ဟနွိုင်း ၊ မေ-၈-၂၀၂၃
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံရဲ့ အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ်ကျော်ထိ စံချိန်တင်မြင့်တက်နေပြီး လက်ရှိပမာဏကို များမကြာမီ ကျော်လွန်သွားနိုင်ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။
အဲဒီအပူချိန်ကို နိုင်ငံမြောက်ပိုင်း သန်ဝါပြည်နယ်မှာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး နေစဉ်အပူပြင်းဆုံးအချိန်တွေမှာ ပြင်ပကိုသွားလာခြင်းမပြုဘဲ နေအိမ်မှာသာနေထိုင်ကြဖို့ တာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ဗီယက်နမ်အပြင် ဒေသတွင်းရှိအခြားနိုင်ငံတွေမှာလည်း အလွန်ပူပြင်းတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း မာ့က်ခ်ခရိုင်မှာ အပူချိန်ဟာ ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်နေပြီး အိမ်နီးချင်းမြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်မားလျှက်ရှိပါတယ်။
နှစ်နိုင်ငံစလုံးဟာ မုတ်သုံရာသီမတိုင်မီ ပူပြင်းသောကာလကို ကြုံတွေ့ရလေ့ရှိပေမယ့် ယခုနှစ်အပူချိန်ကတော့ ယခင်စံချိန်တွေကို ချိုးဖျက်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဗီယက်နမ်နိုင်ငံရဲ့ အပူချိန်စံချိန်သစ်ဟာ စိုးရိမ်စရာဖြစ်ကြောင်း ဗီယက်နမ်ရာသီဥတုကျွမ်းကျင်သူတွေက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဟနွိုင်း