ရွှေ့ပြောင်းဒုက္ခသည်ထောင်ပေါင်းများစွာ မက္ကကိုစီတီးသို့ ချီတက်လာနေ

မက္ကဆီကိုစီးတီ၊ ဧပြီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

မက္ကဆီကိုရှိ ဒုက္ခသည်ထိန်းသိမ်းရေးစခန်းတွေ ရပ်ဆိုင်းရေးတောင်းဆိုမှု တစိတ်တပိုင်းအဖြစ် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ မက္ကဆီကိုတောင်ပိုင်းကိုဖြတ်ပြီး မြို့တော်မက္ကဆီကိုစီးတီးကို ဧပြီ ၂၃ ရက်မှာ ချီတက်နေကြပါတယ်။

အမေရိကန်နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတခုမှာ လွန်ခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

မိမိတို့တောင်းဆိုနေတဲ့ တခုတည်းသောအရာဟာ တရားမျှတမှုနဲ့ အခြားသူတွေလိုဆက်ဆံခံရဖို့ဖြစ်ကြောင်း ဆန္ဒပြချီတက်ရာမှာ ပါ၀င်သူတဦးကပြောပါတယ်။

ဆန္ဒပြချီတက်သူတွေဟာ မြို့တော်မက္ကဆီကိုစီးတီးကို ၁၀ ရက်တွင်း ရောက်ရှိဖွယ်ရှိနေပါတယ်။

ဆန္ဒပြသူအများစုဟာ ဗဟိုအမေရိက၊ ကျူးဘား၊ ဗင်နီဇွဲလား၊ အီကွေဒေါနဲ့ ကိုလံဘီယာတို့မှဖြစ်ပါတယ်။

သူတို့စာ ဂွါတီမာလာနယ်စပ်အနီး မက္ကဆီကိုနိုင်ငံ တာပါချူလာမြို့မှ ဧပြီ ၂၃ ရက် အရုဏ်တက်မှာ စတင်ချီတက်လာခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်စုစုပေါင်း ၃၀၀၀ ကျော်ပါ၀င်ပါတယ်။

အခုလိုက်ချီတက်ရာမှာ အမေရိကန်နယ်စပ်ကို ဒုက္ခသည်ဘယ်လောက်ထိရောက်ရှိမလဲဆိုတာကို သေချာစွာမသိရသေးပါဘူး။

မက္ကဆီကိုစီးတီး သို့မဟုတ် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို မရောက်ရှိမီ ချီတက်လာတဲ့ ဒုက္ခသည်အုပ်စုတွေကို အာဏာပိုင်တွေက မကြာခဏဖြိုခွဲလေ့ရှိပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီ

Related posts

✕
VOM News

FREE
VIEW