ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပြီး ပတ်စ်ပို့နဲ့ပါ ဖြတ်သန်းသွားလာခွင့်ပြု

မတ် ၉ – ၂၀၂၃
GG (VOM)

တနင်္သာရီတိုင်း၊ကော့သောင်း – ရနောင်း နယ်စပ်ဂိတ်ကို ​ပြန်ဖွင့်ပေးလိုက်ပြီး ပတ်စ်ပို့စာအုပ်နဲ့ CI မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ်ရှိသူတွေကိုပါ ဝင်ထွက်သွားလာခွင့်ပြုလိုက်တယ်လို့ ကော့သောင်းဒေသခံတွေဆီက သိရပါတယ်။

ပတ်စ်ပို့ကိုင်သူတွေကိုပါ ဖြတ်သန်းသွားလာခွင့်ပြုလိုက်တာဟာ ပထမဆုံးအဖြစ် စတင်ခွင့်ပြုတာဖြစ်ကြောင်း ၊ မတ်လ ၇ ရက်နေ့ကစပြီး ဝင်ထွက်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။

” အရင်တုန်းကလည်း ပတ်စပို့စာအုပ်နဲ့သွားလာခွင့်ပြုတာမရှိဘူး။ဒါအခုမှ စပြီးခွင့်ပြုတာပါ။ ၇ ရက်နေ့ကတည်းကခွင့်ပြုတယ်၊စာတွေချိတ်ထားတာလည်းတွေ့တယ် “လို့ ကော့သောင်းဒေသခံတဦးကပြောပြပါတယ်။

ပတ်စ်ပို့စာအုပ်နဲ့သွားရောက်မယ့်သူတွေအနေနဲ့ ဗီဇာလျှောက်ဖို့တော့လိုအပ်ကြောင်း ၊လက်ရှိမှာတော့ ပတ်စ်ပိုစာအုပ်နဲ့ဖြတ်သန်းသွားလာမှုက ထိုင်းဘက်ကနေ ဝင်ရောက်လာသူသာရှိပြီး မြန်မာဘက်ကသွားရောက်သူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ကိုဗစ်ကာလမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားရာကနေ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ နှစ်နိုင်ငံသဘောတူညီမှုနဲ့ Temporary Boderpass ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ သွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ကော့သောင်း-ရနောင်းနယ်စပ်ဂိ​တ်ကနေ ပတ်စ်ပို့ကိုင်ဆောင်သူတွေပါ ဖြတ်သန်းသွားလာခွင့်ပြုလိုက်တာကြောင့် ပြည်ပခရီးသွားတွေ ထိုင်းကနေတဆင့် မြန်မာပြည်ထဲကိုဝင်ရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို မတ်လ ၇ရက်နေ့မှာ အပြည့်အဝပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ မြန်မာ၊ထိုင်းနဲ့တတိယနိုင်ငံသားတွေ Passport နဲ့ဝင်ထွက်သွားလာခွင့်ပြုလိုက်ပြီလို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

#voiceofmyanmar #VOM #ကော့သောင်းရနောင်းဂိတ် #ပတ်စ်ပို့နဲ့ပါဖြတ်သန်းခွင့်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW