မော်လမြိုင်ဆေးရုံမှာ ဆေးကုသနေတဲ့အမျိုးသား(၁)ဦး ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

မေ ၂၀-၂၀၂၃
MM(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသ ခံယူနေတဲ့ အမျိုးသား(၁)ဦး ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးမှု မေလ(၁၉)ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ သေဆုံးသူမှာ တွေ့ရှိရတဲ့ရောဂါလက္ခဏာတွေဟာ ကိုဗစ်-၁၉ရောဂါ(အိုမီခရွန်း မျိုးရိုးဗီဇကွဲဗိုင်းရပ်ပိုး)ဖြစ်တယ်လို့ သိရပါတယ်။

”သက်ဆိုင်ရာက စစ်ဆေးချက်အရတော့ အိုမီခရွန်းတဲ့ ၊မနေ့က နေ့လယ်ပိုင်းလောက် သေဆုံးသွားတာ ၊ ချောင်းဆုံမြို့နယ်မှာ နေထိုင်သူလို့သိရတယ် ၊ အသက်က ၇၈ နှစ်အရွယ်တဲ့ ၊ သီးသန့်အဆောင်မှာဆေးကုသနေရင်း ဆုံးသွားတာ”လို့ ဒေသခံလူ မှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဲ့ဒီ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အမျိုးသားဟာ အသက် အရွယ်ကြီးသူဖြစ်တဲ့အပြင် ရောဂါအခံရှိတာကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ရက်ပိုင်းအကြာမှာ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

”ရောဂါအခံရှိသူတွေ ၊ အသက်ကြီးတဲ့သူတွေ အနေနဲ့ ရောဂါကို ခုခံဖို့ ကိုယ်ခံအား မကောင်းတဲ့အတွက် မပေါ့ဆဖို့ သတိပေးချင်တယ် ၊ကိုဗစ်-၁၉ ရောဂါက လုံးဝပျောက်ကွယ်သွားမယ့်ရောဂါ မဟုတ်ပါဘူး၊ ဒါ့ကြောင့် အပြင်ထွက်တဲ့အခါ mask စနစ်တကျ တပ်ဆင်ကြဖို့ လူစု လူဝေး ရှောင်ဖို့နဲ့ လက်ကိုမကြာခဏ စနစ်တကျ ဆေးကြဖို့ သတိပေးတိုက်တွန်းချင်တယ်”လို့ကျန်းမာရေး ဝန်ထမ်းတစ်ဦးကပြောပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ ဆက်တိုက် တွေ့ရှိလာနေပြီး ကိုဗစ်ရောဂါနဲ့ သေဆုံးတဲ့ဖြစ်စဉ်ကတော့ ၂၀၂၃ခုနှစ်ထဲမှာ ပထမဆုံးဖြစ်ပွားတာလို့ သိရပါတယ်။

နိုင်ငံတဝှမ်းမှာ မေလ ၁ ရက်ကနေ ၁၉ အထိ ကိုဗစ်- ၁၉ ရောဂါကူးစက်သူ အတည်ပြုလူနာ ၂၀၀၀ ကျော် အထိရှိလာ‌တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရသိရပါတယ်။

#VOM #voiceofmyanmar #မော်လမြိုင် #ကိုဗစ်လူနာသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW