မေ ၈ – ၂၀၂၃ SN (VOM) ဆိုင်ကလုန်းမုန်တိုင်းသတင်းကို စိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က တိုက်တွန်းပြီးနောက် ပြည်တွင်းမှာ ဆန်ဈေးတွေ ထပ်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ ပြည်တွင်းမှာ အရန်ရိက္ခာဆန်စပါးတွေ အပြည့်အဝရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆန်စပါး ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့၊ လိုအပ်တဲ့ပမာဏကိုသာ ဝယ်ကြဖို့နဲ့ ပစ္စည်းမှန်၊ဈေးနှုန်းမှန် ဝယ်ယူလို့မရရင် အသင်းချုပ်နဲ့ ကုန်စည်ဒိုင်တွေကို ဆက်သွယ်ဖို့ MRFက မေလ ၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက် ထွက်ပေါ်ပြီးနောက် မေ ၈ ရက်နေ့မှာ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတွေဟာ ကျပ် ထောင်ဂဏန်းဝန်းကျင် ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ်။ သင်္ကြန်အပြီး တောက်လျှောက် ထိုးတက်လာတဲ့ ဆန်ဈေးနှုန်းတွေဟာ လက်ရှိမှာလည်း မုန်တိုင်းသတင်းကြောင့် ဆန်ချောသာမက ဆန်ကြမ်းဈေးနှုန်းတွေပါ တစ်အိတ်ကို ကျပ် ၂၀၀၀ ကနေ ၅၀၀၀…
Read MoreDay: May 8, 2023
ပေါက်တောမှာ ဒုက္ခသည်စခန်းက နေအိမ် အဆောက်အဦ ၁၅၀ ကျော်မီးလောင်ဆုံးရှုံးပြီး လူအယောက် ၄၀၀၀ နီးပါး မီးဘေးသင့်
မေလ၊ ၈-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှာ မနေ့ မေလ(၇)ရက် ည(၇)နာရီအချိန်က မီးလောင်မှုဖြစ်ပွားပြီး ဒုက္ခသည်စခန်း နေအိမ် အလုံးရေ(၁၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုဟာ ဒုက္ခသည်စခန်းတခုက လင်မယား (၂) ယောက် ထမင်းချက်ရာကနေ မီးစတွေ လွင့်စင်ကာ ဝါးထရံနဲ့ အနီးရှိ ဓာတ်ဆီဘူးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စုစုပေါင်း စစ်ရှောင်စခန်း အလုံးရေ (၁၅၀)ကျော် မီးလောင်းဆုံးရှုံးခဲ့တာလို့ သိရပါတယ်။ ”စခန်းတစ်ခုက ထမင်းချက်ရင်း မီးစတင်လောင်တာ၊အခုမီးလောင်မှုဖြစ်ပွားတဲ့နေရာမှာက ကပ်လျှက်အနေအထားရှိနေတဲ့ တဲအိမ်တွေ မနည်းရှိတယ်၊ ဒါ့ကြောင့် အခုလို ဆုံးရှုံးမှုများတာပါ၊ ဒါတောင် အချိန်မှီ မီးထိန်းနိုင်ခဲ့လို့ ဒီလောက်ပဲလောင်တာ၊ မီးကိုကယ်ဆယ်ရေးစခန်းကသူတွေကနေ ဝိုင်းပြီး မီးငြိမ်းသတ်ခဲ့လို့သက်သာတာ၊ လူထိခိုက်မှုနဲ့ အသက်ဆုံးရှုံးမှုမရှိခဲ့ပါဘူး။”လို့ ကူညီပေးသူတစ်ဦးကပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကြောင့် အလျား ၆၀ ပေ၊…
Read Moreအိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် လူဒါဇင်များစွာသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်
ဒေလီ၊ မေ-၈-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခအတွင်း နေအိမ်တွေ၊ မော်တော်ကားတွေ၊ ဘုရားကျောင်းတွေကို အုပ်စုလိုက်တိုက်ခိုက်မှုကြောင့် လူဒါဇင်များစွာသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်အတွင်းရှိ အဓိကလူမျိုးစုက အဆင့်အတန်းသတ်မှတ်ပေးဖို့တောင်းဆိုမှုကို ဌာနေမျိုးနွယ်စုတွေက ဆန့်ကျင်ဆန္ဒပြမှုပြီးနောက် တပတ်အကြာမှာ အခုလိုအကြမ်းဖက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းရှိတဲ့ မိုက်တိုင်အသိုက်အ၀န်းကလူတွေဟာ သူတို့တွေကို လယ်ယာသစ်တော့မြေတွေကို ၀င်ရောက်လုပ်ကိုင်ခွင့်ပြုဖို့နဲ့ အစိုးရအလုပ်အကိုင်နေရာတွေမှာ အချိုးအစားအာမခံပေးမယ့် Scheduled Tribe အစီအစဉ်မှာပါ၀င်ဖို့ နှစ်ပေါင်းများစွာ တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကို လက်ခံလိုက်မယ်ဆိုရင် တောင်ပေါ်ခရိုင်တွေမှာနေထိုင်ကြတဲ့ ကူကစ်မျီုးနွယ်စုအဖြစ် အသိအမှတ်ပြုခံရပြီးသား မျိုးနွယ်စုတွေက သူတို့ရဲ့ ဘိုးဘွားပိုင်သစ်တောလယ်ယာမြေတွေကို ထိန်းချုပ်ထားမှု ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ လက်ရှိမှာတော့ တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားတာ အင်တာနက်အသုံးပြုခွင့်ကိုလည်း ဆိုင်းငံ့ထားပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ အိန္ဒိယပြည်ထဲရေး၀န်ကြီး အမစ်ဆာရ်ှက ပြောဆိုထားပြီး မျိုးနွယ်စုတွေရဲ့တောင်းဆိုချက်တွေကို…
Read Moreအာရပ်အဖွဲ့ချုပ်ကနေ ၁၀နှစ်ကျော် ထုတ်ပယ်ခံထားရတဲ့ ဆီးရီးယား အဖွဲ့ထဲပြန်လည်၀င်ရောက်ခွင့်ရ
ဒမတ်စကတ်၊ မေ-၈-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားဟာ အာရပ်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံထားပြီးနောက် ဆယ်စုနှစ်တခုကျော်အကြာမှာ အာရပ်အဖွဲ့ချုပ်ထဲကို ပြန်လည်၀င်ရောက်ခွင့်ရရှိပြီဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက်ဖြိုခွင်းမှုတွေကြောင့် ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ယခုလနှောင်းပိုင်းမှာ ဆီးရီးယားသမ္မတ အာဆက်တက်ရောက်မယ့် ဆော်ဒီအာရေဗျမှာ ကျင်းပဖို့ရှိနေတဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာရပ်အဖွဲ့ချုပ်သို့ ပြန်လည်၀င်ရောက်ခွင့် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အခုလို အာရပ်အဖွဲ့ချုပ်ထဲ ပြန်လည်၀င်ရောက်ခွင့်ပြုခြင်းကို အမေရိကန်နဲ့ ဗြိတိန်တို့က ဝေဖန်ပြောဆိုထားပါတယ်။ ဆီးရီးယားကို အဖွဲ့ထဲ ပြန်လည်၀င်ရောက်ခွင့်ပြုဖို့ မထိုက်တန်သေးသော်လည်း ဆီးရီးယားအကျပ်အတည်းကို ဖြေရှင်းဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ ရေရှည်ရည်မှန်းချက်တွေကို ထောက်ခံကြောင်း အမေရိကန်က ပြောပါတယ်။ ဗြိတိန်အနေနဲ့ ဆီးရီးယားအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆန့်ကျင်ဆဲဖြစ်ပြီး အာဆက်ရဲ့ ဆီးရီးယားအစိုးရဟာ အပြစ်မဲ့ဆီးရီးယားပြည်သူတွေကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ဗြိတိန်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM…
Read Moreမြန်မာနိုင်ငံအပြင် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှာလည်း အပူချိန် စံချိန်တင်မြင့်မားမှုနဲ့ ကြုံတွေ့နေရ
ဟနွိုင်း ၊ မေ-၈-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံရဲ့ အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ်ကျော်ထိ စံချိန်တင်မြင့်တက်နေပြီး လက်ရှိပမာဏကို များမကြာမီ ကျော်လွန်သွားနိုင်ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ အဲဒီအပူချိန်ကို နိုင်ငံမြောက်ပိုင်း သန်ဝါပြည်နယ်မှာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး နေစဉ်အပူပြင်းဆုံးအချိန်တွေမှာ ပြင်ပကိုသွားလာခြင်းမပြုဘဲ နေအိမ်မှာသာနေထိုင်ကြဖို့ တာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ဗီယက်နမ်အပြင် ဒေသတွင်းရှိအခြားနိုင်ငံတွေမှာလည်း အလွန်ပူပြင်းတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ထိုင်းနိုင်ငံအနောက်ပိုင်း မာ့က်ခ်ခရိုင်မှာ အပူချိန်ဟာ ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်နေပြီး အိမ်နီးချင်းမြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်မားလျှက်ရှိပါတယ်။ နှစ်နိုင်ငံစလုံးဟာ မုတ်သုံရာသီမတိုင်မီ ပူပြင်းသောကာလကို ကြုံတွေ့ရလေ့ရှိပေမယ့် ယခုနှစ်အပူချိန်ကတော့ ယခင်စံချိန်တွေကို ချိုးဖျက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဗီယက်နမ်နိုင်ငံရဲ့ အပူချိန်စံချိန်သစ်ဟာ စိုးရိမ်စရာဖြစ်ကြောင်း ဗီယက်နမ်ရာသီဥတုကျွမ်းကျင်သူတွေက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဟနွိုင်း
Read Moreအင်ဒိုနီးရှားနဲ့ စင်္ကာပူ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ
မေ ၊ ၈ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးခရိုင် ၊ ဆီဆိုင်မြို့နယ် ၊ ဆီဆိုင် – ဆိုင်ခေါင်း ကားလမ်းမှာ မနေ့ မေ ၇ ရက် မနက်ပိုင်းက အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တောင်ကြီးခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်မှာ ဆီဆိုင် – ဆိုက်ခေါင်း ကားလမ်းပိုင်း ၊ မိုင်တိုင် အမှတ် ၄၁ နားမှာ ပစ်ခံရတာပါ ၊ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ကားတွေက သံတမန်ယာဥ် ၃စီး ၊ ထွေ/အုပ်ယာဥ် ၃ စီး နဲ့ လုံခြုံရေး ယာဥ် ၁ စီးဖြစ်တယ် ၊…
Read Moreမုန်တိုင်းအချက်ပေး ခေါင်းလောင်းသံ
SN (VOM) မြန်မာနိုင်ငံမှာ မုန်တိုင်းရာသီ (၂)ချိန်ရှိပြီး မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မေလလယ်အထိနဲ့ မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိပြီး ကနဦးမှာ အနောက် (သို့မဟုတ်) အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားတတ်ကာ တစ်ခါတရံမှာတော့ မြောက် (သို့မဟုတ်) အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲ ရွေ့လျားတတ်တယ်လို့ သိရပါတယ်။ အခုလို ရွေ့လျားမှုဟာ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ မုတ်သုံလေ ရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တွေ ဖြစ်ပေါ် တတ်ပြီး မိုးကြိုရာသီနဲ့ မိုးလွန်ရာသီတွေမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေဟာ အဖျက်စွမ်းအားများပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်စေတတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေရဲ့ အရေးပါလှတဲ့ အဖျက်စွမ်းအား (၃) မျိုးကတော့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနဲ့ မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပါတယ်။…
Read More