မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှုတွေ ဟန့်တားဖို့လုပ်ဆောင်နေကြောင်း စင်ကာပူပြော

စင်ကာပူ၊ မေ-၁၉-၂၀၂၃
မျိုးဆက်(VOM)

စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှုတွေကို ဟန့်တားဖို့လုပ်ဆောင်နေကြောင်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက မေ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံရှိ အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ် စစ်လက်နက်စက်ရုံတွေအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ထောက်ပံ့နေကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာထွက်ပေါ်ပြီးနောက် အခုလိုက် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

လက်နက်မဲ့သူတွေကို သေစေလောက်တဲ့လက်နက်တွေအသုံးပြုတဲ့အပေါ် ဆန့်ကျင်မှုဟာ စင်ကာပူနိုင်ငံရဲ့ အဓိက ရပ်တည်ချက်မူဝါဒဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။

စစ်လက်နက်ပစ္စည်း ဒေါ်လာ ၂၅၄ သန်းဖိုးကို စင်ကာပူရှိ ဒါဇင်များစွာသော အဖွဲ့အစည်းတွေကနေ မြန်မာစစ်တပ်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှဒီဇင်ဘာလအတွင်း ပေးပို့ခဲ့တယ်လို့ မြန်မာ့လူ့အခွင့်ဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စင်ကာပူအနေနဲ့ ဥပဒေကို ချိုးဖောက်တဲ့ လူပုဂ္ဂိုဟ်သို့မဟုတ် အဖွဲ့အစည်းတွေကို အရေးယူဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Ref: CNA
Photo:AP
#VOM #voiceofmyanmar #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW