၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့လူဦးရေထက်၀င်ကျော် အ၀လွန်ဖြစ်နိုင်ခြေရှိကြောင်း သတိပေး

ဝါရှင်တန်၊ မတ်-၃-၂၀၂၃ မျိုးဆက်(VOM) ၂၀၃၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ထက်၀က်ကျော်ဟာ အ၀လွန်ခြင်း သို့မဟုတ် အ၀လွန်သူတွေအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း ကမ္ဘာ့အ၀လွန်အဖွဲ့ချုပ် (ဒဗလျူအိုအက်ဖ်) က မတ် ၂ ရက်မှာ သတိပေးလိုက်ပါတယ်။ ကလေးငယ်တွေ အ၀လွန်မှုနှုန်း အလျင်အမြန်မြင့်တက်လာခြင်းနဲ့ အတူ ကမ္ဘာလူဦးရေ လေးဘီလီယံထိ အ၀လွန်ခြင်းဖြစ်နိုင်ကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဖရိကနဲ့ အာရှရှိ ၀င်ငွေနည်း သို့မဟုတ် အလယ်အလတ်ရှိသောနိုင်ငံတွေမှာ အ၀လွန်မှုနှုန်း လွန်စွာမြင့်တက်နေတယ်လို့ဆိုပါတယ်။ အ၀လွန်ခြင်းကြောင့် ကုန်ကျစရိတ်ဟာ၂၀၃၅ ခုနှစ်မှာ ဒေါ်လာ လေးထရီလီယံထိရှိနိုင်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအကြား အ၀လွန်မှုနှုန်း မြင့်တက်လာခြင်းကို အထူးသတိပေးထားပြီး ၂၀၂၀ ခုနှစ်ကစပြီး မိန်းကလေးနဲ့ ယောက်ကျားလေးများအကြား နှစ်ဆတိုးလာဖွယ်ရှိတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ကမ္ဘာတစ်၀န်းရှိ အစိုးရတွေအနေနဲ့ အ၀လွန်ခြင်းနဲ့ ပတ်သက်ပြီး အခြေခံအချက်တွေနဲ့ စနစ်တွေကို အကဲဖြတ်…

Read More

ထိုင်းမှာ ညှင်းပန်းနှိပ်စက်ခံရတဲ့ မြန်မာအလုပ်သမား (၁၄)ယောက်ကို ကယ်ဆယ်နိုင်ခဲ့

မတ် ၃ – ၂၀၂၃ GG(VOM) ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်ရွာကကြံစိုက်ခင်းမှာ လုပ်ခလစာမရဘဲ အဓမ္မခိုင်းစေခံရတဲ့အပြင် ညှင်းပန်းနှိပ်စက်ခံနေရတဲ့ မြန်မာအလုပ်သမား ၁၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ လူအခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေရှင်း HRDFကနေ သိရပါတယ်။ သေနတ် သုံးပြီးလည်း ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ‌အောင်ခြိမ်းခြောက်တာတွေလည်းရှိတဲ့အပြင် တခြားလူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်မှုတွေပါရှိတယ်ဆိုပြီး တိုင်ကြားလာလို့ အခုလိုကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။ ” အလုပ်ရှင်ကလိမ်လည် လှည့်ဖြားပြီး လစာမပေးဘဲ အလုပ်ခိုင်းတဲ့အပြင် အထောက်အထားစာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းတယ်၊အလုပ်ချိန်ကို ဥပဒေသတ်မှတ်ထားတဲ့ အချိန်ထက် ကျော်ပြီး အလုပ်‌ခိုင်းတယ်၊ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာတွေရှိတယ်လို့သိရလို့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကယ်ထုတ်ခဲ့တာပါ “လို့ လူအခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း HRDF ရဲ့ တာဝန်ရှိသူကပြောပါတယ်။ မြန်မာအလုပ်သမားတွေကို သွားရောက်ကယ်ဆယ်ချိန်မှာ ကြံခင်းပိုင်ရှင်ထိုင်းနိုင်ငံသားကထွက်ပြေးသွားတာကြောင့် ဥပဒေအရအရေးယူနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ မတရားခိုင်စေခံခဲ့ရတဲ့အထဲမှာ မြန်မာအလုပ်သမား အမျိုးသာ ၁၀ ဦး၊ အမျိုးသမီး ၄ ဦးပါဝင်တယ်လို့သိရပါတယ်။…

Read More

ဦးဖြိုးမင်းသိန်း နဲ့ဒေါ်စန္ဒာမင်းတို့အပါအဝင် NLD ပါတီဝင်(၄)ဦးကို ပါတီကနေထုတ်ပယ်

မတ် ၃ – ၂၀၂၃ GG (VOM) NLD ပါတီဝင်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင် တို့ကို ပါတီဝင်အဖြစ်ကနေ အပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူတွေနဲ့ ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီရဲ့မူဝါဒကို ဆန့်ကျင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပါတီ အပတ်စဉ်ပုံမှန်အစည်းအဝေးတွေမှာ တက်ရောက်တဲ့ ဗဟိုကော်မတီဝင်၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီက တင်ပြချက်တွေအရ ပေးအပ်ထားတဲ့တာဝန်တွေကိုရပ်ဆိုင်းပြီး ပါတီကနေ အပြီးပိုင်ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီဝင်တဦးက ” ကျနော်တို့လည်းသိပါတယ်။ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ အဂတိအမှုမှာ စစ်တပ်ဘက်ကနေ သက်သေထွက်ဆိုခဲ့တာရှိတယ်၊သူ ထွက်ဆိုချက်တွေကိုလည်း ဗီဒီယိုဖိုင်​တွေနဲ့ စစ်တပ် သတင်းစာရှင်းလင်းပွဲမှာတွေ့ရတယ်လေ၊ ဒါတွေက…

Read More

ရန်ကုန် – ဧရာဝတီတိုင်း ကုန်တင်ကား ငှားရမ်းခဈေး နှစ်ဆကျော်မြင့်တက်နေလို့ ကုန်သည်တွေ အခက်တွေ့

မတ်၊၃-၂၀၂၃ MM (VOM ) ရန်ကုန်နဲ့ ဧရာဝတီတိုင်း ကုန်တင်ကား ငှားရမ်းခတွေ အရင်ထက်(၂)ဆကျော်မြင့်တက်လာလို့ ကုန်သည်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ အရင်က ရန်ကုန်-ဧရာဝတီတိုင်း လမ်းကြောင်းမှာ တန် (၃၀)ဆံ့ ကုန်တင်ကား(၁)စီးကို ငှားရမ်းခငွေကျပ်(၄)သိန်း ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိမှာတော့ ငွေကျပ်(၁၃)သိန်း ကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။ ”အခုက ကုန်ပစ္စည်း ဝယ်ဖို့ထက် ကုန်တင်ကားငှားရမ်းခဖိုးက အရင်ရှာနေရတယ်၊ အရင်က ဒါမျိုးတခါမှမကြုံဖူးပါဘူး ၊ ကုန်ဈေးနှုန်းတွေ ထိုးတက်နေလို့ အရောင်းအဝယ် လုပ်ရတာ အဆင်မပြေဘူး ၊ အခုကားခပါတက်လာတော့ ဒုက္ခအပိုရသလိုဖြစ်သွားတယ် ၊ဒီတခေါက်တော့ ကိုယ့်ရှိတဲ့ပိုက်ဆံ ရှိသလောက်နဲ့ဝယ်မယ်ဆိုပြီး ဝယ်လာရင် နောက်တခေါက် ကုန်ပြတ်လို့ သွားဝယ်ရင် ကားခက သိန်း(၂၀)ကျော်သွားပြီး ၊ အရင်က ၄ သိန်းကျော် ကျော်လောက်ပဲဈေးကရှိတာ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်က…

Read More

ကမ္ဘောဒီးယား အဓိကအတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ် ၂၇ နှစ်ချမှတ်ခံရ

ဖနောင်ပင်၊ မတ်-၃-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံရဲ့ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မတ် ၃ ရက်မှာ အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ် ၂၇ နှစ်ချမှတ်လိုက်ပါတယ်။ လက်ရှိဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘာဒီးယားအမျိုးသားကယ်တင်ရေးပါတီရဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ ကမ်ဆော့ခါကို ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခွင့်နဲ့ မဲပေးခွင့်ကိုလည်း အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။ သူဟာအမေရိကန်ရှိ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေထံကန ပံ့ပိုးကူညီမှုတွေရယူခဲ့တယ်ဆိုကာ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိစီရင်ချကဟာ မျှတမှုမရှိကြောင်းနဲ့ စီရင်ချက်ကို အယူခံ၀င်သွားမှာဖြစ်ကြောင်း သူ့ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။ ကမ်ဆော့ခါဟာ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားအစိုးရကို ဖြုတ်ချဖို့ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံထားရပါတယ်။ လက်ရှိ၀န်ကြီးချုပ်ဟွန်ဆန်ဟာ ၁၉၈၅ ခုနှစ်ကစပြအီး အာဏာရယူနိုင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင်တွေထဲက တဦးဖြစ်ပါတယ်။ ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲကို လာမယ့်ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပြီး ၀န်ကြီးချုပ်ဟွန်ဆန်ဟာ သူ့ရဲ့သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးဖို့ စီစဉ်နေကြောင်း နိုင်ငံရေးအကဲခတ်အချို့က ယုံကြည်နေကြပြီး အချို့ကတော့ ၀န်ကြီးချုပ်ဟွန်ဆန်…

Read More

မိုးညှင်းမြို့နယ်မှာ တွဲကားနဲ့ ဆိုင်ကယ် တိုက်မိပြီး လူ ၃ ဦး သေဆုံး

မတ် ၊ ၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီး ၊ ရွှေဘို – မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်မှာ မနေ့ မတ်၂ ရက်က တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး လူ ၃ ဦး သေဆုံးသွားတယ်လို့ မိုးညှင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” စက်အင်ဂျင်အရှိန် မထိန်းနိုင်ဘဲ တွဲကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိတာဖြစ်တယ် ၊ သေဆုံးသူတွေက ဆိုင်ကယ်စီးလာတဲ့ ဘီလူးမြို့နယ် ၊ အင်းကုန်းကျေးရွာမှာနေတဲ့ ဦးကျော်ဆန်း ၄၀ နှစ်နဲ့ သူ့ရဲ့သား မောင်ကောင်းခန့်ပိုင် ၆ နှစ်အပြင် အမည်မသိ (စုံစမ်းဆဲ) အမျိုးသား ၁ ဦးဖြစ်တယ် ၊ တွဲကားမောင်းသူကိုတော့ မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတယ် “လို့…

Read More

အကယ်ဒမီကျော်သူရဲ့ဖခင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

မတ် ၃ – ၂၀၂၃ GG(VOM) ဒါရိုက်တာ၊ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူရဲ့ဖခင် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်)ဟာ ဒီနေ့ မတ်လ ၃ ရက်နေ့ မနက် ၄ နာရီ ၁၀ မိနစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်က သိရပါတယ်။ ဘဘဦးစိန်တင်ဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယနဲ့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ နာယက တဦးလည်းဖြစ်ပါတယ်။ ” မနက် အစောက ဘဘဆုံးတာတော့ဟုတ်ပါတယ်။ ကျန်တာတော့ လူကြီးတွေက စီစဥ်နေပါတယ် ” လို့ နာရေးကူညီမှုအသင်းရန်ကုန် ရဲ့ဝန်ထမ်းတဦးကပြောပါတယ်။ ဘဘ ဦးစိန်တင်ဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ မိုင်ခွဲရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ဘဘဦးစိန်တင် ရုပ်အလောင်းကိုတော့ လာမယ့် မတ်လ ၅ ရက်နေ့ မနက် ၉ နာရီ…

Read More

ရွေးကောက်ပွဲနဲ့ ရခိုင် ရှေ့ရေး

မတ် ၃- ၂၀၂၃ SW(VOM) ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ် ပါတယ်။ ယနေ့ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ရွေးကောက်ပွဲကနေ အခြေခံလာတာဖြစ်ပြီး လူထုရွေးချယ်မဲပေးမှုနဲ့ မိမိတို့အစိုးရ၊ နိုင်ငံ့အကြီးအကဲတွေကို ရွေးချယ်တင်မြောက်တဲ့အခါ တိကျထင်ရှားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံခေါင်းဆောင်၊ အုပ်ချုပ်သူ၊ သမ္မတကအစ လူထုကိုယ်စားလှယ် အလယ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဆုံး လူအများရဲ့ သဘောဆန္ဒထောက်ခံမှုနဲ့ မဲပေးရွေးချယ်ရတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ အဓိကအချက်နှစ်ခုလိုအပ်ပြီး ပထမတချက်ကတော့ ဒီမိုကရေစီနိုင်ငံသားတွေဟာ မိမိတို့ရဲ့ တာဝန်ကို ပိုမိုသိတတ်ဖို့ဖြစ်ပြီးတော့ ဒုတိယတချက်ကတော့ လူထုရဲ့ကိုယ်စားလှယ်အဖြစ် တင်မြောက်ခံရသူတွေဟာ အမြော်အမြင်ဉာဏ်ပညာရှိဖို့ လိုပါတယ်။ ရွေးကောက်ပွဲအကြောင်းကို ပြောမယ်ဆိုရင် ဒီမိုကရေစီဆိုတာကိုလည်း အနည်းငယ်ထည့်သွင်းပြောဖို့လိုပြီး အဲဒီ ဒီမိုကရေစီစနစ်ရဲ့ ရည်မှန်းချက်ဟာလည်း လွတ်လပ်တဲ့ လူမျိုးတွေဟာ အများကောင်းကျိုးအတွက် မိမိတို့ရဲ့အခွင့်အရေးကို လွတ်လပ်စွာအသုံးချနိုင်ဖို့ ဖြစ်ပြီးတော့…

Read More
VOM News

FREE
VIEW