ကေ့ာကရိတ်မြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ပြီး လူထိခိုက်မှုနဲ့ နေအိမ်မီးလောင်ပျက်ဆီးမှုတွေလည်းရှိနေ

ဧပြီ ၆-၂၀၂၃
GG (VOM)

ကေ့ာကရိတ်မြို့နယ် ၊ မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေကလည်း မြို့ထဲက ရပ်ကွက်အထိ ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိနေတယ်လို့ သိရပါတယ်။

” ကော့ကရိတ် တိုက်ပွဲပြင်းထန်​နေတယ်၊ မြို့တွင်း လက်နက်ကြီးကျလို့ ပြည်သူ​တွေထိခိုက်မှူရှိနေတယ်၊အခုက အမှတ်(၃)ကင်းစခန်းနဲ့ ကြောင်လျှာ ကုန်း (လမ်း​ဟောင်း)ကြားမှာ တိုက်ပွဲတွေဖြစ်နေတာပါ။အခုချိန်ထိဖြစ်​နေတာပါ။မ​နေ့ကနဲ့အခုထိဆိုရင် ၅ဦး ထိခိုက်မှုရှိပါတယ်”လို့ ကော့ကရိတ်မြို့ခံတဦးကပြောပါတယ်။

ကော့ကရိတ်မြို့၊ အမှတ်(7)ရပ်ကွက်နဲ့အမှတ်(4)ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့မှာ လက်နက်ကြီးတွေကျရောက်နေတာဖြစ်ကြောင်း၊ ရွာဘက်တွေဆိုရင် နေအိမီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

” ဒီမနက်တော့တိုက်ပွဲတွေဖြစ်နေတာဟုတ်တယ်၊ကော့ကရိတ်မြဝတီလမ်းဟောင်းဘက်၊မြို့အထွက်ပေါ့။စခန်းကိုလာပစ်ကြတာလို့သိရတယ်။မြို့ထဲကိုလက်နက်ကြီးကျတာလည်းဟုတ်တယ်၊ အမှတ် ၇ ရပ်ကွက်ထဲက အမျိုးသမီးတယောက်နဲ့ နောက်ထပ်အမျိုးသမီးတယောက် ဒဏ်ရာရတယ်၊ အခုတိုက်ပွဲဖြစ်နေတာက ကော့ကရိတ်မြို့ မြောက်ဘက်အပိုင်းမှာပေါ့။မြို့ကတော့ပုံမှန်လိုသွားလာနေတာမျိုးမရှိဘူး ” လို့ နောက်ထပ် ကော့ကရိတ်ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

အဲ့ဒီ တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ထဲမှာလည်း ဈေးဆိုင်ခန်းအချို့ပိတ်ထားကြသလို မြို့တွင်းသွားလာလှုပ်ရှားမှုလည်း အလွန်းနည်းပြီး လမ်းကြောင်းတွေရှင်းနေတယ်လို့ သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတာက ကော့ကရိတ်မြို့ရဲ့ မြောက်ပိုင်းဘက်ခြမ်းမှာဖြစ်တာကြောင့် ကော့ကရိတ် တောင်ပိုင်းမှာရှိတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာတော့ အသွားအလာ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဧပြီလ ၃ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ကြောင်လျှာကုန်းရွာမှာ နေအိမ် ၂၃လုံး၊ ဆန်စက် ၁လုံး၊ စပါးကျည် ၁၀လုံးခန့်အပါအဝင် လယ်ယာသုံး စက်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

ကရင်ပြည်နယ်ထဲမှာ ကော့ကရိတ်မြို့က တိုက်ပွဲတွေအဖြစ်ဆုံးမြို့တမြို့ဖြစ်လို့ စစ်ဘေးရှောင်နေရသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ကော့ကရိတ် #တိုက်ပွဲပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW