စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

စင်ကာပူ၊ မေ-၂၂-၂၀၂၃
မျိုးဆက်(VOM)

စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းဟာ တောင်အာဖရိကနဲ့ ကင်ညာနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း တာ၀န်ရှိသူတွေက မေ ၂၂ ရက်မှာ ပြောပါတယ်။

ဒီနေ့မနက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

မကြာသေးမီက အလုပ်သဘောခရီးစဉ်တွေ သွားရောက်ပြီးနောက်မှာ ကူးစက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ အခြေအနေတည်ငြိမ်ကောင်းမွန်သော်လည်း သီးခြားခွဲနေထိုင်ဖို့ ဆရာ၀န်တွေက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

၀န်ကြီးချုပ် လီရှန်လွန်းဟာ မေ ၁၄ ရက်ကနေ ၁၆ ရက်ထိ တောင်အာဖရိကသို့ လည်းကောင်း၊ ကင်ညာနိုင်ငံသို့ မေ ၁၇ ရက်ကနေ ၁၉ ရက်ထိလည်းကောင်း သွားရောက်ခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ်ကြောင့် သောက်သုံးရမယ့် ပိုးသတ်ဆေးပမာဏကို ဆရာ၀န်တွေက သတ်မှတ်ပေးထားပြီး ၀န်ကြီးချုပ်လီရှန်လွန်းဟာ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးကို ပြီးခဲ့တဲ့ နို၀င်ဘာလက ထိုးနှံခဲ့တယ်လို့ သိရပါတယ်။

Ref: CNA
#VOM #voiceofmyanmar #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW