ရုရှားကာကွယ်ရေး၀န်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား ရောက်ရှိနေ

ပြုံးယမ်း ၊ ဇူလိုင်-၂၆-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားကို ရုရှားကာကွယ်ရေး၀န်ကြီး ဆာဂီရှိုဂူဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ မြောက်ကိုရီးယားကို ရောက်ရှိနေပါတယ်။

ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုမူဝါဒချမှတ်ရေးကော်မတီမှာပါ၀င်တဲ့ လီဟောင်ကျောင်ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာလည်း ဒီနေ့မှာ မြောက်ကိုရီးယားကို ရောက်ရှိမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယားစစ်ပွဲပြီးဆုံးခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ကြမှာဖြစ်ပြီး မြောက်ကိုရီးယားဟာ ဒီလိုအခမ်းအနားမျိုးကို စစ်ရေးပြပွဲတွေ အကြီးအကျယ် ပြုလုပ်လေ့ရှိပါတယ်။

ကပ်ရောဂါဖြစ်ပွားချိန်က နယ်စပ်တွေကို ပိတ်ဆို့ပြီးနောက် တရုတ်နဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားကို ပထမဆုံးလာရောက်ကြတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါစိုးရိမ်မှုတွေကြောင့် မြောက်ကိုရီးယားဟာ နိုင်ငံရေးနဲ့စီးပွားရေး အဓိကမဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ ရုရှားတို့နဲ့ပါ ၂၀၂၀ ခုနှစ်ကစပြီး ဆက်ဆံသွားလာမှု ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ မြောက်ကိုရီးယားရဲ့ ကာလရှည်ကြာ မဟာမိတ်တွေဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW