အမည်မသိလူတစ်စုရဲ့ အဆိပ်ခတ်မှုကြောင့် အလှမွေးထားတဲ့ ရွှေငါး အကောင်ရေ ငါးထောင်ကျော် သေဆုံး

မေ ၂၂ – ၂၀၂၃

SN (VOM)

ရန်ကုန်တိုင်းး၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း အလှမွေးမြူထားတဲ့ ရွှေငါးတွေကို အမည်မသိလူတစ်စုက အဆိပ်ခတ်သွားတာကြောင့် ရွှေငါး အကောင်ရေ ငါးထောင်ကျော် သေဆုံးသွားတယ်လို့ နိဗ္ဗာန်ချမ်းသာမင်္ဂလာနာရေးကူညီမှုအသင်းကနေ သိရပါတယ်။

အဲ့ဒီ့ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်း အဆိပ်ခတ်မှုကို မေ ၂၁ ရက် (မနေ့က) ပြုလုပ်သွားတာ ဖြစ်နိုင်တယ်လို့ ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။

မေ ၂၂ ရက် (ဒီနေ့)မနက်မှာတော့ ငါးတချို့ ရေပေါ် ပေါ်လာတာကြောင့် ရေအောက်ကို ဆင်းငုတ်ပြီး ရှာဖွေကြည့်ရာမှာ ငါးတွေအများကြီး သေဆုံးနေတာကို ထပ်မံ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ငါးတွေက ကုန်သလောက်ဖြစ်သွားပြီ။ သိပ်တောင် မကျန်တော့ဘူး။ ကျန်တဲ့ငါးတွေလည်း စိတ်မချရဘူး။ အဆိပ်က မိနေပြီးလောက်ပြီ။ အဲ့ဒီတော့ ဒီကန်ထဲမှာ ငါးတွေ ကုန်သလောက် ဖြစ်သွားနိုင်တယ်ပေါ့။ ဘယ်သူတွေက ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုလုပ်သွားတာလဲ စဉ်းစားလို့တောင်မရဘူး။ ဒီနေရာကြီးက သူတို့တွေကြောင့် အရမ်းစည်တာ။ ရပ်နီး၊ ရပ်ဝေးကလူတွေ တကူးတကနဲ့ကို ဒီငါးတွေကို လာကြည့်ကြတာ။ ဒီလို ရွှေငါးမွေးကန်ကြီးဖြစ်ဖို့က မလွယ်ဘူးလေ။ တိရစ္ဆာန်လေးတွေကိုတောင် လုပ်ရက်တယ်။ လူတွေ အကြင်နာတရား ခေါင်းပါးကုန်ကြပြီ” လို့ အဲ့ဒီဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်ဟာ နိဗ္ဗာန်ချမ်းသာမင်္ဂလာ နာရေးကူညီမှုအသင်းရဲ့ သဘာဝ ရွှေငါးကြင်းကန်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အခုလို အဆိပ်ခတ်သွားသူတွေကို စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသွားတဲ့ ရွှေငါးတွေကို Light Truck မော်တော်ယာဉ် ၄ စီးနဲ့ သယ်ဆောင်ကာ မြို့နယ်သုဿန်မှာ မြေမြှုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo Crd -Original Uploader
#VOM #voiceofmyanmar #ရန်ကုန် #ရွှေငါးအကောင်ရေငါးထောင်ကျော် #အဆိပ်ခတ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW