အကယ်ဒမီကျော်သူရဲ့ဖခင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

မတ် ၃ – ၂၀၂၃
GG(VOM)

ဒါရိုက်တာ၊ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူရဲ့ဖခင် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်)ဟာ ဒီနေ့ မတ်လ ၃ ရက်နေ့ မနက် ၄ နာရီ ၁၀ မိနစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်က သိရပါတယ်။

ဘဘဦးစိန်တင်ဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယနဲ့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ နာယက တဦးလည်းဖြစ်ပါတယ်။

” မနက် အစောက ဘဘဆုံးတာတော့ဟုတ်ပါတယ်။ ကျန်တာတော့ လူကြီးတွေက စီစဥ်နေပါတယ် ” လို့ နာရေးကူညီမှုအသင်းရန်ကုန် ရဲ့ဝန်ထမ်းတဦးကပြောပါတယ်။

ဘဘ ဦးစိန်တင်ဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ မိုင်ခွဲရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

ဘဘဦးစိန်တင် ရုပ်အလောင်းကိုတော့ လာမယ့် မတ်လ ၅ ရက်နေ့ မနက် ၉ နာရီ ရန်ကုန်မြို့ ရေ‌ဝေးသုသာန်မှာ ဂူသွင်းသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။

အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးပိုင် ရုပ်ရှင်
ဦးစိန်တင်ဟာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။

ဦးစိန်တင်ကွယ်လွန်မှုနဲ့ပတ်သက်ပြီး ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေး လုပ်ကိုင်သူတွေ၊ရုပ်ရှင်သရုပ်ဆောင်တွေအပါအဝင် မိတ်ဆွေတွေ ပရိတ်သတ်တွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်ကနေ ရေးသားဖော်ပြနေကြတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်ကျော်သူရဲ့ဖခင် #ဦးစိန်တင်(အမျိုးသားရုပ်ရှင်) #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW