ဧပြီ ၇ -၂၀၂၃ GG(VOM) ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်ကို ငွေကျပ် သိန်း ၅၀၀၀ လိမ်လည်ချေးယူမှုနဲ့ ပထမအကြိမ်အမှုဖွင့်ခဲ့ပြီး အခုနောက်တဆင့်အနေနဲ့ တရားစွဲဖို့လုပ်နေတယ်လို့ ငွေထုတ်ပေးခဲ့သူ ဦးစိုးလိူင် ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ မို့မို့မြင့်အောင်ကို အင်းတကော်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ အဲ့ဒီနောက် မင်းသမီးမို့မို့မြင့်အောင်ဟာ ရဲစခန်းမှာ အာမခံရယူပြီး ငွေကိုပြန်လည်ပေးဆပ်ပါမယ်လို့ ပြောဆိုခဲ့ပေမယ့်အခုချိန်ထိ ပြန်လည်ပေးဆပ်လာခြင်းမရှိတဲ့အတွက် တရားစွဲဆိုတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ” အမှုဖွင့်တော့ ရဲစခန်းကဆင့်ခေါ်တော့ သူတို့ရောက်လာတယ်၊ဖေဖော်ဝါရီလ၁၉ ရက်မှာ လာတယ်၊အာမခံယူတယ်၊သူတို့ပိုက်ဆံယူခဲ့တာ ဟုတ်တယ်လို့ရဲစခန်းမှာထွက်ဆိုတယ်၊ပိုက်ဆံကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြန်ပေးမယ့်ပြောပေမယ့် အခုထိ ပြန်မပေးလို့ တရားစွဲဖို့လုပ်နေတာပါ”လို့ ဦးစိုးလှိုင်ကပြောပါတယ်။ အမှုဖွင့်မတိုင်ကြားခင်ကလည်း အဲ့ဒီချေးငွေ သိန်း ၅၀၀၀ ကို ပြန်လည်ပေးဆပ်ဖို့ မို့မို့မြင့်အောင်နဲ့သူရဲ့ အမျိုးသားဖြစ်သူ ဦးမောင်မောင်ကျော်တို့ကို အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် ရှောင်တိမ်း ထွက်ပြေးခဲ့တယ်လို့…
Read MoreMonth: April 2023
လက်ဘနွန်နဲ့ဂါဇာရှိ ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးကတိုက်ခိုက်ပြီး လက်တုံ့ပြန်
ဂျေရုဆလင်၊ ဧပြီ-၇-၂၀၂၃ မျိုးဆက်(VOM) လက်ဘနွန်နဲ့ဂါဇာကမ်းမြှောင်ဒေသတလျှောက်ရှိ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။ လက်ဘနွန်မှ ဒုံးကျည်ဖြင့်အစ္စရေးကို တိုက်ခိုက်မှုပြီးနောက် အစ္စရေးက အခုလိုလက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးကျည်တိုက်ခိုက်မှုကို ဟားမတ်စ်အဖွဲ့က လုပ်ဆောင်တယ်လို့ အစ္စရေးက ပြစ်တင်ပြောဆိုပါတယ်။ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့ကြောင်း အစ္စရေးတာ၀န်ရှိသူတွေကပြောပါတယ်။ ဂျေရုဆလင်ရှိ အယ်လ်အက်ဆာဗလီကို ယခုသီတင်းပတ်အစောပိုင်းမှာ အစ္စရေးရဲတပ်ဖွဲ့က ညပိုင်းတွေမှာ ဆက်တိုက်၀င်ရောက်စီးနှင်းမှုတွေ ပြုလုပ်ပြီးနောက် တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ အဲဒီဗလီ၀တ်ကျောင်းတော်ဟာ အစ္စလာမ်ဘာသာရဲ့ တတိယမြောက်အမြင့်မြတ်ဆုံးနေရာဖြစ်ပြီး အစ္စရေးရဲ့ စီးနှင်းမှုတွေကြောင့် ပါလက်စတိုင်းတွေနဲ့ ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်စေခဲ့ပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar #VOM #ဂျေရုဆလင်
Read Moreပုဏ္ဏားကျွန်းမှာ ဒိုင်းနက်ရိုးရာ ပန်းမျှောပွဲ ပြုလုပ်မယ်
ဧပြီ၊၇-၂၀၂၃ MM[VoM] ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးတွေရဲ့ရိုးရာပန်းမျှောပွဲတော်ကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရှင်တော်ကျေးရွာမှာ လာမယ့် ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်မှာပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီကနေ သိရပါတယ်။ အဲ့ဒီ ဒိုင်းနက် ရိုးရာပန်းမျှောပွဲဟာ ပန်းအမျိုးမျိုးကို ငှက်ပျောရွက်ပေါ်တင် အလှဆင်ပြီး ရေကြည်ရာချောင်းကမ်းစပ်ကို သွားရောက်ကာ ချောင်းစောင့်နတ်၊ မြစ်စောင့်နတ်တွေကို ရည်စူးတယ်ဆိုပြီး ပန်းတွေကိုမျှောကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ ”တိမ်မြုပ်ပျောက်ကွယ်လာတဲ့ ရိုးရာဓလေ့၊ယဉ်ကျေးမှုတွေပြန်ပေါ်လာစေရေးကို ရည်ရွယ်ပြီးလုပ်တာ၊ဒိုင်းနက် (ခေါ်)သက္ကမစာပေနဲ့ယဉ်ကျေးမှုအသင်းကဦးဆောင်ပြီး ရိုးရာပန်းမျှောပွဲပြုလုပ်သွားမှာပါ၊ စည်စည်ကားကားဖြစ်အောင်လုပ်ဖို့ အစစ အရာရာ ပြင်ဆင်နေပါတယ်၊အဓိက ကတော့ ရေဟာမရှိမဖြစ် ဖြစ်လို့ ရေစောင့်နတ်တွေ၊ မြစ်စောင့်နတ်တွေကို ပန်းနဲ့ပူဇော်တဲ့ပွဲပါ။”လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ ပြုလုပ်မယ့် ပန်းမျှောပွဲတော်ကို ရခိုင်၊ မြို၊ ခမီ စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားပြီး ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးတွေရဲ့သမိုင်းဆိုင်ရာ ဟောပြောမှုတွေအပြင် ရိုးရာအကအလှတွေနဲ့လည်း ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ရိုးရာပန်းမျှောပွဲကို…
Read Moreပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ဖွင့်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်ကားတစီး မီးရှို့ခံရ
ဧပြီ ၇ – ၂၀၂၃ GG(VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ဖွင့်ခဲ့တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ဒီနေ့ ဧပြီလ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကုန်တင်ကားတစီးမီးရှို့ဖျက်ဆီးခံရမှုဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ ” ဟိုဘက်ရက်ကဖွင့်လို့ ကားတွေပြန်သွားကြတယ်။မကြာဘူး တိုက်ပွဲတွေပြန်ဖြစ်တယ်။ဒီနေ့လည်း ကားတစီးမီးရှို့ခံရတယ်။pdf တွေဘက်ကလည်း လမ်းအသုံးမပြုဖို့ ကြေညာချက်ထုတ်တယ်ဆိုတော့ သင်္ကြန်ရက် နားဖြစ်မှာပါ၊အခါကျော်တောင် အခြေအနေဆက်ကြည့်ရအုံးမှာပါ “လို့ ပို့ကုန်လုပ်ငန်းရှင် တဦးကပြောပါတယ်။ ကော့ကရိတ်မြို့ခံတဦးကလည်း ” ဒီနေ့မွန်းလွဲ၂ နာရီအချိန်မှာ ကုန်ကားကို မီးရှို့သွားတာပါ၊ ပြီးတော့တိုက်ပွဲဖြစ်တယ် ၃း၀၀နာရီလောက်မှာပါ တိုက်ပွဲက တစ်နာရီခန့်ကြာတယ် ၊ ကုန်ကားက ပေပါခွံအလွတ်တွေပါ၊ တိုက်ပွဲပြီး လမ်းကြောင်းရှင်းတော့ ကားတွေသွားကြတယ် ၊PDF အဖွဲ့တွေကတော့ အာရှလမ်းကိုမဖြတ်ဖို့ သတိပေးထားပေမယ့် သွားရဲတဲ့သူက သွားနေကြတာပဲ၊မသွားလည်း မရတော့ သွားနေကြရတာပေါ့”လို့ ပြောပါတယ်။ ကုန်ကားမီးရှို့ခံရတာနဲ့ တိုက်ပွဲတွေဖြစ်ချိန်မှာတော့…
Read Moreအမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု နျူကလီးယားစစ်ပွဲဖြစ်နိုင်တဲ့ထိ တင်းမာနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး
ပြုံးယမ်း ဧပြီ-၆-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက နျူကလီးယားစစ်ပွဲ ဖြစ်နိုင်တဲ့ထိ တင်းမာမှုတွေ တိုးမြင့်လာတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ အဲဒီလိုစစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့လည်း မြောက်ကိုရီးယားဘက်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေကို ပေါက်ကွဲစေတဲ့ထိ တွန်းအားပေးနိုင်တယ်လို့ နိုင်ငံတကာ လုံခြုံရေး လေ့လာသုံးသပ်သူ Choe Ju Hyon ရဲ့သုံးသပ်ပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံပိုဂ် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်နဲ့မဝါမိတ်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ နောက်ပြန်ဆုတ်မရတဲ့ ကပ်ဘေးလိုအခြေအနေဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မတ်လကစပြီး ဝေဟင် ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိမှာလည်း ပူးတွဲစစ်ရေးလေ့ကျင့်နေကြပါတယ်။ ဒါဟာကျူးကျော်ရန်စဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်နေတာဖြစ်ကြောင်း မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ရှုတ်ချပြောဆိုထားပါတယ်။ Ref: Reuters #voiceofmyanmar #VOM #အမေရိကန်-တောင်ကိုရီးယား
Read Moreဆူဒန်မှာ အရပ်သားအစိုးရပြန်လည်ဖွဲ့စည်းရေး သဘောတူညီချက် အာဏာသိမ်းစစ်ခေါင်းတွေ ရွှေ့ဆိုင်း
ခါတွမ်၊ ဧပြီ-၆-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အရပ်သားအစိုးရပြန်လည်ဖွဲ့စည်းဖို့ နောက်ဆုံးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးရေးကို ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးမယ့် အဲဒီသဘောတူညီချက်မူကြမ်းကို အဓိကထား ပြီး စစ်ဘက် အရပ်ဘက် ညှိနှိုင်းဆွေးနွေးမှုတွေကို မနေ့ကညထိ လုပ်ခဲ့ကြပါတယ်။ နိုင်ငံကိုနှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ ဆူဒန်ခေါင်းဆောင် ဘာရှာကို ၂၀၁၉ ခုနှစ်က ဖြုတ်ချခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက ဆူဒန်မှာ နိုင်ငံရေးအကျပ်အတည်းဖြစ်နေခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန်ကျင်တဲ့ ပြင်းထန်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲများ အပြီးမှာ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ေတာ ့စစ်တပ်က အရပ်သားတွေကို အာဏာလွှဲပြောင်းပေးရေး လမ်းပြမြေပုံကို စစ်ဘက်အရပ်ဘက် သဘောတူခဲ့ကြပါတယ်။ Ref:BBC #voiceofmyanmar #VOM
Read Moreကေ့ာကရိတ်မြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ပြီး လူထိခိုက်မှုနဲ့ နေအိမ်မီးလောင်ပျက်ဆီးမှုတွေလည်းရှိနေ
ဧပြီ ၆-၂၀၂၃ GG (VOM) ကေ့ာကရိတ်မြို့နယ် ၊ မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေကလည်း မြို့ထဲက ရပ်ကွက်အထိ ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိနေတယ်လို့ သိရပါတယ်။ ” ကော့ကရိတ် တိုက်ပွဲပြင်းထန်နေတယ်၊ မြို့တွင်း လက်နက်ကြီးကျလို့ ပြည်သူတွေထိခိုက်မှူရှိနေတယ်၊အခုက အမှတ်(၃)ကင်းစခန်းနဲ့ ကြောင်လျှာ ကုန်း (လမ်းဟောင်း)ကြားမှာ တိုက်ပွဲတွေဖြစ်နေတာပါ။အခုချိန်ထိဖြစ်နေတာပါ။မနေ့ကနဲ့အခုထိဆိုရင် ၅ဦး ထိခိုက်မှုရှိပါတယ်”လို့ ကော့ကရိတ်မြို့ခံတဦးကပြောပါတယ်။ ကော့ကရိတ်မြို့၊ အမှတ်(7)ရပ်ကွက်နဲ့အမှတ်(4)ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့မှာ လက်နက်ကြီးတွေကျရောက်နေတာဖြစ်ကြောင်း၊ ရွာဘက်တွေဆိုရင် နေအိမီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ” ဒီမနက်တော့တိုက်ပွဲတွေဖြစ်နေတာဟုတ်တယ်၊ကော့ကရိတ်မြဝတီလမ်းဟောင်းဘက်၊မြို့အထွက်ပေါ့။စခန်းကိုလာပစ်ကြတာလို့သိရတယ်။မြို့ထဲကိုလက်နက်ကြီးကျတာလည်းဟုတ်တယ်၊ အမှတ် ၇ ရပ်ကွက်ထဲက အမျိုးသမီးတယောက်နဲ့ နောက်ထပ်အမျိုးသမီးတယောက် ဒဏ်ရာရတယ်၊ အခုတိုက်ပွဲဖြစ်နေတာက ကော့ကရိတ်မြို့ မြောက်ဘက်အပိုင်းမှာပေါ့။မြို့ကတော့ပုံမှန်လိုသွားလာနေတာမျိုးမရှိဘူး ” လို့ နောက်ထပ် ကော့ကရိတ်ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ အဲ့ဒီ တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ထဲမှာလည်း ဈေးဆိုင်ခန်းအချို့ပိတ်ထားကြသလို မြို့တွင်းသွားလာလှုပ်ရှားမှုလည်း အလွန်းနည်းပြီး လမ်းကြောင်းတွေရှင်းနေတယ်လို့ သိရပါတယ်။…
Read Moreနောင်ချိုမြို့က ရွာအချို့မှာ စစ်ဘေးရှောင်နေရသူ ထောင်နဲ့ချီရှိနေ
ဧပြီ ၆ – ၂၀၂၃ GG (VOM) ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ကျေးရွာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားလို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဧပြီ ၅ ရက်နေ့က နောင်ချို၊ ကျောက်မဲလေးရွာ နဲ့ သံဘိုရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ရွာဘက်ကို လက်နက်ပစ်ခတ်မှုရှိတာကြောင့်နဲ့ လေကြောင်းပစ်ခတ်မှုတွေပါရှိလာမှာကို စိုးရိမ်တဲ့အတွက် ရွာသားတွေက ထွက်ပြေးနေတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကတော့ တိုက်ပွဲတွေဖြစ်နေတယ်၊ဒီနေ့တော့ မကြားရသေးဘူး။ ဒေသခံတွေက အရင်ကလည်းလေယာဥ်နဲ့ဗုံးကျဲတာတွေ၊ပစ်တာတွေကြုံရတော့ အခုတခါလည်း တိုက်ပွဲဖြစ်ရင် လေယာဥ်တွေပါလာမှာကိုကြောက်ပြီး ထွက်ပြေးကြတာပါ။ နောင်ချိုမြို့နဲ့ အခုဖြစ်နေတဲ့ရွာတွေနဲ့ကမိုင်၃၀ လောက်ဝေးတယ် “လို့ နောင်ချိုမြို့ခံတဦးကပြောပါတယ်။ လက်ရှိမှာ ကျောက်မဲလေးရွာ၊သံဘိုရွာ၊ ချောင်းကွေ့ရွာ၊ ထုံးကုန်းရွာ၊ ဟိုခိုရွာက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြတာဖြစ်ကြောင်း၊နောင်ချိုမြို့ပေါ် လာရောက်တိမ်းရှောင်သူရှိသလို ပြင်ဦးလွင် ဘက်ကို တိမ်းရှောင်သွားကြတာလည်းရှိတယ်လို့ သိရပါတယ်။ ”…
Read Moreရွှေကုက္ကိုလ်မြို့သစ်နားမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ၅၀၀၀ ကျော် စစ်ရှောင်နေရ၊ ဆေးဝါးနဲ့အစားအသောက်လိုအပ်နေ
ဧပြီ ၆ – ၂၀၂၃ GG(VOM) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့သစ်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံ ၅၀၀၀ ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ် ။ မနေ့က မတ်လ ၅ ရက်နေ့မှာ ရွှေက္ကိုလ်ဒေသ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ထောင်နဲ့ချီ ထိုင်းဘက်ကိုတိမ်းရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ “လောလောဆယ် မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းဘက်ကို စစ်ရှောင်တိမ်းသွားတဲ့ ဒုက္ခသည် ၅၄၀၀ ကျော် ရှိနေတယ်လို့သိရတယ်။သောင်ရင်းမြစ်ကို သူတို့ဘာသာဖြတ်ကူးပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာပါ”လို့မြဝတီက စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ တည်းခိုစရာမရှိတာကြောင့် တောထဲမှာပဲ နေထိုင်နေရတယ်လို့သိရပါတယ်။ ” မနေ့ကမနက်အစောကြီးကတည်းက ပစ်ခတ်နေကြတာ၊တိုက်ပွဲဖြစ်တဲ့ဘက်က ဒေသခံတွေကတော့ ထိုင်းဘက်ကို ပြေးတဲ့သူတွေချည်းပဲ။မြဝတီဘက်ကိုလည်း ထွက်လို့မရပါဘူး။ထိုင်းဘက်ကိုပဲ စစ်ဘေးရှောင်လို့ရတယ်။ မြို့ထဲလည်း ဆိုင်တွေအကုန်ပိတ်ထားကြတယ်။ကျန်တာဘာမှမဖြစ်ဘူး။ “လို့ ရွှေကုက္ကိုလ်ဒေသခံတဦးကပြောပါတယ်။ ထိုင်းဘက်စစ်ဘေးရှောင်တွေထဲမှာ ထိုင်းမြန်မာနယ်စပ် ရွှေကုက္ကိုလ်ကယ်ဆယ်ရေးသဘာဝတရားရိပ်သာက…
Read Moreကမ္ဘာ့ရွှေဈေးကြောင့် ရည်ညွှန်းဈေး ကျပ် ၂၄ သိန်းနီးပါး၊ ပြင်ပရွှေဈေး ကျပ် သိန်း ၃၀ နီးပါးအထိ မြင့်တက်လာ
ဧပြီ ၆ – ၂၀၂၃ SN (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၂၀၀၀ ကျော်အထိ မြင့်တက်လာကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရည်ညွှန်းဈေး ကျပ် ၂၄ သိန်းနီးပါး၊ ပြင်ပရွှေဈေး ကျပ် သိန်း ၃၀ နီးပါးအထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ဧပြီ ၅ ရက်မှာ တအောင်စ ၂,၀၂၅ ဒေါ်လာအထိ ပြန်လည် မြင့်တက်လာခဲ့တာကြောင့် တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး YGEA ရဲ့ ရည်ညွှန်းဈေးဟာလည်း ကျပ် ၂,၃၈၂,၁၀၀ သတ်မှတ်ခဲ့တဲ့အတွက် တရက်အတွင်း ကျပ် ၄၇,၁၀၀ တိုးမြှင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပရွှေဈေးနှုန်းမှာလည်း တကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး တရက်အတွင်း…
Read More