ရုရှားရဲ့ အသံထက်မြန် ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ပြော

ကိယက်ဗ်၊ မေ-၁၇-၂၀၂၃
မျိုးဆက်(VOM)

ရုရှားကပစ်ခတ်လိုက်တဲ့ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းက မေ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်အားလုံးကို ကျော်လွှားနိုင်တယ်လို့ ရုရှားက ကြွေးကျော်ထားတဲ့ ကင်ဇယ် ဟိုက်ပါဆိုးနစ်ဒုံးကျည်ခြောက်စင်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

အဲဒီဒုံးကျည်တွေဟာ ရုရှားက မေ ၁၅ ရက်မှာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အမျိုးမျိုးသောဒုံးကျည်တွေထဲမှာ ကင်ဇယ် ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေလည်း ပါ၀င်ခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။

တနာရီကို မိုင်ပေါင်း ၇၀၀၀ ကျော်ထိ ခရီးရောက်ပစ်ခတ်နိုင်တဲ့ အဲဒီဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ ဖျက်ဆီးလို့မရဘူးလို့ ရုရှားက အခိုင်အမာဆိုထားပါတယ်။

ရုရှားဘက်ကတော့ ကင်ဇယ်ဒုံးကျည်တွေ အသုံးပြုမှုကို ရပ်တန့်ထားပြီး ယူကရိန်းကို အမေရိကန်က ပံ့ပိုးပေထားတဲ့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တခုကို ပစ်ချဖျက်စီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW