ယူကရိန်းသမ္မတဇီလန်စကီး ဗြိတိန်၀န်ကြီးချုပ်နဲ့တွေ့ဆုံဖို့ လန်ဒန်ကို မကြေညာဘဲ ရောက်ရှိနေ

လန်ဒန်၊ မေ-၁၅-၂၀၂၃

မျိုးဆက်(VOM)

ယူကရိန်းသမ္မတဇီလန်စကီးဟာ ၀န်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့တွေ့ဆုံဖို့ ဗြိတိန်ကို မကြေညာဘဲ ရောက်ရှိနေပါတယ်။

ယူကရိန်းရဲ့မိတ်ဆွေဖြစ်တဲ့ ဗြိတိန်၀န်ကြီးချုပ်ဆူနက်ခ်နဲ့တွေဆုံပြီး ခိုင်မာတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။

ရုရှားရဲ့ကျူးကျော်မှုတွေကို ပြန်လည်တိုက်ထုတ်နေရဲ့ ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ ဗြိတိန်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

မစ္စတာဇီလန်စကီးဟာ ယူကရိန်းအတွက် အထောက်အပံ့တွေ ပိုမိုအားကောင်းလာဖို့အတွက် မကြာသေးမီရက်ပိုင်းအတွင်း အနောက်အုပ်စုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြေပြင်နဲ့ ဝေဟင်မှာ ယူကရိန်းတပ်တွေရဲ့ စွမ်းဆောင်ရည်အားကောင်းဖို့အတွက် ဗြိတိန်ဟာဦးဆောင်သူတွေထဲမှာပါ၀င်ပြီး ဒီကိစ္စတွေကို ဆက်လက်ဆွေးနွေးနေတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

ယူကရိန်းကို မိမိတို့လက်လျှော့မှာမဟုတ်ကြောင်း၊ လက်ရှိအချိန်ဟာ ယူကရိန်းစစ်ပွဲအတွက် အရေးကြီးသောအခိုက်အတန့်ဖြစ်ပြီး ပူတင်ရဲ့ကျူးကျော်စစ်ရှေ့တန်းမှာ ယူကရိန်းဖြစ်နေပေမယ့် စစ်ပွဲရဲ့အကျိုးဆက်တွေက ကမ္ဘာကိုပျံ့နှံ့နေကြောင်း ဗြိတိန်၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW