စက်သုံးဆီ အခက်အခဲကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက ရွှေတူးဖော်ရေး လုပ်ငန်းတွေ ရပ်နားထားရ

မေ ၊ ၂၁ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းတွေဟာ စက်သုံးဆီ အခက်အခဲကြောင့် ရပ်နားထားရတာ ၃ လကျော်နေပြီလို့ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ရွှေတူးဖော်ရေး လုပ်ကွက်တွေဆီ ၊ စက်သုံးဆီတွေ မဝင်တော့ဘူး ၊ လုပ်ငန်းလည်ပတ်ဖို့ ဆီမရှိတာကြောင့် နားထားရတာဖြစ်တယ် ၊ အဲ့ဒီလို ရပ်နားထားရတဲ့ လုပ်ငန်းရှင်ပေါင် ရာနဲ့ချီပြီရှိတယ် ၊ ရွှေတူးဖော်ရေး လုပ်သား ၃ သောင်းကျော်ဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ” လို့ ရွှေသတ္ထု တူးဖော်ရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ် ။ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းမြို့ခံ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင် တယောက်က ” ဆီသယ်လို့မရဘူး ၊ ပြီးခဲ့တဲ့ ၂၀၂၂…

Read More

မြို့ကြီး၏ အရှေ့မြောက်အရပ်မှာ…

ဆူးငှက် မန္တလ ပဗ္ဗတေ ဋ်ဌိတဗုဒ္ဓါနံ အဟံ ဝန္တာမိ သဗ္ဗဒါ။ ဣဒံ ဝစနံသစ္စံဧတနေ သစ္စဝဇ္ဇနေ သာတ္ထိမဟောမိ သဗ္ဗဒါ။ အရှေ့မြောက်ကျုံးထောင့် သုဓမ္မာဇရပ်ထိပ် မန်ကျည်းပင်ကြီးအောက်မှာ ရပ်ရင်း မန္တလေးတောင် ဘုရားရှိခိုးကို ရွတ်ဆိုနေမိ၏။မ-အကျွန်ုပ်အား။ သဗ္ဗဒါ-အခါခပ်သိမ်း။သာတ္ထိ- ချမ်းသာခြင်းသည်။ ဟောမိ-ဖြစ်ရပါလို၏။ တဲ့…။ တကယ်တော့ ဟောသည် မန္တလေးတောင်ရိပ်က မန်ကျည်းပင်အောက်မှာပင် ချမ်းသာခြင်းကို ခံစာနေရချေပြီ။ တစ်ဖက်မှာ ကျုံးရိပ် ရေရိပ် ကြာရိပ်…၊ဟောသည်မှာ သုဓမ္မာဇရပ်တန်း…။ရှေ့တူရူမှာ စန္ဒာမုနိမြတ်စွာဘုရား…။ ဟိုမှာ ကုသိုလ်တော်…၊ရှေ့မှာ စိမ်းရောင်စုံခြယ် မန္တလေးတောင်တော်က အုပ်မိုး…။ မန္တလေးတောင်တော်နှင့် မန်ကျည်းပင်ရိပ်ကြားမှာ ကျောက်တော်ကြီးဘုရားပရိဝုဏ်။ မန္တလေးတောင်၊ စန္ဒာမုနိနှင့်ကျောက်တော်ကြီး ဖိုခုံလောက်ဆိုင် အလယ်မှာက ဆီးဘန်နီဆရာတော် အထိမ်းအမှတ်ဗိမာန်…။ သည်နေရာက မန္တလေး၏ဇာတိချက်မ ဗဟိုနေရာဖြစ်၏။ သည်နေရာက မန္တလေးရနံ့ အထုံမွမ်းဆုံးနေရာလည်းဖြစ်သည်။ သည်နေရာက ဇာတိပုည ဂုဏ်မာနတို့ တက်ကြွဖွယ်ရာ နေရာလည်းဖြစ်ချေသည်။…

Read More

မော်လမြိုင်ဆေးရုံမှာ ဆေးကုသနေတဲ့အမျိုးသား(၁)ဦး ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

မေ ၂၀-၂၀၂၃ MM(VOM) မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသ ခံယူနေတဲ့ အမျိုးသား(၁)ဦး ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးမှု မေလ(၁၉)ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ သေဆုံးသူမှာ တွေ့ရှိရတဲ့ရောဂါလက္ခဏာတွေဟာ ကိုဗစ်-၁၉ရောဂါ(အိုမီခရွန်း မျိုးရိုးဗီဇကွဲဗိုင်းရပ်ပိုး)ဖြစ်တယ်လို့ သိရပါတယ်။ ”သက်ဆိုင်ရာက စစ်ဆေးချက်အရတော့ အိုမီခရွန်းတဲ့ ၊မနေ့က နေ့လယ်ပိုင်းလောက် သေဆုံးသွားတာ ၊ ချောင်းဆုံမြို့နယ်မှာ နေထိုင်သူလို့သိရတယ် ၊ အသက်က ၇၈ နှစ်အရွယ်တဲ့ ၊ သီးသန့်အဆောင်မှာဆေးကုသနေရင်း ဆုံးသွားတာ”လို့ ဒေသခံလူ မှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အမျိုးသားဟာ အသက် အရွယ်ကြီးသူဖြစ်တဲ့အပြင် ရောဂါအခံရှိတာကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ရက်ပိုင်းအကြာမှာ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ”ရောဂါအခံရှိသူတွေ ၊ အသက်ကြီးတဲ့သူတွေ အနေနဲ့ ရောဂါကို ခုခံဖို့ ကိုယ်ခံအား…

Read More

မုန်တိုင်းပြန်လည်ထူထောင်ရေး မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေ အာဆီယံပေးပို့မယ်

ဂျကာတာ၊ မေ-၂၀-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် အာဆီယံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို မေ ၂၁ ရက်မှာ ပေးပို့မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မုန်တိုင်းသင့်သူတွေအတွက်ပေးပို့မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပြင်ဆင်ထားပြီးဖြစ်ကာ မလေးရှားနဲ့ ထိုင်းမှာရှိတဲ့ အာဆီယံရဲ့သဘာဝဘေးဆိုင်ရာ ထောက်ပံ့ကူညီရေးအစီအစဉ်အောက်က ဂိုဒေါင်တွေမှာရှိတယ်လို့ ထုတ်ပြန်ချက်မှာပါ၀င်ပါတယ်။ ဒါဟာ ကူညီထောက်ပံ့မှု ပထမဆုံးအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အကူအညီတွေကိုတော့ မေ ၂၂ နဲ့ ၂၃ ရက်တို့မှာ ပေးပို့သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံရဲ့ သဘာဝဘေးနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ တာ၀န်ရှိသူတွေ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေဟာ မုန်တိုင်းပြန်လည်ထူထောင်ရေးအားထုတ်မှုတွေကို ကူညီဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးမီကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် လူ ၄၀၀…

Read More

မြောက်ဒဂုံမှာ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

မေ ၂၀ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှာ မနေ့ မေ ၁၉ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ကနေ သိရပါတယ်။ မေလ ၁၉ ရက် ညနေပိုင်း မိုးသည်းထန်စွာရွာသွန်းချိန် မြောက်ဒဂုံမြို့နယ်အတွင်းက ၃၀ ရပ်ကွက်စျေးရှေ့ သစ်ပင်အောက်မှာ စျေးရောင်းနေတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူက ဈေးရောင်းနေရင်းနဲ့ ဖုန်းလေးကိုင်ထားတယ်လို့တော့ သိရပါတယ်။ အဲ့ဒီလို ဖုန်းကိုင်ထားတဲ့အချိန်မှာ လျှပ်စီးရော၊ မိုးကြိုးရော တခါတည်းဝင်ပြီး ပစ်လဲသွားတယ်။ သူဖြစ်တဲ့နေရာ ဘေးမှာ သစ်ပင်တစ်ပင်လည်းရှိတယ်။ အဲ့ဒီ့သစ်ပင်ပါ ကျိုးကျသွားတယ်။ သစ်ပင်ကတော့ မိုးကြိုးထိတာတော့မဟုတ်လောက်ဘူး။ မိုးရွာတဲ့အချိန် လေပါ ပါတာဆိုတော့ လေကြောင့် သစ်ပင် ကျိုးသွားတာဖြစ်နိုင်တယ်” လို့…

Read More

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေထောက်ပံ့ဖို့ အမေရိကန်ခွင့်ပြု

၀ါရှင်တန်၊ မေ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ပစ္စည်း အဓိကအားဖြည့်မှုအဖြစ် အမေရိကန်လုပ် F-16 တိုက်လေယာဉ် ထောက်ပံ့ပေးဖို့ အမေရိကန်က ခွင့်ပြုလိုက်ပါတယ်။ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့တိုက်လေယာဉ်တွေအပြင် မဟာမိတ်တွေ၀ယ်ယူထားတဲ့ F-16 တိုက်လေယာဉ်တွေကိုလည်း ယူကရိန်းအတွက် ထောက်ပံ့ပေးပို့ဖို့ အခွင့်အလမ်းရရှိသွားပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သောကြာနေ့က ဂျပန်မှာကျင်းပတဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကို အသိပေးခဲ့တာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ထောက်ပံ့ပေးမယ့်အပြင် ယူကရိန်းလေယာဉ်မှူးတွေကိုလည်း လေ့ကျင့်သင်ကြားပေးသွားမယ်လို့ အမေရိကန်က ပြောပါတယ်။ လာမယ့်လတွေအတွင်း လေ့ကျင့်မှုတွေပြီးသွားရင် လေယာဉ်ပို့ဆောင်မယ့်အချိန်၊ အရေအတွက်နဲ့ ဘယ်နိုင်ငံတွေက ထောက်ပံ့မယ်ဆိုတာကို မဟာမိတ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ခေတ်မီတိုက်လေယာဉ် အထောက်အပံ့ရရှိရေး ကာလရှည်ကြာကတည်းက တောင်းဆိုနေတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒီဆုံးဖြတ်ချက်ဟာ သမိုင်း၀င်အဖြစ် ချီးကျုးပြောဆိုထားပါတယ်။ Ref:…

Read More

စစ်ကိုင်းတိုင်းထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာပေါင်း ၃၀၀ ကျော်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးဖို့ လိုအပ်နေ

မေ ၊ ၂၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေဟာ အခုချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးတာကြောင့် လာမယ့် မိုးရာသီမှာ မီးဘေးသင့် ပြည်သူတွေအဖို့ တည်းခိုနေထိုင်ရေးအတွက် အခက်တွေ့နိုင်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၂ ၊ ဇန်နဝါရီလကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ နှစ်တာကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၂၂ မြို့နယ် ၊ ကျေးရွာပေါင်း တစ်ရာကျော်မှာရှိတဲ့ လူနေအိမ် ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ် “လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင် ၊ မီးဘေးသင့်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုတွေကို ဒေသခံပရဟိတသမားတွေက သူတို့လက်လှမ်းမှီသလောက် စာရင်းပြုစုထားတာနဲ့…

Read More

ဆီးရီးယားသမ္မတအာဆက် အာရပ်အဖွဲ့ချုပ်အစည်းအဝေး ပထမဆုံးအကြိမ် တက်ရောက်မယ်

ရီယတ်၊ မေ-၁၉-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်ဟာ အာရပ်အဖွဲ့ချုပ်အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဖို့ ဆော်ဒီအာရေဗျကို မေ ၁၈ ရက်မှာ ရောက်ရှိနေပါတယ်။ ဆီးရီးယားအစိုးရဟာ ဒီမိုကရေစီလိုလာသောဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူသန်းတ၀က်သေဆုံးခဲ့တဲ့ ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် အာရပ်အဖွဲ့ချုပ်ရဲ့ ထုတ်ပယ်မှုကို ခံခဲ့ရပြီး သမ္မတအာဆက်ကိုလည်း ကမ္ဘာ့ခေါင်းဆောင်တွေက ရှောင်ဖယ်ခဲ့ကြပါတယ်။ အာရပ်အဖွဲ့ချုပ်က ဆီးရီးယားကို အဖွဲ့၀င်အဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီးနောက် ၁၂ နှစ်အကြာ ယခုလအတွင်းမှာ အဖွဲ့၀င်နိုင်ငံအဖြစ် အာရပ်အဖွဲ့ချုပ်က ပြန်လည်လက်ခံခဲ့ပါတယ်။ ဆီးရီးယားအစိုးရနဲ့ မသင့်မြတ်တဲ့နိုင်ငံကြီးတွေကလည်း တူရကီနဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် ဆီးရီးယားအစိုးရထိန်းချုပ်ရာဒေသတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အရှိန်မြှင့်ပေးပို့ခဲ့ပါတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ်ကြောင့် လူဦးရေ ၂၂ သန်းအနက် ထက်၀က်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး သူတို့ထဲက လူပေါင်း ၆ ဒသမ ၈သန်းကတော့ ပြည်တွင်းမှာ နေရပ်စွန့်ခွာနေရပြီး အခြား ခြောက်သန်းကတော့ ပြည်ပကို…

Read More

စစ်ကိုင်းမြို့နယ်မှာ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွား

မေ ၊ ၁၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်ထဲမှာ မနေ့ မေ၁၈ရက် ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းမှာ လူသတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ကိုင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပထမ လူသတ်မှုဖြစ်စဥ်က စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်စဥ်ကျေးရွာမှာ ဖြစ်တယ်၊ သေဆုံးသူတွေကတော့ ဗူးခွံ၊ ပုလင်းခွံ ဝယ်ရောင်းလုပ်ကိုင်သူ ဒေါ်သက်သက်မာ (၄၅) နှစ်နဲ့ သူ့ရဲ့မောင်ဖြစ်သူ ကိုကျော်ဇောဝင်း (၄၃)နှစ်တို့ဖြစ်တယ် ၊ နေအိမ်ထဲမှာ အိပ်ပျော်နေတုန်း ည ၁၀ နာရီဝန်းကျင်လောက်မှာ လူ ၅ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာလို့ ကနဦး သိရတယ် ၊ ညောင်ပင်စဥ်ရွာ လူသတ်မှုဖြစ်ပြီးနောက် အချိန် ၃…

Read More

မန္တလေးမြို့ အောင်ပင်လယ်ရပ်မှာ လက်လုပ်မိုင်းပေါက်ကွဲပြီး (၁)ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ

မေ ၁၉-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသေဆုံး၊ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မေ ၁၉ရက် မနက် ၇နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးရဲ့နေအိမ်မှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ၊ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “လက်လုပ်မိုင်းပေါက်တာက ရာအိမ်မှူး ဦးသန်းနိုင်ရဲ့အိမ်၊ ဆိုင်ကယ်နဲ့ လူနှစ်ဦးက လက်လုပ်မိုင်းနဲ့ လာပစ်ချိန် အိမ်ရှေ့ထိုင်နေတဲ့ ရာအိမ်မှူး အမေနဲ့ သူ့မိသားစုတချို့ ထိုင်နေတာလို့ သိရတယ်၊ ပေါက်ကွဲမှုဖြစ်တော့ သူတို့တွေထိတယ်၊ ရာအိမ်မှူးအမေ အသက် ၆၇ နှစ်အရွယ် ဆေးရုံမှာ သေဆုံးတယ်၊ ကျန် ၂ဦးကတော့ ထိခိုက်ဒဏ်ရာနဲ့ ဆေးကုနေတယ်”လို့ ရဲနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အသက် ၆၇နှစ်အရွယ် အမျိုးသမီးက…

Read More
VOM News

FREE
VIEW