စစ်တွေမှာ ပျောက်ဆုံးနေတဲ့ကလေးငယ်(၁)ဦးကို ရေနစ်သေဆုံးလျက်‌ ပြန်တွေ့

မေ၊၂၃-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဒရားချိတ်ရပ်ကွက်မှာ ပျောက်ဆုံး‌နေတဲ့ ကလေးငယ်တစ်ဦးကို မနေ့ မေ ၂၂ရက် ညနေပိုင်းက ရေနစ်သေဆုံးလျက်‌ ပြန်လည်တွေ့ရှိခဲ့တယ်လို့လူမှု ကူညီရေးအသင်းတွေ ဆီကနေသိရပါတယ်။

”၂၂ ရက်ကတည်း ကလေးက ပျောက်နေတာ၊ မိသားစုဝင်တွေက လိုက်ရှာခဲ့တော့ မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ရပ်ကွက်ရှိ ရေကန်အတွင်းမှာ သေဆုံးနေတဲ့ အလောင်းကို တွေ့ရှိခဲ့တယ်၊ ပြုတ်ကျတာလား၊ ဘယ်လို ဖြစ်တာလည်းဆိုတာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်။”လို့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ရေနစ်သေဆုံးသူကလေးငယ်မှာ မင်းဒရားချိတ်ရပ်ကွက်မှာ နေထိုင်တဲ့ ၇ နှစ်အရွယ်ရှိပြီး ရုပ်အလောင်းကို မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးအသင်းက စစ်တွေဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကလည်း ရေနစ်တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ပြီး အဲ့ဒီအထဲမှာ ကလေးငယ် ၈ ဦးအထိပါဝင်တယ်လို့ သတင်မှတ်တမ်းတွေအရ သိရပါတယ်။

အခုနှစ်ထဲမှာတော့ ပျောက်ဆုံးကာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်ကြောင့် ကလေး တစ်ဦးသေဆုံးတာဟာ ပထမဆုံး ဖြစ်ပွားတာလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလို ဖြစ်စဉ်တွေ ထပ်မဖြစ်ပွားစေဖို့အတွက် ကလေးငယ်ရှိသူတွေအနေနဲ့ နေအိမ်အနီး ရေတွင်း ၊ ရေကန်တွေရှိတဲ့နေရာကို ကလေးတွေ သွားတာလာတာကို သတိထားဖို့နဲ့ အိမ်နီးမှာ ရေတွင်းတွေ ၊ ရေကန်တွေ မတူးဖော်ထားဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေး အဖွဲ့တွေက အကြံပြုထားတယ်လို့ သိရပါတယ်။

Photo Credit- မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးအသင်းနှင့်သွေးလှူရှင်များ အသင်း
#VOM #voiceofmyanmar #စစ်တွေ #ပျောက်ဆုံးကလေး #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW