စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို ICC ဖမ်း၀ရမ်းထုတ်

သည်ဟိတ်၊ မတ်-၁၈-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC)က ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။

ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ဒေသတွေက ကလေးသူငယ်တွေကို ရုရှားကိုဥပဒေမဲ့ ပို့ဆောင်တာတွေအပါအ၀င် စစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် ပူတင်မှာတာ၀န်ရှိကြောင်း ICC ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မရှင်နာ မာရီယာအဲလက်ဆီးဗ်နာကိုလည်း ICC တရားသူကြီးတွေက ဖမ်း၀ရမ်းထုတ်ပြန်ထားပါတယ်။

သိမ်းပိုက်ထားတဲ့နေရာက အရပ်သားတွေကို အခြားနိုင်ငံကိုပို့တာကို နိုင်ငံတကာဥပဒေအရတားမြစ်ထားပြီး ဂျီနီဗာကွန်ဗင်းရှင်းအရ ကလေးသူငယ်တွေဟာ အထူးကာကွယ်မှုရရှိထားကြောင်း ICC ဥက္ကဋ္ဌ Piotr Hofmanski ကပြောပါတယ်။

ဒါဟာ အဓိပ္ပါယ်မရှိတဲ့အမိန့်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောဆိုထားပြီး ရုရှားဟာ ICC အဖွဲ့၀င်နိုင်ငံမဟုတ်တဲ့အတွက် အခုလိုအရေးယူခွင့်မရှိဘူးလို့ ရုရှားဘက်က တုံ့ပြန်ပြောဆိုထားပါတယ်.။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #သည်ဟိတ်

Related posts

Leave a Comment

VOM News

FREE
VIEW