မန္တလေးမြို့မှာ ပေါက်ကွဲမှု နဲ့ ပစ်ခတ်မှု ဖြစ်ပွါးပြီး ရဲတဦးနဲ့ ရာအိမ်မှူးတဦး သေဆုံး

မတ် ၂၂-၂၀၂၃
Vouce Of Myanmar(VOM)

မန္တလေးမြို့ အမရပူရမြို့နယ်မှာ ပေါက်ကွဲမှု နဲ့ အောင်မြေသာစံမြို့နယ်မှာ ပစ်ခတ်မှုဖြစ်စဥ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွါးခဲ့ပြီး ရဲတဦးနဲ့ ရာအိမ်မှူးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမရပူရမြို့နယ် ၊ မှန်တန်းရပ်ကွက်ရှိ အမရပူရခရိုင်တရားရုံးမှာ ဒီကနေ့မနက် ၁၂နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ရဲတပ်သား (၂)ဦး ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဆေးရုံပို့ဆောင်ချိန် သေဆုံးခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်ကို စစ်ဆေးနေပါတယ်၊ ဆေးရုံပို့ချိန် ရဲတဦး သေဆုံးပါတယ်”လို့ ရဲနဲ့နီးစပ်သူ တဦးကပြောပါတယ်။

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာလည်း ဒီကနေ့ မနက် ၈နာရီခန့်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူး (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရာအိမ်မှူး တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးဒေသခံတဦးကလည်း “ဖြစ်တာကတော့ မနက်အစောကပဲ၊ ရာအိမ်မှူး(၂)ယောက် လက်ဖက်ရည်သောက်နေချိန် လူ (၃)ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်သွားတာပဲ၊ နှစ်ယောက်လုံး ပစ်ခံရတာ ၊ တယောက်ကတော့ သေတယ်”လို့ ပြောပါတယ်။

ဖြစ်စဥ်နှစ်ခုစလုံးကိုလည်း မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲပစ်ခတ်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW