ရွှေလင်ဗန်းစက်မှုဇုန်က Sweety Home မွေ့ယာစက်ရုံ မီးလောင်မှု Level 3 အဆင့်နဲ့ငြိမ်းသတ်နေရ

မတ် ၂၉ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Sweety Home မွေ့ယာစက်ရုံ မီးလောင်မှု ဖြစ်ပွားလျက်ရှိပြီး Level 3 အဆင့်နဲ့ ငြှိမ်းသတ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ဒီနေ့ မတ် ၂၉ ရက်၊ နေ့လယ် ၃ နာရီ ၂၇ မိနစ်ဝန်းကျင်ကစလို့ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းမှာ မီးလောင်မှု ဖြစ်ပွားနေတာဖြစ်ပြီး မီးအရမ်းများတာကြောင့် သတင်းရရချင်းမှာ Level 2 ယာဉ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လက်ရှိမှာ Level 3 အဆင့် မီးငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။ “လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ထဲက Sweety Home မွေ့ယာ စက်ရုံ မီးလောင်နေတာပါ။ အခုလေးတင်လောင်တာ မိနစ် ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ မီးက တော်တော်များတယ်။…

Read More

ဆော်ဒီမှာ မက္ကာဘုရားဖူးကားတိမ်းမှောက်မှု လူ ၂၀ သေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

ရီယတ်၊ မတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) ဆော်ဒီအာရေဗျမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘုရားဖူး၂၀ ဦး သေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက မတ် ၂၈ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ နိုင်ငံအနောက်တောင်ပိုင်း အဆာပြည်နယ်ရှိတံတားတစင်းပေါ်မှာ အစ္စလာမ်တို့ရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့ကို ဘုရားဖူးများအားပို့ဆောင်တဲ့ ဘတ်စ်ကားတိမ်းမှောက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ဘတ်စ်ကားတိမ်းမှောက်မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဘတ်စ်ကားဟာ ဘရိတ်ပြဿနာကြောင့် မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ အခြားနိုင်ငံသားတွေပါ၀င်ပေမယ့် ဆော်ဒီနိုင်ငံသားအများစုပါ၀င်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ မက်ဒီနာကနေ မက္ကာကိုသွားတဲ့ ဘုရားဖူးကားတိမ်မှောက်မှုကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင်၂၀၁၉ ခုနှစ်ကလည်း မက္ကာသို့ဘုရားဖူးသွားရောက်စဉ် ယာဉ်မတော်တဆမှုကြောင့် အာရပ်နဲ့ အာရှနိုင်ငံသား ၃၅ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ Ref:BBC #voiceofmyanmar #VOM #ရီယတ်

Read More

စစ်မီးလျှံကြားမှာ အသက်တွေပေးဆပ်နေရတဲ့ စစ်ကိုင်းတိုင်းက သက်ကြီးရွယ်အိုတွေ

မတ် ၂၉-၂၀၂၃ HT(VOM) စစ်ကိုင်းတိုင်းအတွင်း၊ လက်နက်ကိုင်တိုက်ပွဲတွေကြား နေအိမ်မီးရှို့ခံရမှုတွေမှာ ကျန်းမာရေးချို့တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ မီးလောင်သေဆုံးမှုဟာ နေရာအနှံအပြားမှာ ကြုံတွေ့နေရပါတယ်၊ ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့မှာလည်း ဘုတလင်မြို့နယ်ထဲက ဆုံကုန်းကျေးရွာမီးရှို့ခံရပြီး နေအိမ် (၂၀၀) ဝန်းကျင်မီးလောင်ဆုံးရှုံးကာ အဲ့ဒီအထဲမှာ အသက် (၅၀) နဲ့ (၇၀) ကြားအရွယ်တွေဖြစ်တဲ့ ဒေါ်တင်အိ၊ ဒေါ်ခွေး၊ ဒေါ်ကြည်အောင်၊ ဒေါ်မြင့်၊ ဦးဂျပန်ကြီး နဲ့ ဦးဇော်ပြည့်တို့လည်း မီးလောင်သေဆုံးခဲ့ပါတယ်။ ဒီအခြေအနေအရ စစ်ပွဲတွေအားကောင်းတဲ့ ဒေသတွေက သက်ရွယ်အိုဘိုးဘွားတွေရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ လုံခြုံမှုမရှိတော့ဘူးလို့ သေဆုံးသူမိသားစုဝင်တချို့က ပြောပါတယ်။ #voiceofmyanmar #VOM #ဘုတလင်

Read More

NLD အပါအဝင် ပါတီ ၄၀ ကို မှတ်ပုံတင်ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ

ကြေညာချက်အမှတ် ( ၅ / ၂၀၂၃ )၊ ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ ( ၂၀၂၃ ခုနှစ်၊ မတ် လ ၂၈ ရက် )နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာတာတွေ့ရပါတယ်။ #voiceofmyanmar #VOM #NLD #ပါတီ၄၀ #မှတ်ပုံတင်ဖျက်သိမ်းကြောင်းကြေညာ

Read More

လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကင်ဂျုံအန်ညွှန်ကြား

ပြုံးယမ်း၊ မတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ လက်နက်ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ခေါင်းဆောင်ကင်ဂျုံအန်က ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက မတ် ၂၈ ရက်မှာ ပြောပါတယ်။ ကင်ဂျုံအန်ဟာ နိုင်ငံရဲ့နျူကလီးယားအစီအစဉ်နဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို မတ် ၂၇ ရက်မှာ စစ်ဆေးခဲ့ပြီးနောက် အခုလိုညွှန်ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ နိုင်ငံရဲ့ လက်နက်အင်အားတိုးတက်လာစေဖို့ အတွက် လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ကင်ဂျုံအန်က တာ၀န်ရှိသူတွေကို ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားဟာ မတ် ၂၇ ရက်မှာ မြေပြင်ကနေ မြေပြင်ပစ်ဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ကျွန်းတကျွန်းဆီသို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပြီး ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုထားပြီး ဒါဟာကျူးကျော်ဖို့ပြင်ဆင်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ပြုံးယမ်း

Read More

အနောက်မဟာမိတ်တွေကထောက်ပံ့တဲ့ နာမည်ကျော်တင့်ကားတွေ ယူကရိန်းကိုရောက်ရှိလာ

ကိယက်ဗ်၊ မတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားတပ်တွေကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေချိန်မှာ အနောက်အုပ်စုနိုင်ငံတွေက နာမည်ကျော်တင့်ကားတွေ ပေးပို့ထောက်ပံ့မှုတွေ စတင်ရရှိနေပြီဖြစ်ပါတယ်။ မတ် ၂၇ ရက်မှာ ဗြိတိန်ရဲ့ Challenger 2 တင့်ကားတွေနဲ့ အမေရိကန် ဂျာမနီတို့ဆီက သံချပ်ကာယာဉ်တွေ လက်ခံရရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးကပြောပါတယ်။ လွန်ခဲ့တဲ့တနှစ် စစ်ပွဲစချိန်မှာ မိတ်ဖက်တွေရဲ့ပံ့ပိုးကူညီမှု အခုလောက်ထိရရှိလိမ့်မယ်ဆိုတာ ဘယ်သူမှ ထင်မှတ်မထားကြောင်း အခုလိုထောက်ပံ့မှုအတွက် ကျေးဇူးတင်တယ်လို့ သူကပြောပါတယ်။ ဂျာမနီကလည်း သူ့ရဲ့ Leopard 2 တင့်ကား ၁၈ စီးကို ယူကရိန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီး နော်ဝေကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားရှစ်စီးကို ယူကရိန်းမှာ ဖြန့်ကြက်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ရုရှားတွေသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ဒီးမော့ဆိုမှာ စစ်ဘေးရှောင် ကလေးတွေ အရေပြားရောဂါခံစားနေရပြီး အကူအညီလိုအပ်နေ

မတ်၊၂၈-၂၀၂၃ MM(VOM) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေမှာ အရေးပြားရောဂါတွေ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီကနေ သိရပါတယ်။ ”အနာလေးတွေ ကလေးတွေမှာ အများဆုံးပေါက်နေတာပါ၊ ယားလို့ကုတ်ရင်းကနေ အရေကြည်ဖုလေးတွေဖြစ်တာ၊ အဲဒီ့အရေကြည်ဖုလေးတွေ ကနေအနာဖြစ်တာ၊ ဒေသအခေါ် အနာစက်လို့လည်းခေါ်ပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆေးဝါးကုသမှုအကူအညီတွေ လိုအပ်နေတယ်။”လို့စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။ အဲ့ဒီ ဒေသခံစစ်ဘေးရှောင်ကလေးတွေ အရေပြားရောဂါခံစားနေရတာဟာ အချိန်အားဖြင့် (၂)ပတ်ကျော်ခန့်ရှိလာပြီလို့သိရပြီး ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေအပြင် အာဟာရရှိတဲ့ အစားအသောက်ပစ္စည်းတွေလည်း အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ ”ကလေးတွေမှာတွေ့ရတဲ့ အနာတွေကို ကြည့်ရင် သန့်ရှင်းရေးအားနည်းလို့ ဖြစ်နေတာလို့ယူဆပါတယ်၊ စစ်ရှောင်တွေအားလုံး သန့်ရှင်းရေးအတွက် အဓိက လိုအပ်ချက်က ရေဖြစ်ပါတယ်၊အခု စစ်ရှောင်တွေမှာ ရေလိုအပ်ချက်ရှိနေတယ်လို့သိရတယ်၊ရေလိုအပ်ချက်ရှိနေတာကြောင့် သန့်ရှင်းမှုကောင်းကောင်းမလုပ်နိုင်လို့ အခုလိုဖြစ်တာပါ၊ဒါ့ကြောင့် အလှူရှင်တွေပဲဖြစ်ဖြစ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်ရေရရှိရေးကို လုပ်ပေးဖို့ဆော်သြချင်တယ်၊ အခုတော့ ကလေးတွေက အရေပြားရောဂါခံစားနေရတဲ့အပြင် ဆေးဝါးတွေ အစားသောက်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ…

Read More

အစ္စရေး တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းမယ့်အစီအစဉ် ဆိုင်းငံ့မယ်လို့ ၀န်ကြီးချုပ်နေတန်ယာဟု ကြေညာ

ဂျေရုဆလင်၊ မတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးတရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်တွေကို ဆိုင်းငံ့ထားမယ်လို့ ၀န်ကြီးချုပ်နေတန်ယာဟုက မတ် ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။ အစ္စရေးပြည်သူတွေအကြား စည်းလုံးညီညွတ်မှုပျက်ပြားခြင်းမဖြစ်စေဖို့ အဲဒီအစီအစဉ်ကို ခေတ္တဆိုင်းငံ့မယ်လို့ ၀န်ကြီးချုပ်နေတန်ယာဟုကပြောပါတယ်။ ဒါပေမယ့် အချိန်ဘယ်လောက် ဆိုင်းငံ့မယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။ အခုလိုတရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ အစ္စရေးကာကွယ်ရေး၀န်ကြီးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဆန္ဒပြမှုတွေကြောင့် စျေးဆိုင်တွေကနေ ဘဏ်တွေ ဆေးရုံတွေထိ ၀န်ဆောင်မှုတွေ ရပ်ဆိုင်းခဲ့ရခဲ့ရပြီး နိုင်ငံသမိုင်းမှာ အကြီးမားဆုံးအကျပ်အတည်းဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် လာပစ်က ပြောပါတယ်။ အစ္စရေးလက်ယာယိမ်းအစိုးရရဲ့ တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်တွေထဲမှာ တရားသူကြီးတွေ ရွေးချယ်ခန့်အပ်မယ့် ကော်မတီကို ထိန်းချုပ်ဖို့်ကြိုးပမ်းမှုတွေပါ၀င်ပြီး ဒါဟာ ဒီမိုကရေစီကိုခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အတိုက်အခံတွေက ဝေဖန်ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #ဂျေရုဆလင်

Read More

ရွှေဘိုကားကွင်းအနီး ပေါက်ကွဲမှုဖြစ်ပွား ၊ ၁ ဦးသေဆုံး ၊ လူ ၂၀ နီးပါး ဒဏ်ရာရ

မတ် ၂၈ -၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ၊ခရီးသည်တင် စုပေါင်းယာဥ်ရပ်နားစခန်းဝန်းနားမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးကာ လူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။ ” ကားကွင်းနားက မူးလက်တံ တံတားနားမှာပေါက်ကွဲတာပါ ၊ အဲ့ဒီပေါက်ကွဲမှုကြောင့် နေရာမှာတင် လူ ၁ ဦးသေတယ် ၊ ကလေးငယ် ၂ ယောက် အပါအဝင် လူ ၂၀ လည်း ဒဏ်ရာရတယ်၊ ကနဦး သိရတာက လူနာ ၂၀ ထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေရှိတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။…

Read More

မန္တလေးမြို့က ရွှေသန့်စင်လုပ်ငန်းဆိုင် သိန်း (၁၂၀၀)ဓားပြတိုက်ခံရ

မတ် ၂၈-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅လမ်းနဲ့ ၃၂လမ်းအနီးက စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်ရှေ့မှာ မနေ့ မတ် ၂၇ရက် ညနေပိုင်းက ဓားပြတိုက်ခံရမှုဖြစ်စဥ်ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ ငွေသား သိန်း(၁၂၀၀) ဓားပြတိုက်ခံလိုက်ရတာဖြစ်ကြောင်း ဓားပြလာတိုက်သူတွေဟာ သေနတ်ကိုင်ဆောင်ထားပြီး သေနတ်ပစ်ဖောက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဓားပြလာတိုက်တဲ့အချိန် ရွှေဆိုင်က ကလေးတွေက ရွှေရောင်းရငွေတွေကို သူတို့ဆိုင်ရဲ့ကားပေါ်ကို တင်နေချိန် အတိုက်ခံရတာ၊ လာတိုက်တာက (၄)ယောက်၊ (၃)ယောက်က ကားပေါ်ကဆင်းပြီး ခြောက်လုံးပြူးပုံစံလို့ပြောရမှာပေါ့ CCTVကမြင်ရတာဆိုတော့ သိပ်မသဲကွဲဘူး အဲ့ဒီသေနတ်ကိုင်ထားတယ်၊ နောက် ၂ယောက်က ပစ္စတိုပုံစံ သေနတ်နဲ့ တချက်စီ မိုးပေါ်ထောင် ပစ်ဖောက်ပြီး ကားပေါ်ပါ ဆာလာအိတ်နဲ့ထည့်ထားတဲ့ တအိတ်ကို သိန်း၃၀၀ပါတဲ့ အိတ်(၅)အိတ်ထဲက (၄)အိတ်ကို သူတို့ကားပေါ် တင်ပြီး ထွက်ပြေးသွားတယ်”လို့…

Read More
VOM News

FREE
VIEW