ယူကရိန်းသမ္မတဇီလန်စကီး ဗြိတိန်၀န်ကြီးချုပ်နဲ့တွေ့ဆုံဖို့ လန်ဒန်ကို မကြေညာဘဲ ရောက်ရှိနေ

လန်ဒန်၊ မေ-၁၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းသမ္မတဇီလန်စကီးဟာ ၀န်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့တွေ့ဆုံဖို့ ဗြိတိန်ကို မကြေညာဘဲ ရောက်ရှိနေပါတယ်။ ယူကရိန်းရဲ့မိတ်ဆွေဖြစ်တဲ့ ဗြိတိန်၀န်ကြီးချုပ်ဆူနက်ခ်နဲ့တွေဆုံပြီး ခိုင်မာတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။ ရုရှားရဲ့ကျူးကျော်မှုတွေကို ပြန်လည်တိုက်ထုတ်နေရဲ့ ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ ဗြိတိန်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ မစ္စတာဇီလန်စကီးဟာ ယူကရိန်းအတွက် အထောက်အပံ့တွေ ပိုမိုအားကောင်းလာဖို့အတွက် မကြာသေးမီရက်ပိုင်းအတွင်း အနောက်အုပ်စုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြေပြင်နဲ့ ဝေဟင်မှာ ယူကရိန်းတပ်တွေရဲ့ စွမ်းဆောင်ရည်အားကောင်းဖို့အတွက် ဗြိတိန်ဟာဦးဆောင်သူတွေထဲမှာပါ၀င်ပြီး ဒီကိစ္စတွေကို ဆက်လက်ဆွေးနွေးနေတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းကို မိမိတို့လက်လျှော့မှာမဟုတ်ကြောင်း၊ လက်ရှိအချိန်ဟာ ယူကရိန်းစစ်ပွဲအတွက် အရေးကြီးသောအခိုက်အတန့်ဖြစ်ပြီး ပူတင်ရဲ့ကျူးကျော်စစ်ရှေ့တန်းမှာ ယူကရိန်းဖြစ်နေပေမယ့် စစ်ပွဲရဲ့အကျိုးဆက်တွေက ကမ္ဘာကိုပျံ့နှံ့နေကြောင်း ဗြိတိန်၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #လန်ဒန်

Read More

မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း စလင်းချောင်းတလျှောက်ရှိ ရွာပေါင်း ၂၀ ကျော် ရေမြုပ်ခဲ့

မေ ၁၅ – ၂၀၂၃ SN (VOM) မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ဆင်ဖြူကျွန်းရှိ စလင်းချောင်းရေ လျှင်မြန်စွာ မြင့်တက်ခဲ့တာကြောင့် အဲ့ဒီချောင်းတလျှောက်ရှိ ရွာပေါင်း ၂၀ ကျော် ရေနစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတလျှောက်ရှိ ကျီးသိုက်၊ နောင်တော်ကြီး၊ ကညှပ်၊ ပေါင်းဆည်၊ ယမ်းဘိုကုန်း၊ နွယ်တမယ်၊ ဥယျာဉ်စု၊ ခရေကုန်း၊ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ အစရှိတဲ့ ရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “အိမ်တွေရေမြုပ်သွားပြီ။ ဘာမှ ယူချိန်မရလိုက်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်ဘေးကလွတ်အောင် ပြေးခဲ့ရတယ်။ ကျေးရွာတွေထဲ ပိတ်မိနေတဲ့သူတွေလည်း များတယ်။ အကူအညီ တောင်းခံတာတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက…

Read More

ဥရောပရဲ့နောက်ဆုံးအာဏာရှင် ဘီလာရုစ်သမ္မတ ကျန်းမာရေးအခြေအနေမကောင်းကြောင်း သတင်းတွေထွက်ပေါ်နေ

မင့်စ်၊ မေ-၁၅-၂၀၂၃ မျိုးဆက်(VOM) ဘီလာရုစ် အာဏာရှင်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ အဓိကနိုင်ငံတော်အခမ်းအနားတွေကို တက်ရောက်နိုင်ခြင်းမရှိဘဲ လွဲချော်ခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေမကောင်းဘူးလို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ အသက် ၆၈ နှစ်အရွယ် အာဏာရှင်ခေါင်းဆောင်တဦးဖြစ်သူ လူကာရှန်ကိုဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်နဲ့ နိုင်ငံတော်သီးချင်းနေ့စတဲ့ အခမ်းအနားတွေမှာ များသောအားဖြင့် လူကိုယ်တိုင်တက်ရောက်လေ့ရှိပေမယ့် မေ ၁၄ ရက်မှာတော့ သူ့ကိုယ်စား ၀န်ကြီးချုပ်ကသာ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ မစ္စတာလူကာရှန်ဟာ ရုရှားမှာ လွန်ခဲ့တဲ့ သီတင်းပတ်က ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အခမ်းအနားပြီးနောက် ရုရှားသမ္မတ ပူတင်နဲ့ နေ့လယ်စာ မစားဘဲ ဘီလာရုစ်ကို ပြန်ခဲ့ရပါတယ်။ သူဟာ သိသိသာသာပင်ပန်းနွမ်းနယ်နေပုံရပြီး ညဘက်လက်ကို ပတ်တီးစည်းထားတာကို တွေ့ရှိရတယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မစ္စတာ လူကာရှန်ကိုဟာ မေ ၁၃ ရက်ညပိုင်းက မင့်စ်မြို့အပြင်ဘက်ရှိ သမ္မတဆေးဘက်ဆိုင်ရာ ဌာနတခုသို့ သွားရောက်ခဲ့ရကြောင်း…

Read More

ရခိုင်မှာ မုန်တိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အထိအခိုက် အပျက်အစီးလည်း များခဲ့

မေ ၁၅ – ၂၀၂၃ SN (VOM) မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး မြို့နယ်အတွင်းက အထင်ကရနေရာတွေအပါအဝင် နေရာဒေသများစွာ အပျက်အစီး များပြားခဲ့တယ်လို့ သိရပါတယ်။ ကနဦးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ အောက်စည်းမောင်းရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ မေလ ၁၄ ရက်က ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ အောက်စည်းမောင်းရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ပရဟိကျောင်းအပါအဝင် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်အတွင်းက အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်တော်တောင်က မဟာမုနိ အဆောက်အအုံတချို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေ၊ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေ ပျက်စီးမှု အလွန်များပြားခဲ့တယ်လို့ သိရပါတယ်။ “လက်ရှိမှာ…

Read More

ပုဂံ၊ ညောင်ဦးမြို့နယ်မှာ မိုးများပြီး သဗ္ဗညုဘုရားအပါ ဘုရား ၄ ဆူထိခိုက်မှုရှိခဲ့ပြီး ဘုရားအချို့မှာ ရေကြီးခဲ့

မေ ၁၅ – ၂၀၂၃ GG(VOM) ပုဂံ ညောင်ဦး ဒေသမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းခဲ့လို့ ရေကြီးပြီး ရှေးဟောင်းဘုရားအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပုဂံ ရှေးဟောင်းဇုန်ထဲက ဓမ္မရာဇကဘုရားကြီးရင်ပြင်အုတ်ခုံအုတ်ပြိုခြင်း၊ ထီးလိုမင်းလိုဘုရားအရှေ့မုခ်အဝင်ချင် မိတ်တိုးပဲ့ကျခြင်း၊ သဗ္ဗညုဘုရားအုတ်တံတိုင်းပဲ့ကျခြင်း၊ ပုထိုးသားများဘုရားမုခ်ကပ် ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့ပြီး အနော်ရထာမင်း၊ နန်းတော်ရာအဆောင်(B)အတွင်း ရေကြီး ခြင်း၊အာနန္ဒာဘုရား ၊ စူဠာမဏိဘုရားဝန်း စတဲ့ ဘုရားအချို့မှာ ရေကြီးခဲ့တယ်လို့ သိရပါတယ် ။ နောက်ပြီး ညောင်ဦးမြို့နယ်၊ရွာသာကျေးရွာကဥာဏ်တော်အမြင့် ၇၀ ပေခန့်ရှိ ရွှေဘုံသာဘုရားရဲ့ သပိတ်မှော်ရစ်အထက်ပိုင်းမှစကာ ပြိုကျပြီး မြေခပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ ” တနေ့ကနဲ့ မနေ့ကမိုးကြောင့် ဘုရားအချို့မှာ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။ အခု ရေဝင်တဲ့ ဘုရားတွေက ရေတွေကိုစုပ်ထုတ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေဆက်လုပ်သွားမှာပါ “လို့ ပုဂံ‌ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရွာသွန်းခဲ့တဲ့…

Read More

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ ဦးဆောင်၊ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အတိုက်အခံပါတွေနဲ့ ညှိနှိုင်းနေ

ဘန်ကောက်၊ မေ-၁၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ Move Forward ပါတီဟာ ရွေးကောက်ပွဲမှာ ဦးဆောင်နေပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အတိုက်အခံပါတီငါးခုနဲ ဆက်သွယ်ညှိနှိုင်းနေပါတယ်။ လက်ရှိရွေးကောက်ပွဲရလဒ်ကို ၀င်ရောက်စွက်ဖက်ပြောင်းလဲဖို့ ကြိုးပမ်းမှုမှန်သမျှ တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ Move Forward ရဲ့ ၀န်ကြီးချုပ်လောင်းဖြစ်သူ ပီတာလင်ဂျာရိုရက်က သတိပေးပြောဆိုပါတယ်။ မေ ၁၄ ရက်ရွေးကောက်ပွဲမှာ ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ပီတာလင်ဂျာရိုရက်က ဒုတိယလူကြိုက်အများဆုံး ဖြူထိုင်းပါတီနဲ့ မဟာမိတ်ဖွဲ့ဖို့အဆိုပြုထားပြီး အမတ်နေရာ ၃၀၉ နေရာနဲ့ ၀န်ကြီးချုပ်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ဆန္ဒမဲ ၉၈ ရာခိုင်နှုန်းထိ ရေတွက်ပြီးချိန်မှာတော့ Move Forward ပါတီဟာ အမတ်နေရာ ၁၅၀ ကျော်နဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့နဲ့ဆက်နွယ်နေတဲ့ အကြီးဆုံးအတိုက်အခံ ဖြူထိုင်းပါတီကတော့ အမတ်နေရာ ၁၄၀ ကျော်ရဖွယ်ရှိနေပါတယ်။ လက်ရှိ၀န်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ချန်အိုချာ၀င်ရောက်ယှဉ်ပြိုင်တဲ့…

Read More

ဆင်ဖြူကျွန်း ရေကြီးမှုမှာ သားအမိနှစ်ယောက် ရေစီးနဲ့မျောပြီး အမေ သေဆုံး၊သမီးဖြစ်သူပျောက်ဆုံးနေဆဲ

မေ ၁၅ – ၂၀၂၃ GG (VOM) မိုခါ မုန်တိုင်းကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမှာ ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပြီး သား အမိနှစ်ယောက်ရေစီးနဲ့အတူမျှောပါက အမေဖြစ်သူသေဆုံးပြီး သမီးဖြစ်သူကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ရေစီးနဲ့အတူ မျောပါခဲ့သူတွေကတော့ ဆင်ဖြူကျွန်းမြို့ပေါ်၊ ပြည်စိုးကုန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်အေးသန်း ဆိုသူနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” အဲ့ဒီနားက ဘုန်းကြီးကျောင်းကပြောတာတော့ ရေကတအား တက်လာတော့ သားအမိတွေ ပစ္စည်းတွေရွှေကြ သယ်ကြရင်းနဲ့ ရေစီးနဲ့မျှောသွားတယ်။သူတို့ကသားအမိနှစ်ယောက်ထဲနေတာ၊သားကလည်းအဝေးမှာအလုပ်လုပ်နေတာ။အမေက နဲ့သမီးက လက်ချင်း ချိတ်ထားရင်းကို မျှောသွားတာကိုလည်း မြင်လို့ ကယ်ကြပေမယ့် ရေစီးတ အားသန်တော့ မမှီလိုက်ကြဘူး။သူတို့တွေကလည်း အော်ကြပေမယ့် မကယ်လိုက် နိုင်ဘူးပေါ “လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ မနေ့ မေလ ၁၄ ရက်နေ့ ဆင်ဖြူကျွန်းမှာ ​ဖြစ်ပွားခဲ့တဲ့…

Read More

ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းကြောင့် လူ(၂)ဦးသေဆုံးပြီး လူနေအိမ်တွေအပါအဝင် အဆောက်အဦ(၂၀၀)ကျော် ပျက်စီးခဲ့

မေ၊ ၁၅-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် လူ(၂)ယောက်သေဆုံးကာ လူနေအိမ်တွေ အပါအဝင် အဆောက်အဦ အလုံးရေ(၂၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံ သဘာဝဘေးကာကွယ် ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် ဧရာဝတီတိုင်းထဲက မအူပင် ၊ ရေကြည် ၊ လပွတ္တာ ၊ မော်လမြိုင်ကျွန်း ၊ဖျာပုံ၊ဝါးခယ်မ ၊ ဟင်္သာတ ၊ ဘိုကလေး ၊ ဟိုင်းကြီးကျွန်း၊ မြောင်းမြ ၊ ငပုတော ၊ ကျိုက်လတ် ၊ကျောင်းကုန်း၊ ပုသိမ်၊ ပြင်စလူ စတဲ့မြို့တွေနဲ့ မြို့နယ်တွေက လူနေအိမ်ခြေတွေ သာသနိက အဆောက်အဦးတွေ ၊ ရုံးတွေ ၊ စာသင်ကျောင်းတွေအပါအဝင် အဆောက်အဦ အလုံးရေ (၂၀၀)ကျော်ပါးပြိုပျက်စီးခဲ့ပြီးလူ(၂)ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ”လူနေအိမ်တွေက မုန်တိုင်း စဖြစ်ကတည်းကပြိုကျတဲ့ စာရင်းတွေပါ၊ မနေ့က မုန်တိုင်းစတိုက်တဲ့ နေ့ကတော့ ရေကြည်မြို့နယ်ဘက်က…

Read More
VOM News

FREE
VIEW