သံလွင်တံတားစစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား(၆)ဦး ဖမ်းဆီးရမိ

မေ၊၉-၂၀၂၃
MM[VOM]

မွန်ပြည်နယ် ၊ သံလွင်တံတား(မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်း၊ တံတားထိပ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆ ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား ၆ ဦးကို သံလွင်တံတားထိပ်မှာ စောင့်နေတဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက မော်တော်ယာဉ်တွေကို စစ်ဆေးဆောင်ရွက်နေရင်း YGN-33၊ 4D-4410 နံပါတ်တပ်ဆင်ထားသည့် လန်ခရူဆာ (အဖြူရောင်) ယာဉ်ကို ရပ်တန့်စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာလို့သိရပါတယ်။

”စစ်ဆေးရာမှာ ယာဉ်ပေါ်ကနေ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ဦး စုစုပေါင်း ၆ ဦးကို စစ်ဆေးတွေ့ရှိဖမ်းမိတာပါ၊ တရုတ်နိုင်ငံသား ၆ ဦးကို မော်တော်ယာဉ်နဲ့ တင်ဆောင်လာသူက အမှတ်(၁) ၊ မြို့မရပ်ကွက်၊ မဘိန်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနေသူပါ၊ အသက် ၂၆ နှစ်အရွယ် ဇေယျာမင်းဖြစ်တယ်၊ သူ့ကိုပါ ဖမ်းမိတာပါ။”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။

အဲ့ဒီ ယာဉ်မောင်းဖြစ်သူကို စစ်ဆေးရာမှာ မြဝတီမြို့က နေ မော်လမြိုင်- မုတ္တမမြို့ကို သယ်ဆောင်မောင်းနှင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသား ၆ ဦးနဲ့ ယာဉ်မောင်းတို့ကို အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးဆောင်ရွက်နေပြီး လက်ရှိမှာ တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး အသေးစိပ်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သံလွက်တံတား #တရုတ်နိုင်ငံသားခြောက်ဦး #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW