ပုဏ္ဏားကျွန်းမြို့နယ်က ‘မြို’တိုင်းရင်းသားတွေ ခိုလုံရာ ဗန်းဗွီးစစ်ရှောင်စခန်း

မတ် ၂၈- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ‘မြို’လူမျိုး စစ်ဘေးရှောင် ၁၀၀ ကျော်ခန့်နေထိုင်တဲ့ ဗန်းဗွီးကျေးရွာမြောက်ဘက်ကပ်ရပ်မှာ ဗန်းဗွီး စစ်ဘေးရှောင်စခန်းရှိပါတယ်။ အဲဒီမှာ အိမ်ခြေ ၂၀ ကျော်လောက်ရှိပြီး ကလေး၊ လူကြီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် လူ ၁၀၀ ကျော်ခန့် ခိုလုံနေထိုင်ကြတယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ အောင်မကျော်၊ ဆင်သည်ဖျား စတဲ့ကျေးရွာတွေမှာ စစ်ရေးပဋိပက္ခတွေကြောင့် ပိုးရွှီပြင်ကျေးရွာကနေတဆင့် ကုန်းတတန်၊ ရေတသွယ်၊ တောတောင်တွေကိုခက်ခဲစွာ ဖြတ်ကျော်ခဲ့ရတယ်လို့ဆိုပါတယ်။ အခုတော့ ရန်ကုန်- စစ်တွေ ကားလမ်းအနောက်ဘက်က မြေပြန့်လွင်ပြင်ကျဉ်းလေးမှာ ​စားဝတ်နေရေး အခက်အခဲတွေနဲ့ နေထိုင်ရပေမယ့် အဆင်ပြေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ အောင်မကျော်ကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတဦးက ” ရွာမှာက အခုလူတွေ ပြန်နေထိုင်ကြပါပြီ။ ဒါပေမယ့် လုပ်စားရတာ သိပ်အဆင်မပြေဘူး။ တောမီးတွေလည်း လောင်တယ်။ မိုင်းအန္တရာယ်ကိုလည်းကြောက်ရတယ်။…

Read More

ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေဖြန့်ကြက်မယ့် ပူတင်ရဲ့ဆုံးဖြတ်ချက် နေတိုးအဖွဲ့ ပြစ်တင်ရှုတ်ချ

  ဘရပ်ဆဲလ်၊ မတ့်-၂၇-၂၀၂၃ မျိုးဆက်(VOM) ဘီလာရုစ်နိုင်ငံမှာ ရုရှားက မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေဖြန့်ကြက်ထားဖို့ ဆုံးဖြတ်ချက်ဟာ အန္တရာယ်ရှိပြီး တာ၀န်မဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်း နေတိုးအဖွဲ့က ရှုတ်ချလိုက်ပါတယ်။ အဲလိုနျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ့်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရုရှားရဲ့လုပ်ဆောင်မှုကြောင့် နေတိုးအဖွဲ့ရဲ့နျူကလီးယားမဟာဗျူဟာကို ပြောင်းလဲမှာမဟုတ်ကြောင်း နေတိုးအဖွဲ့ကပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားဟာ နျူကလီးယားလက်နက်ထုတ်သုံးဖွယ်မရှိဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။ရုရှားရဲ့မဟာမိတ် ဘီလာရုစ်ဟာ ယူကရိန်းနဲ့ ရှည်လျားတဲ့နယ်နိမိတ်ထိစပ်မှုရှိနေပြီး နေတိုးအဖွဲ့၀င် ပိုလန်၊ လစ်သူယေးနီးယားနဲ့လည်း ထိစပ်နေပါတယ်။ ယူကရိန်းသမ္မတကတော့ ပူတင်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့ တောင်းဆိုထားပါတယ်။ ရုရှားရဲ့ အဲဒီလုပ်ရပ်ဟာ နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဘရပ်ဆဲလ်

Read More

ဂျာမနီမှာ အလုပ်သမားတွေသပိတ်ကြောင့် သယ်ယူပို့ဆောင်ရေးတွေ ရပ်ဆိုင်းလုနီးဖြစ်နေ

ဘာလင်၊ မတ်-၂၇-၂၀၂၃ မျိုးဆက်(VOM) ဂျာမနီနိုင်ငံရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂနှစ်ခုသပ်ိတ်မှောက်မှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ မတ် ၂၇ ရက်မှာ ရပ်တန့်လုနီးပါးဖြစ်နေပါတယ်။ နိုင်ငံတွင်းမှာ လူနေမှုစရိတ်တွေကြီးမြင့်လာခြင်းကြောင့် အလုပ်သမားတွေလုပ်ခလစာတွေကို တိုးမြှင့်ပေးဖို့ အလုပ်သမားသမဂ္ဂတွေက ဂျာမနီအစိုးရကို တောင်းဆိုနေကြပါတယ်။ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ မီးရထားနဲ့ ဘတ်စ်ကားစတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး၀န်ထမ်းတွေအပြင် အခြားသောလုပ်ငန်းဌာနတွေက၀န်ထမ်းများပါ၀င်တဲ့ မတ် ၂၇ ရက်သပိတ်ဟာ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်လာဖွယ်ရှိပါတယ်။ သပိတ်မှောက်မှုမှာပါ၀င်တဲ့ သမဂ္ဂနှစ်ခုကဂျာမနီမှာ အကြီးဆုံးဖြစ်ပြီး ဗာဒီသမဂ္ဂဟာ လေဆိပ်အပါအ၀င် အများပြည်သူသယ်ယူပို့ဆောင်ရေး၀န်ထမ်း ၂ ဒသမ ၅ သန်းကိုကိုယ်စားပြုပါတယ်။ အီးဗွီဂျီသမဂ္ဂဟာ ဒေါ့ချက်ပန်မှာ မီးရထားနဲ့အခြားဘတ်စ်ကားကုမ္ပဏီ၀န်ထမ်းပေါင်း နှစ်သိန်းသုံးသောင်းကို ကိုယ်စားပြုပါတယ်။ ဗာဒီသမဂ္ဂမှ၀န်ထမ်းတွေဟာ လုပ်ခလစာကို ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အီဗီဂျီနဲ့ အခြားသမဂ္ဂငယ်တွေက ၁၂ ရာခိုင်နှုန်းတိုးပေးဖို့ တောင်းဆိုထားကြပါတယ်။ Ref:BBC #voiceofmyanmar #VOM #ဘာလင်

Read More

အစ္စရေးကာကွယ်ရေး၀န်ကြီး ထုတ်ပယ်ခံရ၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နိုင်ငံတ၀န်းဖြစ်ပွားနေ

ဂျေရုဆလင်၊ မတ်-၂၇-၂၀၂၃ မျိုးဆက်(VOM) အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ကာကွယ်ရေး၀န်ကြီးကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် အစ္စရေးနိုင်ငံတစ်၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။ အစ္စရေးကာကွယ်ရေး၀န်ကြီး ယော့ဗ်ဂဲလ်လန့်ဟာ အစ္စရေးတရားစီရင်ရေးစနစ်ကို ပြန်လည်ပြင်ဆင်မယ့် အငြင်းပွားဖွယ်အစီအစဉ်တွေကို ကန့်ကွက်ပြောဆိုပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပါတယ်။ ၀န်ကြီးချုပ်နေတန်ယာဟုရဲ့ ဂျေရုဆလင်ရှိနေအိမ်အနီးမှာ ဆန္ဒပြသူတွေကို ရဲနှဲ့စစ်သားတွေက မီးသတ်ပိုက်တွေအသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။ တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်ဖို့ အစ္စရေးသမ္မတ အိုင်က်ဟစ်ဇော့က မတ် ၂၇ရက် နံနက်အစောပိုင်းမှာ အစိုးရကိုတိုက်တွန်းထားပါတယ်။ အစ္စရေးပြည်သူအားလုံးစည်းလုံးညီညွတ်ဖို့အတွက် ဥပဒေပြင်ဆင်ပြောင်းလဲမှုတွေကို ချက်ချင်းရပ်တန့်ဖို့ သူကပြောပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း အမေရိကန်က ပြောဆိုထားပါတယ်။ အစ္စရေးအစိုးရရဲ့ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုတွေထဲမှာ တရားသူကြီးတွေခန့်အပ်တဲ့ ကော်မတီကို အစိုးရအားအပြည့်အ၀ထိန်းချုပ်ခွင့်ရှိနိုင်မယ့် အစီအစဉ်တွေလည်း ပါ၀င်နေပါတယ်။ Ref:NNC Photo:AP #voiceofmyanmar #VOM #ဂျေရုဆလင်

Read More

စိန်ခေါ်မှုတွေကြားက မြန်မာ့ပြောင်းဈေးကွက်

မတ် ၂၇ – ၂၀၂၃ SN (VOM) လက်ရှိ မြန်မာ့ပြောင်းစျေးကွက်ဟာ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ဝယ်လိုအားကြောင့် ရောင်းချရမှု နယ်ပယ် ကျယ်ပျံ့လာပြီး စျေးကွက်အပေါ်မှာလည်း အလားအလာကောင်းတွေ ရှိလာမယ်လို့ မှန်းဆခဲ့ကြပါတယ်။ ဒါပေမယ့် ပြောင်းကုန်သွယ်ရေးဟာ ကိုဗစ်အပါအဝင် ဒေသတွင်း မတည်ငြိမ်မှုများစွာကြောင့် အခက်အခဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အခြားတဖက်မှာလည်း သွင်းအားစု စျေးကြီးမြင့်မှု၊ မျိုး အခက်အခဲ၊နိုင်ငံခြားငွေကြေး အပြောင်းအလဲတွေ၊ တင်ပို့မှုအခက်အခဲနဲ့ အထွက်နှုန်း ကျဆင်းမှုတွေကြောင့် တောင်သူတွေအတွက် ထင်သလောက် အကျိုးအမြတ် မရရှိခဲ့ပါဘူး။ “အခက်အခဲတွေကတော့ အများကြီးပေါ့။ ဓာတ်မြေဩဇာ၊ သွင်းအားစု ပြဿနာတွေလည်းရှိတယ်။ သယ်ယူစရိတ်တွေလည်းကြီးတာပဲ။ သွင်းအားစုဈေးကြီးလို့ စိုက်ပျိုးတဲ့နေရာမှာ သွင်းအားစုတွေ ထင်သလောက် မသုံးနိုင်ဘူး။ နယ်မြေမငြိမ်းချမ်းတာကြောင့်လည်း စိုက်ပျိုးဖို့က အခက်အခဲဖြစ်တယ်။ ပြန်ရောင်းတော့လည်း တိုက်ပွဲတွေကြောင့် လက်ထဲ ကုန်တွေ ကြာကြာမထားနိုင်တာနဲ့ ရတဲ့ဈေးနဲ့ပြန်ရောင်းကြရတယ်”လို့ ရှမ်းပြည်နယ်…

Read More

ရွှေအင်ကြင်း သခင်မတို့ရွာ ရောက်ခဲ့ပါပေါ့ တမင်

ဆူးငှက် ညို့ညိုဆိုင်းဆိုင်းမှိုင်းဝေရီ တောင်တက်ပါတော့၊ မြူခိုးကလေးတွေ ဘေးကယှက်လို့၊ တောင်တန်းတဖက်တချက် ဝန်းကာရံကာပင်၊ လွမ်းစရာ့ စံရာတခွင်၊ သခင်မမှာ ဟိုအရင်ဘဝတုန်းက ခင်ပဘာသို့အသွင်၊ သနားစရာ့ ရင်ခတ်သရဖီအခွေ အခွေပင်၊ ယခုတိုင်ပဲ ဒိဌအမြင်၊ ပုံတော်အစစ်ကို မြင်ရပြန်တော့၊ သခင်မ အရင်ဘဝက အသက်မရှည်လေခင်း၊ကျေးဇူးရှင်ရယ်… ရွှေလိုရှု.. နေညိုနု… မပျိုဥရဲ့ တောင်တော်အဝင်။ (တောင်တော် သခင်မ – နန်းတော်ရှေ့ဆရာတင်) မန္တလေး၏ အလှဆုံးနေရာကိုပြပါဆိုလျှင် သခင်မတောင်တော် ၊ အိမ်ရှေ့မင်းထန်းတော၊ အင်ကျယ်ရွာနှင့်ချောင်းမကြီးဝန်းကျင်ကို ပြရပေမည်။ သမိုင်းအရ၊ ဒဏ္ဍာရီအရ ၊တောတောင်ရေမြေ ရှုခင်းအရ၊ သစ်ပင် သစ်တောအရ..၊ မန္တလေးနှင့် အလှမ်းမဝေးသည့်နေရာအရ အကောင်းဆုံး အလှဆုံးနေရာလည်းဖြစ်သည်။ ရတနာပုံခေတ်မှသည် သည်ဘက်ခေတ်အထိ မြို့၏အထွတ်အမြတ် အသည်းစွဲနေရာဖြစ်ခဲ့သည်။ ထို့အတူ မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့ အကောင်းဆုံးနေရာကို ပြပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွန်းဆိုရပေမည်။ တချို့ကလည်း မယ်ဥတောင်ဟုခေါ်ဆိုကြ၏။…

Read More

သံဖြူဇရပ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၁ ယောက် ထပ်မံဖမ်းမိ

မတ် ၂၆ – ၂၀၂၃ GG(VOM) မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၁ ယောက်ကို မနေ့ မတ်လ ၂၅ ရက်က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာနားမှာ ရှာဖွေတွေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က တပ်နဲ့ ရဲအဖွဲ့တွေက အရင်တွေ့တဲ့ရွာနားကိုပဲထပ်ရှာကြတာ၊အဲ့ဒီမှာ ထပ်ပြီးတွေ့တာလို့သိရတယ်။ပထမဖမ်းမိတဲ့သူတွေက ရော်ဘာခြံမှာတွေ့တာ၊အခုလည်း အဲ့ဒီပတ်ဝန်းကပဲရှာတွေ့တာလို့ သိရတယ် “လို့ သံဖြူဇရပ်ဒေသခံတဦးကပြောပါတယ်။ ထပ်မံဖမ်းမိသူတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့မောင်တောမြို့နယ်တွေကနေဖြစ်ပြီး ရေကြောင်းကနေဝင်ရောက်လာတာဖြစ်ကြောင်း ၊လက်ရှိမှာ သံဖြူဇရပ်မြို့နယ်အားကစားကွင်းမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကလည်း အလားတူ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီးက ရော်ဘာခြံထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့သေးတယ်လို့သိရပါတယ်။ အဲ့ဒီဖမ်းဆီးရမိတဲ့ ၁၅၄ ယောက်ထဲမှာ…

Read More

ညောင်ခါးရှည်ဂိတ်မှာ ကားပိတ်လို့ ကားအောက်ဝင်အိပ်သူ ကားတက်နင်းခံရပြီး သေဆုံး

မတ် ၂၆ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ ကားတန်းစီရင်း ကားအောက်အိပ်နေတဲ့ ယာဥ်နောက်လိုက်တဦး ကားတက်နင်းလို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့အမျိုးသားဟာ ၁၂ ဘီးကုန်ကားရဲ့ယာဥ်နောက်လိုက်ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကိုဝေဠုကျော်ဆိုသူဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း၊လက်ပံပြားရွာနေထိုင်သူဖြစ်လို့ ရုပ်အေလာင်းကို နေရပ်ဇာတိကို မနေ့မတ်လ၂၅ ရက်နေ့မှာ ပြန်ပို့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ” တနေ့က ၂၄ ရက် ၂ နာရီလောက်ကြီး ကျနော်တို့ဆီသတင်းရလို့ အလောင်းသွားသယ်တယ်။ဦးနှောက်တွေပါပွင့်နေတယ်။ကားတွေကလည်း တန်းစီနေတာအများကြီးရှိတယ်။အိပ်နေရင်းနဲ့ တက်နင်းမိတာလို့ပဲ ပတ်ဝန်းကျင် ပြောစကားအရ သိရတယ်၊ အခုတော့ သူ့ဇာတိကိုပြန်ပို့လိုက်ပါပြီ “လို့ ကူညီရေးလုပ်ဆောင်ခဲ့တဲ့ ပရဟိတသမားတဦးကပြောပါတယ်။ သေဆုံးသူအမျိုးသားရဲ့ကုန်ကားဟာ ရန်ကုန်ကနေ မော်လမြိုင်အဆင်းလမ်းကြောင်းပေါ်က ကားဖြစ်ကြောင်းနဲ့နောက်ထပ်တယောက်လည်း ထိခိုက်ဒဏ်ရာရတာရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ လူသေဆုံးမှုဖြစ်ပွားပြီးနောက် မနေ့ မတ်လ…

Read More

လူလိုက်ပါတဲ့ လကမ္ဘာခရီးစဉ် လာမယ့်နှစ်နှောင်းပိုင်းမှာစေလွှတ်ဖို့ နာဆာစီစဉ်နေ

မတ် ၂၅-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူလိုက်ပါမယ့် လကမ္ဘာခရီးစဉ်စေလွှတ်ဖို့ စီစဉ်နေပါတယ်။ နာဆာဟာ လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်မှာ စွမ်းရည်မြင့်ဒုံးပျံ၊ လွှတ်တင်ရေးစနစ်တို့ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက် လူလိုက်ပါတဲ့လကမ္ဘာခရီးစဉ်အဖြစ် Artemis II မစ်ရှင်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ စေလွှတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီခရီစဉ်ကို လာမယ့်နှစ် နို၀င်ဘာလမှာစေလွှတ်ဖို့ နာဆာကပြင်ဆင်နေပြီး အာကာသယာဉ်မှူးတွေဟာ လကမ္ဘာ၀န်းကျင်ကို Orion အာကာသာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၆ ခုနှစ်မှာ လကမ္ဘာပေါ်ဆင်းသက်ခြေချမယ့် Artemis III မစ်ရှင်ကို စေလွှတ်သွားမှာဖြစ်ပါတယ်။ လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်ကတော့ လကမ္ဘာ၀န်းကျင်ကို ၂၅ ရက်ကြာသွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာအဆုံးသတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ဘေးကင်းလုံခြုံစွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်…

Read More

မြန်မာက လေယာဥ်ဆီတင်သွင်းမှုနဲ့ပတ်သက်ပြီး အဖွဲ့အစည်း ၆ခုနဲ့ လုပ်ငန်းရှင်လင်မယားကို အမေရိကန်က ဒဏ်ခတ်အရေးယူပိတ်ဆို့

မတ် ၂၄ – ၂၀၂၃ GG(VOM) မြန်မာ စစ်တပ်ကို လေယာဥ်ဆီ တင်သွင်းပေးနေတဲ့ သူ ၂ယောက်နဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်နိုင်ငံ ဘဏ္ဍာ​ရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်မံပြုလုပ်လိုက်တယ်လို့ မနေ့ မတ်လ ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့ခံရသူကတွေကတော့ လေယာဥ်ဆီတင်သွင်းနေတဲ့ ဦးထွန်းမင်းလတ် နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ပြီး ဦးထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ ၊ဒါမှမဟုတ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ Star Sapphire Group of Companies၊ Star Sapphire Trading Company Limitedနဲ့ Star Sapphire Group Pte. Limited ကိုပါ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။ နောက်ပြီး လေယာဉ်ဆီ တင်သွင်းနိုင်အောင် ကူညီပေးနေတဲ့ Asia Sun Group၊ Asia…

Read More
VOM News

FREE
VIEW