ညွှန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ထိုင်းအတိုက်အခံပါတီရှစ်ခု သဘောတူလက်မှတ်ရေးထိုး

ဘန်ကောက်၊ မေ-၂၃-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းအတိုက်အခံပါတီရှစ်ခုဟာ ညွှန့်ပေါင်းအစိုးရဖွဲ့ရေး မျှော်လင့်ချက်နဲ့အတူ ပူးတွဲသဘောတူညီချက်တရပ် ကို မေ ၂၂ ရက်မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီက မဟာမိတ်အဖွဲ့ကို ဦးဆောင်နေပြီး ပါတီဟာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ကို လွှမ်းမိုးနိုင်လောက်တဲ့ထိ အမတ်နေရာ မရရှိခဲ့ပါဘူး။

အတိုက်အခံပါတီရှစ်ခု မေ ၂၂ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှုထမ်းခြင်းကို ဖျက်သိမ်းဖို့ ပါ၀င်ပါတယ်။

ဒါပေမယ့်လည်း သဘောတူညီချက်တွေထဲမှာ ဘုရင်စနစ်ကိုစော်ကားခြင်းကိုတားမြစ်ထားတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ရေးမပါ၀င်ပါဘူး။ ဒါဟာ ရှေ့သို့ပါပါတီရဲ့ ရွေးကောက်ပွဲ ကတိက၀တ်တွေထဲက တစ်ခုဖြစ်ပါတယ်။

၀န်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ဖြူထိုင်းပါတီဟာလည်း အတိုက်အခံမဟာမိတ်အဖွဲ့မှာ ပါ၀င်နေပြီး ရွေးကောက်ပွဲမှာ ဒုတိယအများအဆုံးအနိုင်ရရှိခဲ့ပါတယ်။

ပါတီရှစ်ခု မဟာမိတ်ဖွဲ့ထားကြပေမယ့်လည်း ၀န်ကြီးချုပ် ရွေးချယ်ခန့်အပ်နိုင်လောက်တဲ့ထိ အမတ်နေရာအများစု မရရှိသေးကြောင်း သိရပါတယ်။

Ref: BBC
Photo:AP
#VOM #voiceofmyanmar #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW