ဟနွိုင်း ၊ မေ-၈-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံရဲ့ အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ်ကျော်ထိ စံချိန်တင်မြင့်တက်နေပြီး လက်ရှိပမာဏကို များမကြာမီ ကျော်လွန်သွားနိုင်ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ အဲဒီအပူချိန်ကို နိုင်ငံမြောက်ပိုင်း သန်ဝါပြည်နယ်မှာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး နေစဉ်အပူပြင်းဆုံးအချိန်တွေမှာ ပြင်ပကိုသွားလာခြင်းမပြုဘဲ နေအိမ်မှာသာနေထိုင်ကြဖို့ တာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ဗီယက်နမ်အပြင် ဒေသတွင်းရှိအခြားနိုင်ငံတွေမှာလည်း အလွန်ပူပြင်းတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ထိုင်းနိုင်ငံအနောက်ပိုင်း မာ့က်ခ်ခရိုင်မှာ အပူချိန်ဟာ ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်နေပြီး အိမ်နီးချင်းမြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်မားလျှက်ရှိပါတယ်။ နှစ်နိုင်ငံစလုံးဟာ မုတ်သုံရာသီမတိုင်မီ ပူပြင်းသောကာလကို ကြုံတွေ့ရလေ့ရှိပေမယ့် ယခုနှစ်အပူချိန်ကတော့ ယခင်စံချိန်တွေကို ချိုးဖျက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဗီယက်နမ်နိုင်ငံရဲ့ အပူချိန်စံချိန်သစ်ဟာ စိုးရိမ်စရာဖြစ်ကြောင်း ဗီယက်နမ်ရာသီဥတုကျွမ်းကျင်သူတွေက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဟနွိုင်း
Read MoreMonth: May 2023
အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ
မေ ၊ ၈ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးခရိုင် ၊ ဆီဆိုင်မြို့နယ် ၊ ဆီဆိုင် – ဆိုင်ခေါင်း ကားလမ်းမှာ မနေ့ မေ ၇ ရက် မနက်ပိုင်းက အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တောင်ကြီးခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်မှာ ဆီဆိုင် – ဆိုက်ခေါင်း ကားလမ်းပိုင်း ၊ မိုင်တိုင် အမှတ် ၄၁ နားမှာ ပစ်ခံရတာပါ ၊ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ကားတွေက သံတမန်ယာဥ် ၃စီး ၊ ထွေ/အုပ်ယာဥ် ၃ စီး နဲ့ လုံခြုံရေး ယာဥ် ၁ စီးဖြစ်တယ် ၊…
Read Moreမုန်တိုင်းအချက်ပေး ခေါင်းလောင်းသံ
SN (VOM) မြန်မာနိုင်ငံမှာ မုန်တိုင်းရာသီ (၂)ချိန်ရှိပြီး မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မေလလယ်အထိနဲ့ မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိပြီး ကနဦးမှာ အနောက် (သို့မဟုတ်) အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားတတ်ကာ တစ်ခါတရံမှာတော့ မြောက် (သို့မဟုတ်) အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲ ရွေ့လျားတတ်တယ်လို့ သိရပါတယ်။ အခုလို ရွေ့လျားမှုဟာ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ မုတ်သုံလေ ရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တွေ ဖြစ်ပေါ် တတ်ပြီး မိုးကြိုရာသီနဲ့ မိုးလွန်ရာသီတွေမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေဟာ အဖျက်စွမ်းအားများပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်စေတတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေရဲ့ အရေးပါလှတဲ့ အဖျက်စွမ်းအား (၃) မျိုးကတော့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနဲ့ မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပါတယ်။…
Read Moreမင်္ဂလာဒုံNLDအလုပ်မှုဆောင်ဖြစ်သူရဲ့ ညီမနဲ့ တူမ သေနတ်နဲ့ပစ်သတ်ခံရ
မေ ၇ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံ မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ဒီနေ့မေလ ၇ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့ သားအမိနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်ကုန်းတလဘောင်ကျေးရွာ၊ မိုးမခလမ်းမှာနေထိုင်သူတွေဖြစ်ကြောင်း အမေက အသက် ၃၈ နှစ်အရွယ် မကြူကြူနိုင် ဖြစ်ပြီး ကလေးငယ်က အသက် ၁၀ နှစ်အရွယ် မချစ်သမီး ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့အိမ်မှာပဲ စျေးရောင်းနေချိန် အိမ်ရှေ့ကိုကားနဲ့ရောက်လာပြီး အထဲထိဝင်ပစ်သွားတာလို့သိရတယ်။ ခေါင်းတွေကို အနီးကပ်ကို တေ့ပစ်သွားတာ ။မနက် ၉ နာရီလောက်မှာဖြစ်သွားတာ။ အသံတိတ်သေနတ်သုံးပြီးပစ်သွားတာလို့ပြောတယ် “လို့ မင်္ဂလာဒုံမြို့နယ် နေထိုင်သူတစ်ဦးကပြောပါတယ်။ အသတ်ခံရတဲ့ သားအမိနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းနိုင်မိုးဆိုသူရဲ့ ညီမနဲ့တူမဖြစ်ကြောင်း ၊ ဦးဝင်းနိုင်ကတော့ နေအိမ်မှာမရှိဘဲ တိမ်းရှောင်နေတာကြာပြီဖြစ်တယ်လို့သိရပါတယ်။…
Read More၆ ရက်အတွင်း ကိုဗစ်ကူးစက်မှု ၁၀၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ ၃ ယောက်ရှိခဲ့
မေ ၇ – ၂၀၂၃ GG (VOM) မြန်မာနိုင်ငံမှာ ၆ ရက်အတွင်း ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၁၀၀၀ ကျော်အထိ ကူးစက်မှု တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။ အဆိုပါ ကိုဗစ်လူနာတွေ့ရှိမှု စာရင်းဟာ မေလ ၁ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ကူးစက်ခံရသူတွေဖြစ်ပြီး စုစုပေါင်း ၁၀၀၅ ယောက်ဖြစ်ကြောင်း ၊သေဆုံးတဲ့လူနာကတော့ ဒီနေ့ မေလ ၇ ရက်နေ့အထိဆိုရင် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာ ၃ ယောက် ရှိခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ” ဆေးရုံက ဒီလူနာဟာ ကိုဗစ်နဲ့သေတာအတည်ပြုလို့ ကျနော်တို့က ကိုဗစ်စည်းကမ်းနဲ့သဂြိုလ်ပေးရတာပါ။ကိုဗစ်ဆိုတာ လူနာရှင်တွေကိုယ်တိုင်လည်းသိတယ်၊မိသားစုဝင်တွေတောင် ဆေးစစ်ကြရတာပဲလေ ။ဝန်ကြီးဌာနဘက်က ဘာလို့သေဆုံးစာရင်းမထုတ်လဲတော့ ကျနော်တို့လည်းမသိပါဘူး “လို့ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာကို သဂြိုလ်ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။…
Read Moreအာရှမှာ နေတိုးအဖွဲ့ရဲ့ ပထမဆုံးရုံး တိုကျိုမှာဖွင့်ဖို့ စီစဉ်နေ
ဘရပ်ဆဲလ်၊ မေ-၇-၂၀၂၃ မျိုးဆက်(VOM) အာရှဒေသမှာ နေတိုးအဖွဲ့ရဲ့ ပထမဆုံးရုံကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားပါတယ်။ နေတိုးအဖွဲ့က အဲဒီရုံးဖွင့်လှစ်ခဲ့မယ်ဆိုရင် တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်ကဲ့သို့ ဒေသတွင်း အဓိက မဟာမိတ်တွေနဲ့နေတိုးအဖွဲ့တို့အကြား အချိန်အခါအလိုက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဇူလိုင် ၁၁ ရက်နေ ၁၁ ထိ လစ်သူယေးနီးယားနိုင်ငံ ဗယ်လင်နပ်စ်မှာကျင်းပမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ မိတ်ဖက်ဆက်ဆံရေးအစီအစဉ်သစ်(ITPP ) ကိုလက်မှတ်ရေးထိုးဖို့ စီစဉ်နေတဲ့ ဂျပန်နဲ့ နေတိုးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ စီစဉ်နေပါတယ်။ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားသွားဖို့နဲ့ ပေါ်ပေါက်လာမယ့် နည်းပညာဆိုင်ရာအနှောက်အယှက်တွေကို ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိနေပြီး ဒီအစီအစဉ်အပေါ် နှစ်ဘက်စလုံးက အတည်ပြုထားပါတယ်။ နေတိုးရုံးခန်းဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီး နေတိုးအတွင်းရေးမှူးချုပ် ယန်းစတိုတင်ဘာ့ဂ်ဟာ ဇန်နဝါရီလကုန်ပိုင်းက ဂျပန်ခရီးစဉ်အတွင်း ဂျပန်၀န်ကြီးချုပ် ကီရှီဒါနဲ့ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့တာဖြစ်ပြီး…
Read Moreမီတာပုံးကနေ ဝါယာရှော့ခ်ဖြစ်လို့ အိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့
မေ ၇ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ ဒီနေ့ မေလ ၇ ရက်နေ့ မနက်အစောပိုင်းတုန်းက နေအိမ် ၉ လုံးမီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ဇောင်းတူရွာ ၊ ကွင်းတန်းလမ်းက ဒေါ်တင်လှဆိုသူရဲ့နေအိမ် မီတာပုံးက ဝါယာရှော့ခ်ဖြစ် မီးလောင်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက်ကြီး ၂ နာရီလောက်မှာ မီးလောင်တာပါ။မီးတွေက လာလိုက်မလာလိုက်နဲ့ကို မလာတာကများတယ်။လာတဲ့အချိန်ကျတော့လည်း မီးအားက မမှန်တာတွေရှိတော့ အဲ့ဒီမှာ ရှော့ခ်ဖြစ်ပြီးမီးလောင်တဲ့သဘောပါ။မီးစလောင်ချိန် မသိလိုက်တော့ မီးကများသွားပြီး ဘေးအိမ်တွေပါအကုန်ကူးလောင်ကုန်တာပါ “လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အိမ်တွေက ပျဉ်ထောင် ၊ ပျဉ်ခင်း ၊ သွပ်မိုး နေအိမ်တွေ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ အားလုံးပေါင်း သိန်း ၁၀၀ နီးပါးလောက်ရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိမီးသတ်ဌာနက တွက်ချက်ထားတယ်လို့သိရပါတယ်။…
Read Moreဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပေးပွဲကအပြန် ကားပေါ်မှာ သေဆုံး
မေ ၇ – ၂၀၂၃ GG(VOM) ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ နေပြည်တော်မှာ ပြုလုပ်တဲ့ အကယ်ဒမီဆုပေးပွဲကနေအပြန် အနုပညာရှင်တွေကြိုပို့လုပ်ပေးတဲ့ ကားပေါ်မှာ ဒီနေ့ မေလ ၇ ရက်နေ့မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကတွေ့တော့ကို နုတ်ဆက်လိုက်သေးတယ်၊အဲ့ဒီတုန်းကတော့ လန်းလန်းဆန်းဆန်းပါပဲ။ အခုမနက် ပြန်ဖို့ အားကစားရိပ်သာကနေ ကားပေါ်ကိုအထုတ်တွေတင် နေရာယူကြတော့သူက ထိုင်ခုံပေါ်မှာလဲနေလို့ ခေါ်ကြတော့ ခေါ်မရတော့ဘူး။ဆရာဝန်တွေလည်း လာကြည့်ပေမယ့် အသက်မရှိတော့ဘူး။သူက အသက်လည်းကြီးပြီလေ။ မိသားစုနဲ့လည်းအဆက်အသွယ်ရပါပြီ “လို့ အနုပညာရှင်တစ်ဦးကပြောပြပါတယ်။ အကယ်ဒမီဆုပေးပွဲကနေ ပြန်ဖို့အတွက် ကားပေါ်မှာ နေရာတွေ ယူနေချိန် ထိုင်ခုံပေါ်မှာ သတိလစ်ကာ သေဆုံးနေတာဖြစ်ကြောင်း၊လက်ရှိမှာ ရုပ်အေလာင်းကို ရန်ကုန်ကိုပြန်လည်သယ်ဆောင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ နောက်ထပ် အနုပညာရှင်တစ်ဦးကလည်း ” မနေ့ကညကလည်း ဝမ်းတွေသွားတယ်လို့သိရတယ်။ညကလည်း ဘာမှမစားရဘူး။အခုမနက်ကြီးကျတော့လည်း ဘာမှမစားရဘူး။ အစားမရှိ ဒဏ်မခံနိုင်လို့သတိလစ်ရင်းက အသက်ပါသွားတာထင်ရတာပဲ။ ” လို့ ပြောပါတယ်။…
Read Moreသုံးနှစ်စာပေါင်းပြီးပေးတဲ့ နေပြည်တော်က အကယ်ဒမီပွဲ ဆုရသူများ
မေ၇-၂၀၂၃ KK(VOM) နေပြည်တော် မြို့တော်ခန်းမရင်ပြင် လဟာပြင်ကဇာတ်ရုံမှာ မနေ့ မေလ၆ ရက်က ၂ဝ၁၉၊ ၂ဝ၂ဝ နဲ့ ၂ဝ၂၂ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာက အကယ်ဒမီပွဲကိုတက်လာတဲ့ အနုပညာရှင်တွေထဲကနေ Myanmar Academy Fashion Award များအဖြစ် အကြီးတန်းဆုကို ရန်အောင်၊စိုးမြတ်သူဇာတို့က ရရှိခဲ့ပြီးအငယ်တန်းဆုကို အောင်ရဲလင်းနဲ့ မိုဟေကို တို့ကရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို အကယ်ဒမီ မြင့်မြတ်က ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အမျိုးသားဇာတ်ဆောင်ဆုကို စိုင်းစိုင်းခမ်းလှိုင်မှ ပိတောက်ကတဲ့ဂီတ နဲ့ ၂ဝ၁၉ ခုနှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဟစ်တိုင်ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ စိုးပြည့်သဇင် ကနေ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။…
Read Moreမြန်မာနိုင်ငံကို ပြန်ဖို့ သဘောမတူဘူးလို့ ရခိုင်ကိုလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်တွေ ပြော
ဒါကာ၊ မေ-၆-၂၀၂၃ မျိုးဆက်(VOM) မနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းနဲ့ အခြေအနေတွေကို လာရောက်လေ့လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သူတို့ဆန္ဒသဘောအလျောက် ပြန်ဖို့သဘောမတူဘူးလို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ၂၀ ဦးနဲ့အတူ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနေဖို့ဆောက်ထားတဲ့ စံပြကျေးရွာနှစ်ရွာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်မြေကို ကိုယ်ပြန်ရမှာဖြစ်ပြီး ဘေးကင်းလုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်တောင်းဆိုချက်တွေ လက်ခံရင် ပြန်မယ်လို့ ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မိုဟာမက်စလင်းက ပြောပါတယ်။ ပြန်လည်နေထိုင်မယ့် ဒုက္ခသည်တွေအတွက် စျေး၊ ဆေးရုံ အပါအ၀င် အဆောက်အဦတွေအသစ်တည်ဆောက်ထားပေမယ့်လည်း လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ကိုယ်စားလှယ်အဖွဲ့မှာပါတဲ့ ဒုက္ခသည်အမျိုးသမီးတဦးကလည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် ဘယ်အရာမှမလုံခြုံကြောင်းနဲ့ ထပ်ပြီး ဖိနှိပ်မှုတွေ ခံရနိုင်တယ်လို့ သူမက ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို…
Read More