ပါကစ္စတန်မှာ လူစုဝေးပွဲအတွင်း ပေါက်ကွဲမှုကြောင့် လူအယောက် (၄၀) ကျော်သေဆုံး၊ (၁၀၀) ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ ဇူလိုင်-၃၁-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ္မစ်ပါတီတခုက စီစဉ်ပြုလုပ်တဲ့ လူစုဝေးပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၄၄ ယောက် သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။

ဂျေယူအိုင်-အက်ဖ် ပါတီရဲ့ ပါတီ၀င်နဲ့ထောက်ခံသူ ရာပေါင်းများစွာတက်ရောက်ခဲ့တဲ့ အလုပ်သမားများညီလာခံ ကျင်းပခဲ့ရာ ဘက်ဂျားခရိုင်မှာဖြစ်ပွားခဲ့တဲ့ အဲဒီပါပေါက်ကွဲမှုကြောင့် အခြားလူ ၁၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှုဖြစ်နိုင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိ ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီးနောက်ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးထားပါတယ်။

ဒဏ်ရာရသူတွေထဲက လူ ၁၅ ယောက် အသက်အန္တရာယ်စိုးရိမ်ရပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးပြောဆိုထားပါတယ်။

ပေါက်ကွဲမှုအတွင်း ဂျေယူအိုင်-အက်ဖ်ပါတီရဲ့ ဒေသခေါင်းဆောင် သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

လက်ရှိမှာ တိုက်ခိုက်မှုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာမသိရသေးပါဘူး ။ဘယ်အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခြင်းမရှိသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပါကစ္စတန်တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW