG(VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနဥယျာဥ်အိမ်ရာဝန်းထဲက လူနေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်သိမ်းလိုက်တာကြောင့် နေထိုင်သူတွေ အဆင်မပြေဖြစ်နေကြတယ်လို့ အိမ်ရာထဲနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆိုင်ခန်းနဲ့လူနေအိမ်တွေ ဖျက်ခံရပြီး နောက်ဆက်တွဲအနေနဲ့ အိမ်ငှားခစျေးနူန်းတွေ တက်သွားတာကြောင့် ထပ်ပြီး အခက်ခဲဖြစ်နေရတယ်လို့ သိရပါတယ်။

“နဂိုအဲ့ဒီဟာတွေမဖျက်ခင်တုန်းက တိုက်ခန်းအလွတ်တွေမှအများကြီးပဲ၊ ပိုက်ဆံ ၁သိန်း ၁သိန်းခွဲဆိုရင် ခေါင်းခေါက်ငှားလို့ရတယ်၊ဒါပေမယ့် အဲ့ဒီနေရာတွေလည်းဖျက်ပြီးရော အငှားစျေးတွေတက်သွားတယ်။၁သိန်းခွဲတန်တွေက ၂သိန်းခွဲတွေဖြစ်ကုန်တယ်။ ၁ သိန်းတန်က ၁သိန်းခွဲ ၂သိန်းဖြစ်သွားတယ်။ ယုဇနမှာနေတဲ့ ဆိုင်တွေ လက်လုပ်လက်စားသမားတွေ အကုန်ဒုက္ခရောက်ကုန်တယ်၊ ယုဇနဥယျာဥ်အိမ်ယာဝန်းထဲက လမ်းတွေမှာ ရှိတဲ့နေအိမ်နဲ့ ဆိုင်ခန်းတွေကို အုပ်ချုပ်ရေးပိုင်းနဲ့အတူတာဝန်ရှိသူတွေက လာရောက်ဖျက်ခိုင်းခဲ့တာဖြစ်တယ် ၊ ဘာကြောင့်ဖျက်ပေးရတယ်ဆိုတာကိုတော့ မသိရဘူး “လို့ အိမ်ရာဝန်းအတွင်းနေထိုင်သူတဦးကပြောပါတယ်။

ဖျက်သိမ်းခံရတဲ့ ဆိုင်ခန်းတွေက လက်ဖက်ရည်ဆိုင်၊အဝတ်အထည်ဆိုင်၊စားသောက်ကုန်ဆိုင်၊ဖုန်းအရောင်းဆိုင်၊အလှပြုပြင်ရေးဆိုင် စတဲ့ ဆိုင်ခန်းတွေ အဖျက်ခံရတာဖြစ်​ပြီး နေအိမ်တွေဆိုရင် တိုက်ခန်းဆောက်နေထိုင်သူတွေရှိတာကြောင့် နေအိမ်နဲ့ဆိုင်ခန်းပေါင်း ရာနဲ့ချီဖျက်သိမ်းခံရတာဖြစ်တယ်လို့သိရပါတယ်။

” ယုဇနအိမ်ရာမှာ A B Cဆိုတဲ့အပိုင်းရယ် ၊အပိုင်း ၁ ၂ ၃၄ ဆိုတဲ့အပိုင်းတွေရယ်ရှိတယ် ယုဇနဦးယျာဥ်မုဒ်ဦးကစပြီး ပိတောက်လမ်းကနေ ဟိုး၁၄ လမ်းအထိရှိတယ်၊အဲ့ဒီကနေအလွန်ထိ ကျွန်းရွှေဝါလမ်းမကြီးပေါ် ဘယ်ဘက် ညာဘက်ချမ်းမှာရှိတဲ့ ဆိုင်တွေအိမ်တွေအကုန်ဖျက်ပစ်တယ်။ “လို့ အိမရာဝန်းအတွင်းနေထိုင်သူကပြောပါတယ် ။

ယုဇနဥယျာဥ်အိမ်ရာဝန်း လမ်းသွယ်အတွင်းက နေအိမ်၊ဆိုင်ခန်းတွေကို အခုလ ဖေဖော်ဝါရီ၂၂ ရက်နေ့မှာ စတင်ဖျက်သိမ်းနေတာဖြစ်ပြီး အခုအချိန်ထိ ရွှေ့ပြောင်းမှုတွေလုပ်နေရတယ်လို့ သိရပါတယ်။

အခုလို ဖျက်သိမ်းခံရတဲ့ ယုဇနဥယျာဉ်အိမ်ရာ ၁၄ လမ်းထိပ်က အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး ရာအိမ်မှူး၂ယောက်သေဆုံးခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ယုဇနဥယျဥ်အိမ်ယာဖျက်သိမ်းခံရ #နေထိုင်သူတွေအဆင်မပြေဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW