မင်္ဂလာတောင်ညွှန့်မှာ မီးရထား လမ်းလုပ်သားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့

မေ ၁၇ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်ဘူတာနဲ့မလွှကုန်းဘူတာကြားမှာ အမျိုးသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ရထားတိုက်ခံရတဲ့ အမျိုးသားဟာ မီးရထား လမ်းလုပ်သား ပုဂ္ဂလိကဝန်ထမ်း ဖြစ်ပြီး အသက် ၁၈ နှစ်သာရှိသေးကြောင်းနဲ့ ဒီနေ့ မေလ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ ရထားတိုက်ခံရပြီးသေဆုံးတာဖြစ်တယ်လို့ သိရပါတယ် ။

” မမ မြန်မာ့မီးရထားဝန်ထမ်းတော့ မဟုတ်ဘူး။ ပုဂ္ဂလိက လမ်းဝန်ထမ်းပေါ့။ လမ်းလုပ်သားဆိုတော့ ညပြန်မရဘူး၊ဒီမှာပဲ လုပ်ကြရသူတွေပေါ့။ မနက်အစောတိုက်မိတာပေါ့၊ဝေလီဝေလင်းလောက်ပေါ့။အလောင်းကလည်း ညကဆိုရင် တောင့်နေမှာပေါ့။”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မလွှကုန်းဘူတာနဲ့ ပုဇွန်တောင်ဘူတာရုံကြား A92 – A95 ယန္တရားဝင်းရှေ့မှာရထားတိုက်ခံထားရတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးအမျိုးသားရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရရှိပြီဖြစ်တဲ့အပြင် မီးရထား ရုံပိုင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပါ ချိတ်ဆက်မိပြီဖြစ်တာကြောင့် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မီးရထားလမ်းလုပ်ထား #ရထားတိုက်ခံရပြီးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW