နေပြည်တော် – ကံပြားကားလမ်းမှာ ခရီးသည်တင်မှန်လုံကားနဲ့ ဟိုက်ဂျက်ကား တိုက်မိပြီး လူ ၃ ဦးသေဆုံး ၊ ၁၁ ဦးဒဏ်ရာရ

မေ ၊ ၂၁ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ မြို့သစ်မြို့နယ် ၊ ရွှေပန်းတောကျေးရွာအနီး ၊ နေပြည်တော် – ကံပြားလမ်းမှာ ဒီမနက် အစောပိုင်းက ခရီးသည်တင် မှန်လုံကားနဲ့ ဟိုက်ဂျက်ကား တိုက်မိပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီဝန်းကျင်က ဖြစ်တာပါ ၊ မန္တလာမင်း ခရီးသည်တင် မှန်လုံ (Express) ကားနဲ့ ဟိုက်ဂျက်ကား တိုက်မိတာဖြစ်တယ် ၊ အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ခရီးသည် ၃ ဦးသေဆုံးပြီ ၁၀ ဦးကျော် ဒဏ်ရာရရှိတယ် ၊ ဟိုက်ဂျက်ကား ရှေ့ခန်းမှာ သေဆုံး လူ တယောက် ညှပ်နေတာကြောင့် အရေးပေါ်ကယ်ဆယ်နေရတယ် ” လို့ ခေမာ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ၊ မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်ပေးနေပြီး ယာဥ်တိုက်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ နေပြည်တော် – ကံပြားကားလမ်း ၊ မိုင်တိုင် ၃၉ မိုင်နေရာကစပြီး လမ်းပိုင်းကျဥ်းမြောင်းမှုတွေကြောင့် မကြာခဏ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး ဒီနှစ်အဖို့ လူသေဆုံးရတဲ့ ယာဥ်တိုက်မှုဖြစ်ပွားတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ မကွေးတိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှူးရုံးဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ခေမာလူမှုကူညီရေးအဖွဲ့

#voiceofmyanmar #VOM #နေပြည်တော်ကံပြားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW