တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ သဘောတူ

ခါတွမ်၊ မေ-၁၂-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဆူဒန်စစ်တပ်နဲ့ပြည်သူ့စစ်တို့အကြား အရပ်သားတွေကို အကာအကွယ်ပေးရေး နဲ့ ကူညီထောက်ပံ့မှုတွေပေးအပ်ဖို့သဘောတူညီချက်ကို မေ ၁၁ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒါပေမယ့််နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ခြင်းမရှိသေးပါဘူး။ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ဆော်ဒီတို့ရဲ့ ကမကထပြုမှုနဲ့ပြုလုပ်တဲ့ဆွေးနွေးပွဲတွေမှာ နှစ်ဘက်အကြား ဆွေးနွေးမှုတွေ အလှမ်းကွာဆဲဖြစ်တယ်လို့ အမေရိကန်သံတမန်တွေက ပြောပါတယ်။

နိုင်ငံတကာအကူအညီတွေ ၀င်ရောက်ခွင့်ပြုရေးနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေကို ဘေးလွတ်ရာသို့ ထွက်ခွာခွင့်ပြုမယ်လို့ ဆူဒန်စစ်တပ်နှင့် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့တို့က သဘောတူခဲ့ပါတယ်။

ယခင်အပစ်အခတ်ရပ်စဲရေးတွေ ကျိုးပေါက်မှုကြောင့် ၁၀ ရက်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်တဲ့ အဆိုပြုချက်တွေနဲ့ စောင့်ကြည့်ရေးယန္တရားကို ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။

အရပ်သားအုပ်ချုပ်မှုကို အသွင်ကူးပြောင်းဖို့စီစဉ်ထားတဲ့ အစီအစဉ်အောက်မှာ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ဆူဒန်စစ်တပ်ှာပေါင်းစည်းဖို့ကို ပြည်သူ့စစ်အဖွဲ့က လက်မခံပြီးနောက် ဧပြီလလယ်ကစပြီး ပဋိပက္ခတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

VOM News

FREE
VIEW