စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

စင်ကာပူ၊ မေ-၂၂-၂၀၂၃ မျိုးဆက်(VOM) စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းဟာ တောင်အာဖရိကနဲ့ ကင်ညာနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း တာ၀န်ရှိသူတွေက မေ ၂၂ ရက်မှာ ပြောပါတယ်။ ဒီနေ့မနက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ မကြာသေးမီက အလုပ်သဘောခရီးစဉ်တွေ သွားရောက်ပြီးနောက်မှာ ကူးစက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ အခြေအနေတည်ငြိမ်ကောင်းမွန်သော်လည်း သီးခြားခွဲနေထိုင်ဖို့ ဆရာ၀န်တွေက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ၀န်ကြီးချုပ် လီရှန်လွန်းဟာ မေ ၁၄ ရက်ကနေ ၁၆ ရက်ထိ တောင်အာဖရိကသို့ လည်းကောင်း၊ ကင်ညာနိုင်ငံသို့ မေ ၁၇ ရက်ကနေ ၁၉ ရက်ထိလည်းကောင်း သွားရောက်ခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ်ကြောင့် သောက်သုံးရမယ့် ပိုးသတ်ဆေးပမာဏကို ဆရာ၀န်တွေက သတ်မှတ်ပေးထားပြီး ၀န်ကြီးချုပ်လီရှန်လွန်းဟာ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးကို…

Read More

အမည်မသိလူတစ်စုရဲ့ အဆိပ်ခတ်မှုကြောင့် အလှမွေးထားတဲ့ ရွှေငါး အကောင်ရေ ငါးထောင်ကျော် သေဆုံး

မေ ၂၂ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းး၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း အလှမွေးမြူထားတဲ့ ရွှေငါးတွေကို အမည်မသိလူတစ်စုက အဆိပ်ခတ်သွားတာကြောင့် ရွှေငါး အကောင်ရေ ငါးထောင်ကျော် သေဆုံးသွားတယ်လို့ နိဗ္ဗာန်ချမ်းသာမင်္ဂလာနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ အဲ့ဒီ့ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း အဆိပ်ခတ်မှုကို မေ ၂၁ ရက် (မနေ့က) ပြုလုပ်သွားတာ ဖြစ်နိုင်တယ်လို့ ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။ မေ ၂၂ ရက် (ဒီနေ့)မနက်မှာတော့ ငါးတချို့ ရေပေါ် ပေါ်လာတာကြောင့် ရေအောက်ကို ဆင်းငုတ်ပြီး ရှာဖွေကြည့်ရာမှာ ငါးတွေအများကြီး သေဆုံးနေတာကို ထပ်မံ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “ငါးတွေက ကုန်သလောက်ဖြစ်သွားပြီ။ သိပ်တောင် မကျန်တော့ဘူး။ ကျန်တဲ့ငါးတွေလည်း စိတ်မချရဘူး။ အဆိပ်က မိနေပြီးလောက်ပြီ။ အဲ့ဒီတော့ ဒီကန်ထဲမှာ ငါးတွေ ကုန်သလောက် ဖြစ်သွားနိုင်တယ်ပေါ့။ ဘယ်သူတွေက…

Read More

စားနပ်ရိက္ခာလိုအပ်ချက်အတွက် အခက်‌ပွေနေဦးမယ့် မြန်မာ

SN (VOM) လူသားတစ်ယောက်ရဲ့ လိုအပ်ချက်များစွာမှာ စား၊ ဝတ်၊နေရေး ဆိုတာဟာ အဓိကကျတဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီ အခြေခံလိုအပ်ချက် သုံးမျိုးထဲက စားသောက်ရေး ဆိုတာကတော့ လူသားတွေအတွက် မရှိမဖြစ် အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်နေပါတယ်။ ငတ်မွတ်ခေါင်းပါးမှု ပြဿနာဟာ နက်နဲရှုပ်ထွေးလွန်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ သဘာဝဘေး၊ စစ်ဘေး၊ အကြမ်းဖက်ဘေးနဲ့ ဝင်ငွေ၊ ထွက်ငွေ မမျှတခြင်းတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို ပေါ်ပေါက်စေပါတယ်။ လက်ရှိမှာတော့ တိုးပွားလာတဲ့ အလုပ်လက်မဲ့လူဦးရေ၊ သီးနှံအထွက်နှုန်း ထိခိုက်စေတဲ့ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အားနည်းခြင်းနဲ့ နယ်မြေ ငြိမ်းချမ်းမှုမရှိခြင်း အစရှိတဲ့ အကြောင်းရင်းတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူသားတွေအတွက် စားနပ်ရိက္ခာပြဿနာဟာ တစ်စထက်တစ်စ ကြီးထွားလို့လာနေပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတစ်ခုဖြစ်တဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ စားနပ်ရိက္ခာ…

Read More

ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ် ၂ ဦး အသတ်ခံရ

မေ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းတိုက်နယ်နဲ့ ကန့်ဘလူအကြား လမ်းမှာ မနေ့ မေ ၂၁ ရက် မနက်ပိုင်းက ပြည်သူ့စစ် ၂ ဦး အသတ်ခံရတယ်လို့ ချပ်သင်းတိုက်နယ်မှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ ၂ ယောက်က လူငယ်လေးတွေဖြစ်တယ် ၊ ချပ်သင်းတိုက်နယ် ၊ တင်မော်အုပ်စု ၊ တင်မော်ကျေးရွာမှာနေတဲ့ ဦးမင်းမင်းရဲ့သား မောင်လှိုင်မင်းကို အသက် ၂၀ နှစ်နဲ့ ဦးမောင်နိုင်ရဲ့သား မောင်မင်းဖြိုးအောင် ၂၁ နှစ်တို့ဖြစ်တယ် ၊ သူတို့ ၂ ယောက်ဟာ မနေ့ မနက်က ၊ ရွာကနေ ကန့်ဘလူမြို့ကိုအသွား လမ်းမှာ အသတ်ခံရတာ ”…

Read More

ဖျာပုံမြို့လယ်က ဂဠုန်မင်း ရွှေဆိုင် ဓားပြတိုက်ခံရ ပြီး လုယက်သူအချို့ကို ဖမ်းမိထား

မေ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ပထမလမ်းမှာရှိတဲ့ ဂဠုန်မင်း ရွှေဆိုင်ဟာ မနေ့ မေ ၂၁ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်က သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်ခံရတယ်လို့ ဖျာပုံမြို့ခံတွေဆီက သိရပါတယ်။ ” လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး ၊ သေနတ် ၂ ချက် ပစ်ဖောက်ကာ ရွှေဆိုင်ကို ဓားပြတိုက်သွားတာဖြစ်တယ် ၊ ရွှေပုံး ၁ ပုံး ပါသွားတယ် ၊ ဓားပြတွေ ဆိုင်ကအထွက်မှာ အရပ်က ဝိုင်းဖမ်းလို့ သေနတ်အတုနဲ့ လူ ၂ ယောက်မိတယ်…

Read More

ဖျာပုံမှာ လူသတ်ပြီး ပစ္စည်းလု ၊ အလောင်းဖျောက်တဲ့ လင်မယား ၂ ယောက် ဖမ်းဆီးရမိ

မေ ၊ ၂၁ ၊ ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း ၊ ဖျာပုံမြို့မှာ လူတွေသတ်ပြီး ပစ္စည်းလုယက်ကာ အလောင်းတွေဖျောက်ထားတဲ့ ပြစ်မှုကျူးလွန်သူ လင်မယား ၂ ယောက်ကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့က မနေ့ မေ ၂၀ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ တယောက်က ” အသတ်ခံရတဲ့သူတွေက အမျိုးသမီးတွေဖြစ်တယ် ၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းနယ်မြေ၊ သရက်တောကျောင်းလမ်း၊အမှတ် (၃)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် မသန်းသန်းမြင့် ဆိုသူနဲ့ ဖျာပုံမြို့နယ်၊ ကံစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ တို့ဖြစ်တယ် ၊ ပထမ လူသတ် ပစ္စည်းလု အလောင်းဖျောက်တဲ့ ဖြစ်စဥ်က…

Read More

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာမှာ လူနေအိမ် တစ်ရာကျော် မီးရှို့ခံရ

မေ ၂၁ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကံသစ်ကျေးရွာမှာ မနေ့ မေ ၂၀ ရက်က လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ရွာမှာက ၁၉ ရက်ကတည်းက လူမရှိတော့ဘူး ၊ စစ်ကြောင်းလာမယ်ကြားရလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ၊ ရွာမှာ လူမရှိတဲ့အချိန် မီးရှို့ခံရတာဖြစ်တယ် ၊ ၁၉ ရက်နဲ့ မနေ့ မေ ၂၀ ရက်တွေက ၂ ရက်ဆက်တိုက် ရှို့ခံ လိုက်ရတာဖြစ်တယ် ၊ အိမ်ခြေ ၁၇၀ ကျော် လောင်သွားတယ်လို့ သိရတယ် ၊ ရွာပြန်ရောက်မှ အခြေအနေ အသေးစိပ် သိရမှာ “လို့ ကံသစ်ရွာခံတစ်ယောက်က ပြောပါတယ်။…

Read More

ရသေ့တောင်မှာ မုန်တိုင်းတိုက်အပြီး သောက်သုံးရေရှားပါးမှုကြောင့် ဝမ်းပျက်၊ဝမ်းလျှောဖြစ်လို့ လူ(၁)ဦး‌ သေဆုံး

မေ၊၂၁-၂၀၂၂ MM(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဒိုးဝေချောင်းမှာ`မိုခါ ´ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်က`မိုခါ´ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျေးရွာအတွင်း နေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေပျက် စီးခဲ့ပြီး ကျေးရွာက ရေကန်အားလုံးလည်း ဆားငံ ရေတွေဝင်ရောက်မှုကြောင့် သောက်သုံးလို့မရတဲ့အခြေအနေအထိဖြစ်နေကာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါဖြစ်ပွားမှု မြင့်တက်လာတယ်လို့ သိရပါတယ်။ ”မုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်သုံးရေ ရှားပါးသွားတာပါ၊ သောက်သုံးရေကန်တွေထဲ ဆားငံရေ ဝင်ရောက်ခဲ့တာ၊ အဲ့ဒီ ဆားငံရေဝင်ရောက်တဲ့ ရေကို ဒေသခံတွေက သောက်သုံးနေရတယ်၊ အခုတော့ လူတော်တော်များများ ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားလာတယ်၊ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ၁၉ ရက်နေ့က အသက် ၅၀ ကျော်အရွယ် ဦးထွန်းအေးမောင်ဆိုသူ သေဆုံးသွားတယ်၊အခု…

Read More

လှိုင်မြို့နယ်မှာ YBS ၂၁ အပါအဝင် ကား ၃ စီး ဆင့်တိုက်ပြီး ၂ ဦး သေဆုံး

မေ ၂၁ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပါရမီလမ်း မီးပွိုင့်မှာ မေ ၂၀ ရက်နေ့၊ မနေ့ ည ၁၀ နာရီဝန်းကျင်က YBS ၂၁ အပါအဝင် ကား ၃ စီး ဆင့်တိုက်ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း(ရုံးချုပ်)ကနေ သိရပါတယ်။ YBS ၂၁ ယာဉ်နဲ့ တက္ကစီယာဥ်နှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက္ကစီတစ်စီးပေါ်မှ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ “တိုက်တာက ဘယ်လိုတိုက်လဲတော့ ကျွန်တော်တို့မသိဘူးပေါ့နော်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ကားကြီးက ဘေးလမ်းက မြောင်းနားမှာ မှောက်နေတယ်။ ကားလေးကတော့ အလယ်ဆက်တုံးပေါ်မှာ တော်‌တော်လေးပြားနေတယ်။ ကားလေးထဲမှာက ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်ပါတယ်။ ကားက တစ်စီးလု့းပြားနေတာဖြစ်တဲ့အတွက် နှစ်ယောက်လုံးကတော့…

Read More

နေပြည်တော် – ကံပြားကားလမ်းမှာ ခရီးသည်တင်မှန်လုံကားနဲ့ ဟိုက်ဂျက်ကား တိုက်မိပြီး လူ ၃ ဦးသေဆုံး ၊ ၁၁ ဦးဒဏ်ရာရ

မေ ၊ ၂၁ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ မြို့သစ်မြို့နယ် ၊ ရွှေပန်းတောကျေးရွာအနီး ၊ နေပြည်တော် – ကံပြားလမ်းမှာ ဒီမနက် အစောပိုင်းက ခရီးသည်တင် မှန်လုံကားနဲ့ ဟိုက်ဂျက်ကား တိုက်မိပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က ဖြစ်တာပါ ၊ မန္တလာမင်း ခရီးသည်တင် မှန်လုံ (Express) ကားနဲ့ ဟိုက်ဂျက်ကား တိုက်မိတာဖြစ်တယ် ၊ အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ခရီးသည် ၃ ဦးသေဆုံးပြီ ၁၀ ဦးကျော် ဒဏ်ရာရရှိတယ် ၊ ဟိုက်ဂျက်ကား ရှေ့ခန်းမှာ သေဆုံး လူ တယောက် ညှပ်နေတာကြောင့် အရေးပေါ်ကယ်ဆယ်နေရတယ် ” လို့ ခေမာ…

Read More
VOM News

FREE
VIEW