မုန်တိုင်းပြန်လည်ထူထောင်ရေး မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေ အာဆီယံပေးပို့မယ်

ဂျကာတာ၊ မေ-၂၀-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် အာဆီယံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို မေ ၂၁ ရက်မှာ ပေးပို့မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်းသင့်သူတွေအတွက်ပေးပို့မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပြင်ဆင်ထားပြီးဖြစ်ကာ မလေးရှားနဲ့ ထိုင်းမှာရှိတဲ့ အာဆီယံရဲ့သဘာဝဘေးဆိုင်ရာ ထောက်ပံ့ကူညီရေးအစီအစဉ်အောက်က ဂိုဒေါင်တွေမှာရှိတယ်လို့ ထုတ်ပြန်ချက်မှာပါ၀င်ပါတယ်။

ဒါဟာ ကူညီထောက်ပံ့မှု ပထမဆုံးအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အကူအညီတွေကိုတော့ မေ ၂၂ နဲ့ ၂၃ ရက်တို့မှာ ပေးပို့သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဆီယံရဲ့ သဘာဝဘေးနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ တာ၀န်ရှိသူတွေ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေဟာ မုန်တိုင်းပြန်လည်ထူထောင်ရေးအားထုတ်မှုတွေကို ကူညီဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် လူ ၄၀၀ ကျော်သေဆုံးပြီး အခြေခံအဆောက်အအုံတွေများစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Ref: Bernama
#VOM #voiceofmyanmar #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW