ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေထောက်ပံ့ဖို့ အမေရိကန်ခွင့်ပြု

၀ါရှင်တန်၊ မေ-၂၀-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ပစ္စည်း အဓိကအားဖြည့်မှုအဖြစ် အမေရိကန်လုပ် F-16 တိုက်လေယာဉ် ထောက်ပံ့ပေးဖို့ အမေရိကန်က ခွင့်ပြုလိုက်ပါတယ်။

အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့တိုက်လေယာဉ်တွေအပြင် မဟာမိတ်တွေ၀ယ်ယူထားတဲ့ F-16 တိုက်လေယာဉ်တွေကိုလည်း ယူကရိန်းအတွက် ထောက်ပံ့ပေးပို့ဖို့ အခွင့်အလမ်းရရှိသွားပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သောကြာနေ့က ဂျပန်မှာကျင်းပတဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကို အသိပေးခဲ့တာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ထောက်ပံ့ပေးမယ့်အပြင် ယူကရိန်းလေယာဉ်မှူးတွေကိုလည်း လေ့ကျင့်သင်ကြားပေးသွားမယ်လို့ အမေရိကန်က ပြောပါတယ်။

လာမယ့်လတွေအတွင်း လေ့ကျင့်မှုတွေပြီးသွားရင် လေယာဉ်ပို့ဆောင်မယ့်အချိန်၊ အရေအတွက်နဲ့ ဘယ်နိုင်ငံတွေက ထောက်ပံ့မယ်ဆိုတာကို မဟာမိတ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ခေတ်မီတိုက်လေယာဉ် အထောက်အပံ့ရရှိရေး ကာလရှည်ကြာကတည်းက တောင်းဆိုနေတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒီဆုံးဖြတ်ချက်ဟာ သမိုင်း၀င်အဖြစ် ချီးကျုးပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW