၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့လူဦးရေထက်၀င်ကျော် အ၀လွန်ဖြစ်နိုင်ခြေရှိကြောင်း သတိပေး

ဝါရှင်တန်၊ မတ်-၃-၂၀၂၃
မျိုးဆက်(VOM)

၂၀၃၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ထက်၀က်ကျော်ဟာ အ၀လွန်ခြင်း သို့မဟုတ် အ၀လွန်သူတွေအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း ကမ္ဘာ့အ၀လွန်အဖွဲ့ချုပ် (ဒဗလျူအိုအက်ဖ်) က မတ် ၂ ရက်မှာ သတိပေးလိုက်ပါတယ်။

ကလေးငယ်တွေ အ၀လွန်မှုနှုန်း အလျင်အမြန်မြင့်တက်လာခြင်းနဲ့ အတူ ကမ္ဘာလူဦးရေ လေးဘီလီယံထိ အ၀လွန်ခြင်းဖြစ်နိုင်ကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဖရိကနဲ့ အာရှရှိ ၀င်ငွေနည်း သို့မဟုတ် အလယ်အလတ်ရှိသောနိုင်ငံတွေမှာ အ၀လွန်မှုနှုန်း လွန်စွာမြင့်တက်နေတယ်လို့ဆိုပါတယ်။

အ၀လွန်ခြင်းကြောင့် ကုန်ကျစရိတ်ဟာ၂၀၃၅ ခုနှစ်မှာ ဒေါ်လာ လေးထရီလီယံထိရှိနိုင်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအကြား အ၀လွန်မှုနှုန်း မြင့်တက်လာခြင်းကို အထူးသတိပေးထားပြီး ၂၀၂၀ ခုနှစ်ကစပြီး မိန်းကလေးနဲ့ ယောက်ကျားလေးများအကြား နှစ်ဆတိုးလာဖွယ်ရှိတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ကမ္ဘာတစ်၀န်းရှိ အစိုးရတွေအနေနဲ့ အ၀လွန်ခြင်းနဲ့ ပတ်သက်ပြီး အခြေခံအချက်တွေနဲ့ စနစ်တွေကို အကဲဖြတ် ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးကုန်ကျစရိတ်တွေကို မျိုးဆက်သစ်လူငယ်တွေထံ လက်ဆင့်ကမ်းခြင်းမှ ရှောင်ရှားနိုင်နိုင်ဖို့ အထောက်အကူဖြစ်စေကြောင်း ကမ္ဘာ့အ၀လွန်အဖွဲ့ချုပ် ဥက္ကဌ လူး၀စ်ဘားက ပြောပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW