ဂက်စ်မရလို့ အခက်ပွေနေရပြန်တဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝ

SN (VOM) အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့အခါမှာ YBS ယာဉ်လိုင်းကလည်း မရှိမဖြစ် အခန်းကဏ္ဍက ပါဝင်လို့ နေပါတယ်။ လိုရာခရီးရောက်နိုင်ဖို့၊ လုပ်ငန်းခွင်ကို အချိန်မီ ဝင်ရောက်နိုင်ဖို့၊ အိမ်ပြန်ခရီး အဆင်ပြေချောမွေ့စေဖို့အတွက် အခြေခံလူတန်းစားတွေဟာ သက်ဆိုင်ရာ YBS ယာဉ်တွေကို ရွေးချယ်ပြီး နေ့စဉ် စီးနင်း သွားလာနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ YBS ယာဉ်အများစုဟာ သက်ဆိုင်ရာ ယာဉ်လမ်းကြောတွေမှာ ပြေးဆွဲမောင်းနှင်ဖို့ထက် ဂက်စ်ဆိုင်တွေမှာပဲ အချိန်တွေ ကုန်ဆုံးနေရတာကြောင့် ခရီးသွားပြည်သူတွေဟာလည်း လိုရာခရီးကို အချိန်မီ ရောက်ရှိနိုင်ဖို့ ကားမှတ်တိုင်အသီးသီးမှာ မျှော်တလင့်လင့် စောင့်စားနေကြရင်း အချိန်ကုန်တွေ အလဟဿ ကုန်ဆုံးနေကြရပါတယ်။ အဲ့ဒီ့လို အခုရက်ပိုင်းထဲ YBS ကားတွေ အထွက်နည်းနေတာကြောင့် ခရီးသည်ဦးရေနဲ့ ကားအစီးရေ မမျှတတဲ့အတွက် ကားတွေကျပ်လာတယ်လို့ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

Read More

မန်း ဆေးတက္ကသိုလ်က ပါမောက္ခတဦး နေအိမ်ထဲရှိနေချိန် ရဲဒင်းနဲ့ခုတ်ခံရပြီး ပစ္စည်းလုယက်ခံရ

ဇူလိုင် ၁၅-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်တော်မူဘုရားအနီး နေထိုင်တဲ့ မန္တလေးဆေးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာအမျိုးသမီးဟာ နေအိမ်ထဲရှိနေချိန် ရဲဒင်းနဲ့ခုတ်ခံရပြီး လုယက်ခံရမှုဖြစ်စဉ် ဒီကနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရဲနဲ့နီးစပ်သူကို ဆက်သွယ်ကြည့်ရာမှာတော့ ” ဆရာမကြီးက ဈေးသွားဖို့အတွက် နေအိမ်ခြံတံခါးကို သော့ဖွင့်ပြီး မီးဖိုခန်းထဲက ဈေးခြင်းတောင်းကို ဝင်ယူနေချိန် အမည်မသိ သူတစ်ဦးက အိမ်ထဲ ဝင်လာပြီး ကော်သေနတ်အတုနဲ့ ဆရာမကြီးကို ချိန်တယ်၊ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းတယ်၊ အဲ့ဒီအချိန် ဆရာမကြီးက ပြန်ခုခံတာကို အဲ့ဒီလူငယ်က အရိုးအသွား ၁၂ လက်မခန့်ရှိတဲ့ ရဲဒင်းနဲ့ ဆရာမကြီး ဦးခေါင်းကို ခုတ်ခဲ့တယ်၊ ဦးခေါင်း ဝဲဘက်ချိုးစောင်း ပြတ်ချဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)ရရှိခဲ့တယ်၊ တရားခံဖမ်းမိဖို့ သက်ဆိုင်ရာက လုပ်နေပါတယ်”လို့ ပြောပါတယ်။ အခင်းဖြစ်ပွားအပြီးမှာ အမည်မသိသူက အိမ်အနောက်ဘက်ခြံစည်းရိုးကနေ…

Read More

အာရှဒေသတ၀န်းမှာ ရေဘေးကြောင့် တလအတွင်း လူ (၁၀၀)ကျော်သေဆုံး

ဆိုးလ်၊ ဇူလိုင်-၁၅-၂၀၂၃ မျိုးဆက်(VOM) အာရှဒေသတ၀န်းမှာ ဆိုးရွားတဲ့ မုတ်သုံရာသီဥတုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ယခုလအတွင်း သေဆုံးသူ ၁၀၀ ကျော်ထိရှိလာကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အိန္ဒိယ၊ တရုတ်၊ ဂျပန်အပါအ၀င် အာရှနိုင်ငံအများအပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနဲ့မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ ဇူလိုင် ၁၄ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့မှာ မုန်တိုင်း၀င်ရောက်တိုက်ခတ်မှုကြောင့် တာ၀န်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ထားပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း အပူပိုင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံ ကျူရှူးကျွန်းမှာ ယခုသီတင်းပတ်အစောပိုင်းက စံချိန်တင်ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံနိုင်ငံရေးသမားတဦးအပါအ၀င် လူရှစ်ဦးထက်မနည်းသေဆုံးသွားပြီး တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှာလည်း လူသေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတ၀န်းမှာ ရေလွှမ်းမိုးမှုအန္တရာယ်မြင့်တက်စေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပြီး နိုင်ငံအများအပြားဟာ ပြင်းထန်တဲ့ရာသီဥတုဆိုင်ရာ အန္တရာယ်တွေလျော့ပါးစေဖို့ ရုန်းကန်နေကြရပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM…

Read More

တတိယမြောက် လကမ္ဘာလေ့လာရေးမစ်ရှင် အိန္ဒိယနိုင်ငံစေလွှတ်

ဒေလီ၊ ဇူလိုင်-၁၅-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယအာကာသအေဂျင်စီဟာ လကမ္ဘာမစ်ရှင်မအောင်မြင်ခဲ့ပြီးနောက် လေးနှစ်အကြာမှာ လကမ္ဘာစူးစမ်းလေ့လာရေးအတွက် ချန်ဒရေယန်-၃ လကမ္ဘာမစ်ရှင်ကို ဇူလိုင် ၁၄ ရကမှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ ချန်ဒရေယန်-၃ လကမ္ဘာမစ်ရှင်ကို နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရ်ှပြည်နယ်ရှိ လွှတ်တင်ရေးစခန်းကနေ ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအာကာသ အေဂျင်စီက ထုတ်ပြန်ပါတယ်။ လူလိုက်ပါခြင်းမရှိတဲ့ အဲဒီမစ်ရှင်ဟာ လကမ္ဘာပေါ်သို့မဆင်းသက်မီ ကမ္ဘာကိုလှည့်ပတ်မှာဖြစ်ပြီး သြဂုတ် ၂၃ ရက်၀န်းကျင်မှာတော့ လမျက်နှာပြင်ပေါ်ကို ဆင်းသက်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့့မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ယခင်ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်နဲ့ တရုတ်တို့ပြီးရင် လကမ္ဘာပေါ်ကိုဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာမှာပါ။ ၂၀၁၉ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ ချန်ဒရေယန်-၂ လကမ္ဘာမစ်ရှငဟာ လကမ္ဘာရဲ့ ပတ်လမ်းအတွင်း ၀င်ရောက်နိုင်ခဲ့ပေမယ့် နည်းပညာဆိုင်ရာချို့ယွင်းမှုကြောင့် လမျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့ပါတယ်။…

Read More

အမေရိကန်ပြည်သူ (၁၁၃)သန်းကို ပြင်းထန်တဲ့အပူလှိုင်း သတိပေးချက် ထုတ်ပြန်ထား

၀ါရှင်တန်၊ ဇူလိုင်-၁၅-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံမှာ ယခုသီတင်းပတ်ကုန်ပိုင်းအတွင်း ပြင်းထန်တဲ့အပူလှိုင်း ပိုမိုဆိုးရွားလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး နိုင်ငံအနောက်တောင်ပိုင်းတလျှောက်မှာ အပူချိန် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၁၄ ရက်နှောင်းပိုင်းမှာ ဖလော်ရီဒါကနေ တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ်ထိ အပူချိန်သတိပေးချက်ထုတ်ပြန်ထားပြီး အမေရိကန်ပြည်သူ ၁၁၃ သန်း အပေါ် သက်ရောက်မှာဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်မှာ အပူဒဏ်လျော့ပါးစေဖို့ လေအေးပေးစက်တွေ အသုံးပြုမှုများပြားတာကြောင့် လျှပ်စစ်ဓါတ်အား သုံးစွဲမှုဟာ ပြည်နယ်ရဲ့ယခင်စံချိန်ကို ချိုးဖျက်ခဲ့ပြီး ဒေသခံ ၂၇ သန်းဟာ လာမယ့်ရက်တွေအတွင်း အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါတယ်။ ရာသီဥတုဖောက်ပြန်မှုနဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်တွေကြောင့် ကမ္ဘာ့အပူချိန်မြင့်တက်စေပြီး၊ ကာဗွန်ထုတ်လုပ်မှုကို ထိရောက်စွာလျှော့ချနိုင်ခြင်းမရှိပါက အပူချိန်တွေ ဆက်လက်မြင့်တက်နေမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။ အမေရိကန်မှာ အပူနဲ့ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၇၀၀ သေဆုံးနေကြောင်း ရောဂါထိန်းချုပ်ရေးနဲ့…

Read More

မိုင်းဖုန်းဆရာတော် ထိုင်းနိုင်ငံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရ

ဇူလိုင် ၁၅ – ၂၀၂၃ GG (VOM) မိုင်းဖုန်းဆရာတော်ဟာ မနေ့ ဇူလိုင် ၁၄ ရက် ညပိုင်းက ထိုင်းနိုင်ငံ ၊ချင်းရိုင်းမြို့က ဆေးရုံကို အရေးပေါ်‌ဆေးကုသဖို့ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။ ” ညကအရေးပေါ်ပို့လိုက်ရတယ်လို့ပဲသိရသေးတယ်။အခြေအနေအသေးစိတ်မသိရသေးဘူး။ ဆရာတော်က တာချီလိတ်မှာ ဆိုတော့လေ၊ ကျနော်တို့က ဒီဘက် တောဘက်ရောက်နေတာ ” လို့ ဆရာတော်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ မိုင်းဖုန်းဆရာတော်ဟာ အထူးဒေသ(၄)မိုင်းလား က မိုင်းခန်ဖဝတ်ဂူမှာ အဓိဌာန်မဝင်မီ အခုလ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက မှိုဆွမ်းဟင်းဘုဉ်းပေးမိခဲ့ရာကနေ မူးဝေပျို့အန်တဲ့ ဝေဒနာခံစားခဲ့ရတာကြောင့် ဇူလိုင် ၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ကBangkok Hospital မှာ ဆေးဝါးကုသမှု ခံယူခဲ့ရသေးတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ မိုင်းဖုန်းဆရာတော်ဟာ ရောဂါသက်သာတာကြော င့် ထိုင်းနိုင်ငံကနေ တာချီလိတ်မြို့၊မိုင်းဖုန်း(က)ကျေးရွာအုပ်စုက…

Read More

လားရှိုးဈေးက ဇွဲထက်ရွှေဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၁၅၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မဈေးကြီးက ဇွဲထက်ရွှေဆိုင်မှာ ဒီမနက် ၇ နာရီကျော်ခန့်က မိုင်း ၁ လုံးပေါက်ကွဲပြီး ရွှေဆိုင်ဝန်ထမ်း အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဈေးခင်းနေသူတွေဆီက သိရပါတယ်။ “ထိသွားတာ အများကြီးပဲ။ အတိအကျ မသိရသေးဘူး။ သူတို့လည်း မသိဘူး။ ကျမညီမလည်း အဲ့ဒီဆိုင်မှာ လုပ်လို့ သူ့ကို သွားကြည့်တာ၊ ၁၀ ယောက်ကျော်လောက် အရေးပေါ်ကားနဲ့ တင်သွားတာ တွေ့တယ်၊မိုင်း တလုံး ပေါက်ကွဲ ပြီး ၁ လုံးက မပေါက်ကွဲ တာတွေ့တယ်၊ အဲ့ဒီဆိုင်က လူမုန်းများတယ်။ သူတို့ကို မကြည်တဲ့သူတွေ လုပ်တာနေမှာ။ ပိုင်ရှင်ကို လုပ်ချင်တာ အခုက အလကားနေရင်း မဆိုင်တဲ့ ဝန်ထန်းတွေ ထိသွားတယ်”လို့ လားရှိုးဈေးမှ ဈေးသည် ၁ ယောက်က ပြောပါတယ်။…

Read More

လိုင်ဇာအနီး လဂျားယန်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့

ဇူလိုင် ၁၄၊ ၂၀၂၃ Shy V(VOM) ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက လဂျားယန်တံတားမှာ ဒီနေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လဂျားယန် တံတားမှာ ချနေကြပြီ။ တံတားမှာကို ဟုတ်တယ်၊ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့်ကလည်း စစ်ကား ၁၀ စီးခန့် ဝိုင်းမော်မြို့ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည်မောင်းနှင်သွားတယ်၊ “လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီ ဝန်းကျင်ခန့်ကစတင်ကာ လိုင်ဇာအနီးနဲ့ မဒီးယန်အနီးမှာလည်း တိုက်ပွဲ ပြင်းထန်ခဲ့သလို ဂါးရာယန်ဘက်မှာလည်း မနက် ၆ နာရီခွဲခန့်က တပ်နဲ့ ကေအိုင်အေတို့ ဂျာပူရွာနဲ့ မလိယန်ရွာကြားမှာ…

Read More

ပုဂံတဖက်ခြမ်းက ရွာအချို့ နေအိမ်မီးရှို့ခံရတာကြောင့် စစ်ဘေးရှောင်သူအများအပြားရှိနေ

ဇူလိုင် ၁၄ – ၂၀၂၃ GG (VOM) ပုဂံ ဒေသ တစ်ဖက်ကမ်း ၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ဘုရား အနီးတစ်ဝိုက်က ကျေးရွာတွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနားရွာအချို့က ဒေသခံအချို့ ထိခိုက်ဒဏ်ရာရတာ ၊သေဆုံးတာတွေအထိရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ဖလံရွာအထိ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ အိမ်ခြေ ၃၀ လောက် မီးလောင်တဲ့အထဲပါပြီးပျက်စီးသွားတယ်လို့သိရတယ်။ တိုက်ပွဲက ကြာသပတေးနေ့ကဖြစ်နေတာ။ တိုက်ပွဲဖြစ်နေတော့ အဆက်အသွယ်တွေက ပြတ်နေတယ်။သူတို့မှာဖုန်းကိုင်ချိန်လည်းမရဘူး။ပြေးနေလွှားနေရတာ “လို့ ဖလံအို ရွာသားတစ်ဦးကပြောပါတယ်။ မနေ့က ဇူလိုင် ၁၃ ရက်နေ့ကတည်းက တန့်ကြည်တောင်ဘုရား တဝိုက်က ဆိက္ခဝကျေးရွာအုပ်စု၊ တောင်ယာရွာ ၊ရေနံချပ်၊ ကျွန်းချောင်း ၊ မြစ်ချေ ၊ ဖလံအို ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ကြောင်း ၊ နေအိမ်တွေလည်း မီးလောင်ပျက်စီးဆုံးရှုံးတာတွေရှိနေသလို ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ”…

Read More
VOM News

FREE
VIEW