တရုတ်နိုင်ငံခြားရေး၀န်ကြီး မြန်မာနိုင်ငံလာမည် ၊ ကုလအထူးကိုယ်စားလှယ်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့

ပေကျင်း၊ မေ-၂-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်းဂန်ဟာ မေ ၂ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးဟာ အိန္ဒိယမှကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေး၀န်ကြီးတွေအစည်းအဝေးအတွက် အိန္ဒိယနိုင်ငံကိုသွားရောက်မှာဖြစ်ပါတယ်။

သူဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ မြင့်တင်ဖို့နဲ့ အချုပ်အခြာကို လေးစားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူကတိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးမှာ အာဆီယံရဲ့ကြား၀င်ဖြန်ဖြေမှုကိုလေးစားလိုက်နာသင့်ပြီး အာဆီယံဘုံသဘောတူညီချက်ငါးချက်အကောင်အထည်ဖော်ရေးတွေကို မြှင့်တင်ပေးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

မြန်မာ့အရေးမှာ တင်းမာမှုတွေမြင့်တက်လာပြီး အကျပ်အတည်းတွေတိုးလာတာကို တားဆီးဖို့အတွက် လက်တွေ့ကျကျလုပ်ဆောင်ဖို့လိုအပ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာရဲ့ မြန်မာ့အရေကြိုးပမ်းအားထုတ်မှုတွေကို တရုတ်နိုင်ငံက ပံ့ပိုကူညီပေးဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters/CGTN
Photo: Chinese Foreign Ministry
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW